Event & Exhibition



အသေးစားတနိုင်တပိုင်စားသောက်ကုန်လုပ်ငန်း တစ်ခုစတင်ရန်ပြင်ဆင်ခြင်းသင်တန်း (How to Start Your Small Food Business Training)

အသေးစားတနိုင်တပိုင်စားသောက်ကုန်လုပ်ငန်း တစ်ခုစတင်ရန်ပြင်ဆင်ခြင်းသင်တန်း

(How to Start Your Small Food Business Training)

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

သင်အနေဖြင့် ကိုယ်ပိုင်စီးပွားရေး အသေးစားတနိုင်တပိုင်စားသောက်ကုန်လုပ်ငန်း တစ်ခုကိုစတင် ထူထောင်ပြီး ထိုလုပ်ငန်းကို အစအဆုံး စီမံခန့်ခွဲသည့် လုပ်ငန်းပိုင်ရှင်တစ်ဦးဖြစ်ရန် စဉ်းစားနေပါသလား?

 

​MFPEA မှ ပြည်တွင်းလုပ်ငန်းများတိုးတက်လာစေရန်အတွက် ကိုယ်ပိုင်စီးပွားရေး အသေးစား တနိုင်တပိုင် စားသောက်ကုန်လုပ်ငန်းတစ်ခုကို စတင်ထူထောင်ပြီး ထိုလုပ်ငန်းကို အစအဆုံး စီမံခန့်ခွဲနိုင် သည့် လုပ်ငန်းပိုင်ရှင် များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်ပြီးအသေးစားတနိုင်တပိုင် စားသောက်ကုန်လုပ်ငန်း တစ်ခုစတင်ရန် ပြင်ဆင်ခြင်း သင်တန်း (How to Start Your Small Food Business Training) ကို    ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေနှင့် ၂၆ ရက်နေ့တို့တွင် Online ဖြင့် သင်ကြားပို့ချပေးမည်ဖြစ်ပါသည်

.

.

လေ့လာသင်ယူရမည့်သင်ခန်းစာများက

• ကိုယ်ပိုင်အသေးစားတနိုင်တပိုင်စားသောက်ကုန်လုပ်ငန်း လုပ်ငန်းတစ်ခု အတွက်ရှေ့ပြေးပုံစံ (Business Model)-အဖွဲ့အစည်းတရပ်အနေဖြင့် စားသုံးသူနှင့် လုပ်ငန်းရှင်အတွက်တန်ဘိုး (value)ကိုမည်ကဲ့သို့ ဖန်တီးမည်၊ဖန်တီးလိုက်သည့်တန်ဘိုးကိုမည်ကဲ့သို့ရေရှည်တည်တန့်အောင်ထိန်းသိမ်းမည်ကိုဖေါ်ပြသော ပုံစံများ။

• စီးပွားရေးလုပ်ငန်းအသစ်တစ်ခုကို စတင်ထူထောင်သူတွေ အနေနဲ့ရှေ့မှာကြုံတွေ့ရမည့် လမ်းခရီး ကြမ်း အတွက် ကြိုတင်ပြင်ဆင်ထားရမည့် အချက်များ။

• Food Product Development စားသောက်ကုန် ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ငန်းစဉ် အဆင့်ဆင့် များကိုသိရှိပြီး စနစ်တကျ လိုက်နာရန်အရေးကြီးသည်များကိုသင်ကြားပေးခြင်း။

.

အောင်မြင်သော စွန့်ဦးတီထွင်သူတစ်ဦးအနေဖြင့်သိရှိသင့်သောကိုယ်ပိုင်အသေးစားတနိုင်တပိုင် စားသောက်ကုန်လုပ်ငန်း တစ်ခု မအောင်မြင်ရတဲ့ အကြောင်းရင်းများ နှင့် ဆောင်ရွက်ရန်များ

• လုပ်ငန်းအတွေ့အကြုံမရှိခြင်း

• ငွေကြေးအရင်းအနှီး မလုံလောက်ခြင်း

• လုပ်ငန်း တည်နေရာ အကွက်အကွင်း မကောင်းခြင်း

• ကုန်ကြမ်းပစ္စည်း၊ ကုန်ချော တွေကို ကောင်းကောင်းမထိမ်းသိမ်းနိုင်ခြင်း

• စက်ကိရိယာ၊ အဆောက်အဦး စသည့် အခြေပစ္စည်းများတွင် မလိုအပ်ဘဲ လွန်ကဲစွာမြုပ်နှံခြင်း

• ပေးရန်၊ ရရန်များကို အလျှင်မှီအောင် ကောင်းစွာ  မစီမံနိုင်ခြင်း

• လုပ်ငန်းလည်ပတ်ရန်ထားသည့်ငွေကို ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်သုံးခြင်း

• မမျှော်လင့်ဘဲ လုပ်ငန်းက (ပိုင်ရှင်လုပ်ကိုင်နိုင်စွမ်းရှိသည်ထက်)လျှင်မြန်စွာတိုးတက်လာခြင်း

• ပြိုင်ဆိုင်မှု ပြင်းထန်ခြင်း

•  ဈေးကွက်ဝင်သည့် ပစ္စည်း မထုတ်လုပ်နိုင်ခြင်း

.

မည်သို့ပင်မအောင်မြင်ရတဲ့ အကြောင်းရင်းများရှိစေကာမူအောင်မြင်သော စွန့်ဦးတည်ထွင်သူတစ်ဦး ဖြစ်ရင်တော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုက ရရှိလာသော အကျိုးကျေးဇူးတွေက တွေ့ကြုံရမယ့် အခက်အခဲတွေထက် အများကြီးသာလွန်ပါသည်။ 

• မိမိသာလျှင် ကိုယ့်အလုပ်ရှင်ဖြစ်လာမှာပါ။

• မိမိကြိုးစားရင်ကြိုးစားသလောက် ရလာသမျှ အကျိုးအမြတ်တွေဟာ မိမိအတွက်ပါဘဲ။ တစ်ခြား သူ အတွက်မဟုတ်ပါဘူး။

• ၀င်ငွေနဲ့ လုပ်ငန်းတိုးတက်မှု အလားအလာ လွန်စွာကြီးပါတယ်။

• လုပ်ငန်းသစ်တစ်ခုကို စတင်ရတာ စွန့်စားရမှုများသလို စိတ်လှုပ်ရှားစရာလည်း ကောင်းပါသည်။

• စီးပွားရေး လုပ်ငန်းတစ်ခုကို ဦးဆောင်ရတာ မဆုံးနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ကြုံရမှာဖြစ်သလို၊ ပညာရပ် အသစ်တွေကို သင်ယူဖို့ အခွင့်အလမ်းကောင်းလည်း ဖြစ်ပါတယ်။

.

သင်အနေနဲ့ လုပ်ငန်းမစခင်မှာ အရာရာကို ကြိုတင်ပြင်ပြီး လုပ်ငန်းစပြီဆိုတာနဲ့ စွဲစွဲနစ်နစ်နဲ့ ကိုယ့်အလုပ် ကို တစ်စိုက်မတ်မတ် လုပ်ဖို့လိုအပ်ပါတယ်

လုပ်ငန်းတခုကို အစပြုပြီးတာနဲ့ နောက်ပြန်လှည့်ဖို့ မလွယ်တာကြောင့် လုပ်ငန်းမစခင်မှာ သင်ကိုယ်သင် အဆင်သင့် ဖြစ်မဖြစ် အချိန်ယူပြီး ဆန်းစစ်ပါ

• စဉ်ဆက်မပြတ်တိုးတက်အောင်လုပ်ရန်

• စွမ်းဆောင်ရည်မြင့်မားသောသူများအနေဖြင့်လေ့လာသင်ယူရန်

• ဖွံ့ဖြိုးတိုးတက်ရန်နှင့်ပိုမိုမြင့်မားတဲ့ရလဒ်တွေရရှိလာရန်အတွက်နည်းလမ်းတွေကို အမြဲတမ်း ရှာဖွေတတ်ကြရမှာဖြစ်ပါတယ်

 

ဖောက်ထွက်ဆောင်ရွက်ရမည့်နည်းလမ်းကိုသိသော သူများသည် အသက်မွေးဝမ်းကျောင်း အလုပ်ကိုရတတ်ကြပြီးဘာကြောင့်လုပ်ရမလဲဆိုသောအကြောင်းရင်းများနှင့်မိမိကိုယ်တိုင် ရည်ရွယ် ချက်များကို သိသောသူများသည်လုပ်ငန်းဦးဆောင်သူတွေ ၊လုပ်ငန်းရှင်တွေ ဖြစ်လာတတ်ကြပါတယ်

.

အရာရာကြိုတင်ပြင်ဆင်၊လေ့လာ၊သင်ယူထားမည်ဆိုလျှင် အောင်မြင်မှုဟာ သင့်အတွက် ဖြစ်လာမှာပါ။

.

သင်တန်းကို ဘယ်သူတွေတက်သင့်သလဲ?

• ကိုယ်ပိုင်အသေးစားတနိုင်တပိုင်စားသောက်ကုန်လုပ်ငန်း လုပ်ငန်းတခုတစ်ခု အတွက်ရှေ့ပြေးပုံစံ ဖန်တီးခြင်း(Business Model Generation)    သည် ကုန်ပစ္စည်းအသစ်  (သို့) ဝန်ဆောင်မှု အသစ်များ ကိုမြန်မာနိုင်ငံဈေးကွက်တွင်စတင်မိတ်ဆက်မည့်စွန့်ဦးတီထွင်လုပ်ငန်းရှင် ငယ်များ

• အထူးသဖြင့် မိမိတို့လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်လိုသည့်၊ ပြည်တွင်းဈေးကွက်မှတဆင့် အပြည်ပြည်ဆိုင်ရာဈေးကွက်ကို ထိုးဖောက်လိုသည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ

•  သင်တန်းခေါင်းစဉ်အောက်တွင်ဖေါ်ပြထားသည့်နည်းဗျူဟာအချို့မှာလက်ရှိထုတ်လုပ်နေသည့် ကုန်စည်ကိုဈေးကွက်အသစ်တွင်ဖြန့်ချီလိုသူများ၊မိမိ၏လက်ရှိလုပ်ငန်းအခြေအနေကိုစနစ်တကျ ပြန်လည် သုံးသပ်လိုသူများ

• အစဉ်အလာ စီးပွားရေးသင်ခန်းစာ၊ စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများကို လေ့လာခြင်းထက် သင်ကိုယ်တိုင်နဲ့ သင့်အဖွဲ့သားတွေမှာရှိသောအိုင်ဒီယာများကို ဖော်ထုတ်ပြီး လုပ်ငန်းစတင်နိုင်အောင် (သို့) လုပ်ငန်းတိုးတက်အောင် ပြုလုပ်လိုသူများ( သို့ ) Professional Business Owner တစ်ဦးအနေနဲ့ ရပ်တည်လိုသူများအနေဖြင့် UMFCCI, Myanmar Food Processors and Exporters Association ( MFPEA )မှ ကျင်းပသော How to Start Your Small Food Business Training ကိုတက်ရောက် လေ့လာသင်ယူနိုင်ပါသည်။

 

သင်တန်းမှရရှိမည့်အကျိုးကျေးဇူးများက-

• ကိုယ်ပိုင် အသေးစားတနိုင်တပိုင်စားသောက်ကုန်လုပ်ငန်း လုပ်ငန်းတခုကို စွန့်ဦးတည်ထွင်လုပ်ကိုင်ခြင်း (Entrepreneurship)သည်ငွေကြေးအကျိုးအမြတ်သာမက၊လွတ်လပ်မှုနဲ့ စိတ်ကျေနပ်ပျော်ရွင်မှု စသော ဆုလာဒ်တွေများစွာရနိုင်ပါတယ်

 

သင်တန်း နေ့ရက်၊ အချိန်၊ သင်ကြားမည့်ပုံစံတွေက?

သင်တန်းနေ့ရက်​​:  ၂၅-၅-၂၀၂၃ ရက်နေ့ နှင့် ၂၆-၅-၂၀၂၃ ရက်နေ့

သင်တန်းအချိန်​​​:  နေ့လည် ၁:ဝဝ နာရီမှ ၄:၀၀ နာရီထိ

သင်ကြားမည့်ပုံစံ​​: Online Zoom Training

သင်တန်းဝင်ခွင့်ဖောင်ဖြည့်ရန်

https://forms.gle/4dbPLdB94PgEPBjp6

 

သင်တန်းကြေး​​​​​: ၃၀,၀၀၀ ကျပ်

MFPEA အသင်းဝင်များအတွက် Discount​​: ၂၅,၀၀၀ ကျပ်

သင်တန်းကြေးကို Online ငွေလွှဲဝန်ဆောင်မှုများဖြင့်ပေးသွင်းနိုင်ပါတယ်။

KBZ Pay: 09-450162277 ကိုလွယ်ကူစွာပေးသွင်းနိုင်မှာဖြစ်ပါတယ်။

သင်တန်းအပ်နှံရန်အတွက် ၂၃-၅-၂၀၂၃ ရက်နေ့နောက်ဆုံးထားလက်ခံပေးသွားပါမည်။

.

အသိအမှတ်ပြုလက်မှတ်ကိုဘယ်လိုပေးအပ်မလဲ?

• သင်တန်းကိုအချိန်ပြည့်တက်ရောက်လျှင်အသိအမှတ်ပြုလက်မှတ်တ်ပေးအပ်မည်ဖြစ်ပါသည်။

.

သင်ကြားပေးမည့်သူက?

ဆရာဦးအောင်‌ကျော်စိုး ( B.E, P.E  ( Chemical ), A C P E, Dip D.S, CPM ( Japan), CFS( China ) and ILO of IYFB Certified Trainer မှ စာသိ၊ ပညာသိ၊ သဘာသိ၊ ရင့်ကျက်သောအတွေ့အကြုံသိများ ဖြင့် How to Start Your Small Food Business Training သင်ခန်းစာတွင် ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ရန် လိုအပ်သည့် အချက်အလက်များနှင့် စီမံခန့်ခွဲမှုအတတ်ပညာများကို မျှဝေပေးပြီး မှတ်သားသင့် သည် များကိုလည်း ဦးဆောင်ရှင်းပြသွားမှာဖြစ်ပါသည်။

လေ့လာစရာများကိုခေါင်းစဉ်ကြီးများ၊ပါ၀ါပွိုင့်များ၊လေ့ကျင့်ခန်းများအနေဖြင့်ထည့်သွင်းသင်ကြားမည် ဖြစ်ပါသည်။ သင်ခန်းစာများကိုလေ့လာပြီးနောက်အောင်မြင်သောစွန့်ဦးတီထွင်စီးပွားရေးသမားအနေ ဖြင့် လုပ်ကိုင်၊ ရပ်တည်နိုင်ရန် သင်ကြားပေးမည်ဖြစ်ပါသည်။

 

 09-887805900,09-887805901,09-263213270 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Tuesday, 09 May 2023 09:31
Rate this item
(0 votes)