Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သစ်သီးဝလံများ တင်ပို့မှု တုံ့ဆိုင်းနေရခြင်း အပေါ် တောင်သူများ အဆင်ပြေစေရေး ဆွေးနွေး

Unicode

 

သစ်သီးဝလံများ တင်ပို့မှု တုံ့ဆိုင်းနေရခြင်း အပေါ် တောင်သူများ အဆင်ပြေစေရေး ဆွေးနွေး

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိတဲ့ ကိုရိုနာဗိုင်းရပ် ရိုက်ခတ် မှုကြောင့် တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်ပို့နေသော ဖရဲ၊ သခွားမွှေး သစ်သီး ဝလံများ တရုတ်နိုင်ငံသို့ ပုံမှန်တင်ပို့မှု တုံ့ဆိုင်းနေတဲ့အပေါ် ဖရဲ၊ သခွားစိုက် တောင်သူများ လတ်တလော ကြုံတွေ့ နေရတဲ့ အခက်အခဲများ အဆင်ပြေစေရေးနှင့် နစ်နာဆုံးရှုံးမှု နည်းပါးစေရေး အတွက် အရေးပေါ် ဆောင်ရွက်ရမယ့် အစီအစဉ်များကို  မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန (ရန်ကုန်မြို့) တွင် ဆွေးနွေးခဲ့ကြပါတယ်။

 

အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာန နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

 

ညှိနှိုင်း အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက တရုတ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး ဈေး ကွက် တုံ့ဆိုင်းမှုကြောင့် ဖရဲ/သခွားမွှေး ထုတ်ကုန်များအပေါ် ပြည်တွင်းဈေးကွက် အမြန်ဆုံး ရရှိရေးနှင့် ပြည်ပ ဈေးကွက် တိုးမြှင့်တင်ပို့နိုင်ရေး တို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူးက သွေး ချင်းတို့ရဲ့ ပွဲတော်ကာလအတွင်း ဆိုင်ခန်းဖွင့်လှစ် ရောင်းချရေး၊ မြေပဒေသာကျွန်းတွင် ဖရဲ/သခွား ပွဲတော် ကျင်းပရေး၊ တညှင်းကုန်း လက်ကားဈေးတွင် သယ်ယူရောင်းဝယ်ရန် နေရာ စီစဉ်ဆောင်ရွက် ပေးရေး၊ ရွှေပိတောက် ငါးဈေး (လှိုင်မြို့နယ်)တွင် သယ်ယူပို့ဆောင် ရောင်းဝယ်ရန်နေရာ စီစဉ်ပေးရေး၊ ရတနာသီရိ ကုန် စိမ်းဈေး (ထောက်ကြန့်) အပေါ်ထပ်တွင် ရောင်းချရန်နေရာ စီစဉ်ပေးရေး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ ဈေးများအတွင်း ရရှိနိုင်မယ့် နေရာများတွင် ဆိုင်ခန်းများ ဖွင့်လှစ်နိုင်ရန် ဆောင် ရွက် ပေးရေး၊ Door to Door Service စနစ်ဖြင့် ရန်ကုန်မြို့တွင်း လှည့်လည်ရောင်းချရန် စီစဉ် ဆောင်ရွက် ပေးရေး တို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

ထို့နောက် မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌက ဘုရင့်နောင် ကုန်စည်ဒိုင်၊ အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း သယ်ယူရောင်းဝယ်ရန် နေရာ စီစဉ် ဆောင်ရွက်ပေးခြင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့၏ အုပ်စု(၁၁) သိုလှောင်ရုံနှင့် ကြက်ဘဲဈေးအနီး မြန်မာ့ဂုဏ်ရောင် လမ်းမပေါ်ရှိ ကုန်သွယ်ရေး ဦးစီးဌာနပိုင် ၁ ဧက ခန့်ဝင်းအတွင်း ယာယီဆိုင်ခန်း ဖွင့်လှစ်ရောင်းချရန် စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရန် စီစဉ် ပေးမည် ဖြစ်ကြောင်း၊ ရေရှည်ဆောင်ရွက်မည့် အစီအစဉ်များအနေဖြင့် ပြည်ပတင်ပို့ရန် အရည်အသွေးမီ ဖရဲ၊ သခွား ပို့ကုန်များ ထုတ်လုပ်တင်ပို့မည့် လုပ်ငန်းရှင်များက ကုန်စည်သတင်းအချက်အလက်များကို မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့သို့ ပေးပို့ပြီး စီးပွားရေးသံမှူးများမှ တစ်ဆင့် ပြည်ပဈေးကွက် ချိတ်ဆက်ပေးခြင်း၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်၍ ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရန် လိုအပ်တဲ့ ပံ့ပိုးမှုများ ဆောင်ရွက်ပေးခြင်း၊ သီးနှံများ ထိန်းသိမ်း သိုလှောင်ရာတွင် မဖြစ်မနေလိုအပ်သည့် Cold Chain ပါဝင်သည့် Logistic Hub များ ပေါ်ထွန်းရေး ပံ့ပိုးမှုများ ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။

 

#MFID

 

 

သစ္သီးဝလံမ်ား တင္ပုိ႕မႈ တုံ႔ဆုိင္းေနရျခင္း အေပၚ ေတာင္သူမ်ား အဆင္ေျပေစေရး ေဆြးေႏြး

 

တ႐ုတ္ျပည္သူ႔ သမၼတႏုိင္ငံ ဟူေပျပည္နယ္ ဝူဟန္ၿမိဳ႕တြင္ ျဖစ္ပြားလ်က္ရိွတဲ့ ကုိ႐ုိနာဗုိင္းရပ္ ႐ိုက္ခတ္ မႈေၾကာင့္ တ႐ုတ္ႏုိင္ငံသုိ႔ နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းမ်ားမွ တင္ပုိ႔ေနေသာ ဖရဲ၊ သခြားေမႊး သစ္သီး ဝလံမ်ား တ႐ုတ္ႏုိင္ငံသုိ႔ ပံုမွန္တင္ပုိ႔မႈ တံု႔ဆုိင္းေနတဲ့အေပၚ ဖရဲ၊ သခြားစုိက္ ေတာင္သူမ်ား လတ္တေလာ ႀကံဳေတြ႕ ေနရတဲ့ အခက္အခဲမ်ား အဆင္ေျပေစေရးႏွင့္ နစ္နာဆံုး႐ံႈးမႈ နည္းပါးေစေရး အတြက္ အေရးေပၚ ေဆာင္ရြက္ရမယ့္ အစီအစဥ္မ်ားကုိ  ျမန္မာအျပည္ျပည္ဆုိင္ရာ ကုန္သြယ္မႈ ဗဟုိဌာန (ရန္ကုန္ၿမိဳ႕) တြင္ ေဆြးေႏြးခဲ့ၾကပါတယ္။

 

အစည္းအေဝးသုိ႔ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္စုိး၊ ရန္ကုန္ ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ အတြင္းေရးမွဴး ေဒၚလႈိင္ေမာ္ဦး၊ ကုန္သြယ္ေရး ဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္းမင္း၊ ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရး အဖဲြဲ႕၊ စားသံုးသူေရးရာ ဦးစီးဌာန ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကပါတယ္။

 

ညိႇႏႈိင္း အစည္းအေဝးတြင္ အၿမဲတမ္းအတြင္းဝန္ ဦးေအာင္စုိးက တ႐ုတ္ႏုိင္ငံ၏ နယ္စပ္ကုန္သြယ္ေရး ေစ်း ကြက္ တုံ႔ဆုိင္းမႈေၾကာင့္ ဖရဲ/သခြားေမႊး ထုတ္ကုန္မ်ားအေပၚ ျပည္တြင္းေစ်းကြက္ အျမန္ဆံုး ရရိွေရးႏွင့္ ျပည္ပ ေစ်းကြက္ တုိးျမႇင့္တင္ပုိ႔ႏုိင္ေရး တုိ႔အတြက္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ အတြင္းေရးမွဴးက ေသြး ခ်င္းတုိ႔ရဲ႕ ပြဲေတာ္ကာလအတြင္း ဆုိင္ခန္းဖြင့္လွစ္ ေရာင္းခ်ေရး၊ ေျမပေဒသာကြၽန္းတြင္ ဖရဲ/သခြား ပဲြေတာ္ က်င္းပေရး၊ တညႇင္းကုန္း လက္ကားေစ်းတြင္ သယ္ယူေရာင္းဝယ္ရန္ ေနရာ စီစဥ္ေဆာင္ရြက္ ေပးေရး၊ ေရႊပိေတာက္ ငါးေစ်း (လႈိင္ၿမိဳ႕နယ္)တြင္ သယ္ယူပုိ႔ေဆာင္ ေရာင္းဝယ္ရန္ေနရာ စီစဥ္ေပးေရး၊ ရတနာသီရိ ကုန္ စိမ္းေစ်း (ေထာက္ၾကန္႔) အေပၚထပ္တြင္ ေရာင္းခ်ရန္ေနရာ စီစဥ္ေပးေရး၊ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ နယ္နိမိတ္အတြင္းရိွ ေစ်းမ်ားအတြင္း ရရိွႏုိင္မယ့္ ေနရာမ်ားတြင္ ဆုိင္ခန္းမ်ား ဖြင့္လွစ္ႏုိင္ရန္ ေဆာင္ ရြက္ ေပးေရး၊ Door to Door Service စနစ္ျဖင့္ ရန္ကုန္ၿမိဳ႕တြင္း လွည့္လည္ေရာင္းခ်ရန္ စီစဥ္ ေဆာင္ရြက္ ေပးေရး တုိ႔ႏွင့္ စပ္လ်ဥ္း၍ ေဆြးေႏြး ေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။

 

ထုိ႔ေနာက္ ျမန္မာႏုိင္ငံ အေဝးေျပး ကုန္စည္ပုိ႔ေဆာင္ေရး ဝန္ေဆာင္မႈ လုပ္ငန္းရွင္မ်ား အသင္း ဥကၠ႒က ဘုရင့္ေနာင္ ကုန္စည္ဒုိင္၊ အေဝးေျပးယာဥ္ရပ္နားစခန္းအတြင္း သယ္ယူေရာင္းဝယ္ရန္ ေနရာ စီစဥ္ ေဆာင္ရြက္ေပးျခင္း၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ျမန္မာကုန္သြယ္မႈ ျမႇင့္တင္ေရး အဖြဲ႕၏ အုပ္စု(၁၁) သုိေလွာင္႐ံုႏွင့္ ၾကက္ဘဲေစ်းအနီး ျမန္မာ့ဂုဏ္ေရာင္ လမ္းမေပၚရိွ ကုန္သြယ္ေရး ဦးစီးဌာနပုိင္ ၁ ဧက ခန္႔ဝင္းအတြင္း ယာယီဆုိင္ခန္း ဖြင့္လွစ္ေရာင္းခ်ရန္ စီစဥ္ေပးျခင္းတုိ႔ကုိ ေဆာင္ရြက္ေပးရန္ စီစဥ္ ေပးမည္ ျဖစ္ေၾကာင္း၊ ေရရွည္ေဆာင္ရြက္မည့္ အစီအစဥ္မ်ားအေနျဖင့္ ျပည္ပတင္ပုိ႔ရန္ အရည္အေသြးမီ ဖရဲ၊ သခြား ပုိ႔ကုန္မ်ား ထုတ္လုပ္တင္ပုိ႔မည့္ လုပ္ငန္းရွင္မ်ားက ကုန္စည္သတင္းအခ်က္အလက္မ်ားကုိ ျမန္မာကုန္သြယ္မႈ ျမႇင့္တင္ေရး အဖဲြ႕သုိ႔ ေပးပုိ႔ၿပီး စီးပြားေရးသံမွဴးမ်ားမွ တစ္ဆင့္ ျပည္ပေစ်းကြက္ ခ်ိတ္ဆက္ေပးျခင္း၊ တန္ဖုိးျမႇင့္ ထုတ္ကုန္မ်ား ထုတ္လုပ္၍ ျပည္ပေစ်းကြက္ ထုိးေဖာက္ႏုိင္ရန္ လုိအပ္တဲ့ ပံ့ပုိးမႈမ်ား ေဆာင္ရြက္ေပးျခင္း၊ သီးႏွံမ်ား ထိန္းသိမ္း သိုေလွာင္ရာတြင္ မျဖစ္မေနလုိအပ္သည့္ Cold Chain ပါဝင္သည့္ Logistic Hub မ်ား ေပၚထြန္းေရး ပံ့ပုိးမႈမ်ား ေဆာင္ရြက္ေပးျခင္းတို႔ကို ေဆာင္ရြက္ေပးမည္ ျဖစ္ေၾကာင္း ေဆြးေႏြးေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။

 

#MFID

Read times Last modified on Monday, 03 February 2020 10:34
Rate this item
(0 votes)