Event & Exhibition
ကိုရီးယားသို့ ရေထွက်ကုန် တိုးမြှင့်တင်ပို့နိုင်ရေး နှစ်နိုင်ငံဆွေးနွေးမည်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းထွက်ကုန်များ ကိုရီးယားဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရန်အတွက် မြန်မာ- ကိုရီးယား
နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ထံမှ သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းထွက်ကုန်များ ကိုရီးယားဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေး၊ အသင်းဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ အသိပညာတိုးစေရေး၊ ပြည်ပဈေးကွက်သို့တင်ပို့နိုင်ရေး စသည့်ရည်ရွယ်ချက်
များဖြင့် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) နှင့် Korea Myanmar Research Association (KOMYRA) တို့ပူးပေါင်း၍ ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။
ကုန်သွယ်မှုမြှင့်တင်နိုင်ရေးဆွေးနွေးပွဲတွင် ကိုရီးယားမှပညာရှင်များက ဆွေးနွေးဟောပြောမည်ဖြစ်ပြီး ဆွေးနွေးပွဲကိုဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်မည်ဖြစ်သည်။
ထို့ပြင် UMFCCI နှင့် KOMYRA တို့အကြား စီးပွားရေးနှင့် ပညာရေးဆိုင်ရာလေ့လာမှုများ၊ သုတေသနလုပ်ငန်းများ၊ အသိပညာပေး ဆွေးနွေးမှုများကို အပြန်အလှန်ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရ
သည်။
ဆွေးနွေးပွဲသို့ စီးပွားရေးပညာရှင်များနှင့် လုပ်ငန်းရှင်များ၊ ပို့ကုန်မြှင့်တင်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် စိတ်ဝင်စားသူများ တက်ရောက်နိုင်ပြီး တက်ရောက်လိုပါက ကုန်သည်စက်မှုအသင်းချုပ်၊ အသင်း
သားရေးရာဌာန ဖုန်း ၀၁- ၂၃၁၄၃၄၄-၄၉ လိုင်းခွဲ - ၁၄၀၊ ၁၁၈ နှင့် အီးမေးလ် - ma@umfcci.com.mm တို့ထံ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။
Source: Voice