Food & Health
ဆေးလိပ်သောက်သူများ မဖြစ်မနေ စားသင့်တဲ့ အစားအစာများ
ဆေးလိပ်သောက်သူများအတွက် မဖြစ်မနေ နေ့စဉ်ပုံမှန်ကလေး စားသင့်တဲ့ အစားအစာများကတော့
မုန်လာဥနီ၊ Green Tea, တရုတ်နံနံ တို့ဖြစ်ပါတယ်။
အဆုတ်က အသက်ရှင်ဖို့ အောက်စီဂျင်ကို ဖြန့်ဝေတဲ့နေရာမှာ အရေးပါပါတယ်။ တစ်ချိန်တည်းမှာပဲ ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကိုလည်း စွန့်ထုတ်ပေးပါတယ်။
အဆုတ်က အသက်ရှူဖို့ တင်မကဘဲ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ မကောင်းတဲ့ အရာတွေ ဖယ်ရှားဖို့ လုပ်ဆောင်ပေးပါတယ်။
မုန်လာဥနီမှာတော့ ဗီတာမင် A,C နဲ့ E တို့ ကြွယ်ဝစွာပါဝင်ပြီး ပျက်စီးနေတဲ့ ဆဲလ်နဲ့ တစ်ရှူးတွေကိုပြန်လည် ပြုပြင်နိုင်စွမ်းရှိပါတယ်။
မုန်လာဥ အစိမ်းစားရင် အဆုတ်ထဲမှာရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
Green Tea တွေက ခန္ဓာကိုယ်အလေးချိန်ကို လျော့ချပေးရုံသာမက အဆုတ်ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။
Green Tea ဟာ စွမ်းအားမြင့်တဲ့ Antioxidants ဓာတ်တွေနဲ့ ရောင်ရမ်းတာကို သက်သာစေတဲ့ ဓာတ်တွေပါဝင်ပါတယ်။
ကိုယ်တွင်းအင်္ဂါရဲ့ ကျန်းမာရေးကိုလည်း ကူညီ ကာကွယ်ပေးပါတယ်။ Green Tea တစ်ပတ်ကို သုံး ကြိမ်ခန့် သောက်သုံးပေးသင့်ပါတယ်။
တရုတ်နံနံက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်။ တစ်ရှူးတွေထဲမှာကျန်ရှိနေတဲ့ အရည်တွေကို ဖယ်ရှားနိုင်စွမ်းရှိပြီး ရောင်ရမ်းတာတွေကို ကာကွယ်ပေးပါတယ်။
တရုတ်နံနံကို ရေနွေးကြမ်းနဲ့ သို့မဟုတ် ဖျော်ရည်အဖြစ် သောက်သုံးသင့်ပါတယ်။ သို့မဟုတ် အသုတ်၊ ဟင်းချိုတွေထဲထည့်သောက်ပေးပါ။