Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


နှင်းသီး၏ အကျိုးကျေးဇူးများ

သူ့ အမည်က နှင်းသီး ဆိုပေမယ့် ဆောင်းတွင်းမှာ မသီးဘဲ ယခုလို နွေနှောင်း-မိုးဦးစ မှာသီး တဲ့ ရာသီစာ သီးနှံတစ်မျိုးပါ။

 

ပူနွေး စိုစွတ်တဲ့ ရာသီကိုကြိုက်တဲ့ အပင်လို့ ဆိုနိုင်ပါတယ်။

 

သူ့ ကို မြန်မာလို “နှင်းသီး” ၊ အင်္ဂလိပ်အခေါ်အဝေါ်အရ “ Rose Apple or Plum Rose or Malaysia Apple ” လို့  ခေါ်ဆိုကြပါတယ်။

 

 ရူပဗေဒဘာသာမှာ Newton ရဲ့ the law of gravity ကို ကြားဖူးနေ ကြမှာပါ။ မှန်ပါတယ်။

 

Read More>>>>>     ကိုက်ခဲခြင်းကို သက်သာစေမယ့် သောက်စရာများ

 

 မစ္စတာ Isaac Newton ဟာ Rose Apple လို့ ခေါ် တဲ့ ဟောဒီ နှင်းသီးပင်အောက်မှာ ထိုင်နေတုန်း အပင်ပေါ်ကအသီးဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲအားကြောင့်အပင်အောက်တည့်တည့်ကိုပြုတ်ကျလာရတယ်
ဟူ၍ နိယာမသဘောတရားကို ဒီ နှင်းသီးပင်အောက်ကနေ အဖြေထွက်ရှိခဲ့ကြောင်း www.naturespride.eu မှာ ဖော်ပြထားပါတယ်။

 

အဲဒီအသီးထဲမှာ ကယ်လိုရီနည်းပါးခြင်း၊ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေပေါကြွယ်ဝခြင်း၊ ဗီတာမင်စီ နှင့် ဗီတာမင်အေများပါရှိခြင်းကြောင့် ကျန်းမာရေးကိုအထောက်အကူပြုပေးတဲ့ သစ်သီးလေးပါ။


 အခွံရဲလေ ပိုချိုလေဖြစ်ပြီး၊ အပေါ်ယံအခွံ မာတင်းတင်း အသီးတွေက လတ်ဆတ်မှုရှိတာကြောင့် အရည်ပိုရွှမ်းပါတယ်။

 

 မြန်မာပြည်မှာ သွားရည်စာသစ်သီးအဖြစ် အဆာပြေ အပျင်းပြေ စားကြပြီး၊ အခြားနိုင်ငံတွေမှာတော့ နှင်းသီးကို အချိုရည်၊ ယို၊ ဂျယ်လီ အဖြစ်ပါ ပြုလုပ်စားသုံးကြပါတယ်။

 

(၁) အမျိုးသားများ ဆီးကိတ်ကင်ဆာ ဖြစ်စေမယ့် အခွင့်အလမ်းကိုနည်းပါးစေပါတယ်။

 

(၂) အမျိုးသမီးများ ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

 

(၃) တစ်နေ့ကို နှင်းသီး ၃ လုံးကျစီ ရက်သတ္တ ၁ ပတ်တိတိ စားပေးခြင်းဖြင့် သွေးထဲရှိ ကိုလက်စထရောကို ၁၉% မျှလျော့ချ ပေးပါတယ်။

 

(၄) နှင်းသီးမှည့်မှည့် နီနီရဲရဲလေးတွေက အရသာချိုမြသော်လည်း ဂလူးကို့ စ်ဓာတ်မပါရှိပါဘူး။ ပန်ကရိယကို ကောင်းကျိုးပြုတာကြောင့် ဆီးချိုရောဂါသည်တွေအတွက် အထူးသင့်တော်တဲ့ အသီးလေးပါဘဲ။

 

(၅) အဆီဓာတ်မပါခြင်း၊ ကယ်လိုရီနည်းပါးခြင်း၊ ရေဓာတ်ကြွယ်ဝစွာပါရှိခြင်းတို့ ကြောင့် ကိုယ်အလေးချိန်မတက်စေပါဘူး။

 

(၆) အိန္ဒိယနိုင်ငံမှာ အပင်၏အရွက်ကို ပေါင်းခံပြီး ရေမွှေးရနံ့ အဖြစ် အသုံးပြုကြပါတယ်။

 

(၈) မြန်မာ့ဆေးကျမ်းထဲမှာ အပူငြိမ်းတဲ့ အအေးစာအသီးလို့ ဖော်ပြထားတာကြောင့် ယခုလို နွေပူပူမှာ စားသုံးသင့်တဲ့ အသီးဖြစ်ပါတယ်။

 

တစ်နှစ်တစ်ကြိမ်သာ စားရတဲ့ ရာသီစာသီးနှံဖြစ်သော်လည်း အရသားလည်း ရှိ ဈေးနှုန်းချိုသာ တဲ့အပြင် ကျန်းမာရေးအတွက် ဆေးဖက်ဝင်လို့  စားဖြစ်အောင် စားကြပါလို့  တိုက်တွန်းလိုက်ပါတယ်။

 

Credit: Pauk Pauk

Read times Last modified on Monday, 20 May 2019 17:02
Rate this item
(3 votes)