Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ဆင်တုပ်ကွေးဖြစ်ပြီးရင် ဘာတွေစားရမလဲ ရှောင်ရမလဲ

Unicode

ဆင်တုပ်ကွေးဖြစ်ပြီးရင် ဘာတွေစားရမလဲ ရှောင်ရမလဲ


ဆင်တုပ်ကွေးဖြစ်ပြီးရင် စားသင့်တဲ့အစားအစာနဲ့ ရှောင်ရမယ့်အစားအစာများကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ဗီတာမင် စီ နဲ့ အီး

ဗီတာမင်စီ က အနာကျက်စေတဲ့အပြင် ကြွက်သား၊ အရိုး၊ အရွတ်နဲ့ သွေးကြောတွေရဲ့ဖွဲ့စည်းဖြစ်ပေါ်မှုကို ကူညီပေးပါတယ်။ ဗီတာမင်အီးက အသားအရေအတွက်ကောင်းတဲ့အပြင် ကင်ဆာရောဂါတွေ၊ ပါကင်ဆန်ရောဂါနဲ့ အဆစ်ရောင်လေးဘက်နာရောဂါတို့ကို ကာကွယ်ပေးပါတယ်။ မာလကာသီး၊ ပန်းငရုတ်ပွအဝါ၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး စတာတွေမှာ ဒီဗီတာမင်နှစ်မျိုးလုံးကို ရရှိနိုင်ပါတယ်။

 

ရေ

တုပ်ကွေးဖြစ်နေတဲ့အချိန်မှာရော၊ သက်သာလာတဲ့အချိန်မှာရော ရေများများသောက်ပေးသင့်ပါတယ်။ ရေ သို့မဟုတ် ရေဓာတ်ပြည့်စေမယ့် အရည်တွေများများဝင်အောင် ဂရုစိုက်သင့်ပါတယ်။

 

အုန်းစိမ်းရည်

အုန်းစိမ်းရည်သောက်ရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်ပြီး ရေဓာတ်ပြည့်ဝစေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်အတွက်လည်း အထောက်အကူပေးလို့ အုန်းစိမ်းရည်လေးသောက်ပေးသင့်ပါတယ်။

 

အစိမ်းရင့်ရောင်အသီးအရွက်

အစိမ်းရောင်အသီးအရွက်တွေက ကယ်လိုရီနည်းသလို ချေဖျက်ရလွယ်ကူစေပါတယ်။ ဒီလိုအချိန်မှာ ခန္ဓာကိုယ်ကို ပြန်ဖြည့်တင်းပေးဖို့ လိုအပ်နေတဲ့ ဗီတာမင်တွေအများကြီးပါဝင်တယ်။ ဒီဗီတာမင်တွေကြောင့် ဆင်တုပ်ကွေးလို ရောဂါတွေကနေ ကျန်းမာရေးပြန်ကောင်းမွန်လာဖို့ အထောက်အပံ့များစွာရနိုင်ပါတယ်။

 

Food Processing Machinery အစားအစာထုုတ္လုုပ္သည့္စက္ယႏၱရားဆိုုင္ရာလုုပ္ငန္းေပါင္း ၂၉ ခုရွာရန္ႏွိပ္ပါ။

 

စွပ်ပြုတ်

အိမ်မှာပဲ ချက်တဲ့ အသားနဲ့ အသီးအရွက်ဟင်းရည်၊ စွပ်ပြုတ်လေးသောက်သင့်ပါတယ်။ မုန်လာဥဖြူ သို့မဟုတ် ဥနီပါရင်ပိုကောင်းပါတယ်။

 

ပန်းသီးနဲ့ ငှက်ပျောသီး

ဆင်တုပ်ကွေးဖြစ်ရာကနေ သက်သာကာစအချိန်မှာ ပန်းသီးနဲ့ ငှက်ပျောသီး စားပေးသင့်ပါတယ်။ ပန်းသီးမှာ အစာခြေလမ်းကြောင်းကို သန့်စင်ကျန်းမာစေတဲ့ အမျှင်ဓာတ်တွေကြွယ်ဝပြီး ကိုလက်စထရောပမာဏကို ထိန်းညှိပေးတယ်။ ငှက်ပျောသီးမှာလည်း ဝမ်းချုပ်တာကိုကာကွယ်ပေးပြီး အူကိုသန့်စေတဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။

 

အိုမီဂါ ၃ ဖက်တီးအက်စစ်

အိုမီဂါ ၃ ဖက်တီးအက်စစ် ကြွယ်ဝတဲ့ အစားအစာတွေ နဲ့ ဖြည့်စွက်အားဆေးတွေ စားသုံးဖို့လိုပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်က ဦးနှောက်လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး မှတ်ဉာဏ်ကောင်းမွန်စေပါတယ်။ လေဖြတ်နိုင်ခြေလျော့နည်းစေပါတယ်။ အဆစ်ရောင်လက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

 

ရှောင်ရမယ့်အစားအစာများကတော့

အချိုများတဲ့အစားအစာတွေ၊ အသင့်စားသရေစာနဲ့ အဆီများတာတွေရှောင်ရပါမယ်။ကဖင်းနဲ့ ဂက်စ်ပါတဲ့ သောက်စရာတွေကို ရှောင်ရပါမယ်။

ဆေးလိပ်၊ အရက် ရှောင်ရပါမယ်။  ပြုပြင်စီမံထားတဲ့၊ အေးခဲထားတဲ့ အစားအစာတွေကို ရှောင်ရပါမယ်။ အပူအစပ်တွေ ရှောင်ရပါမယ်။

 

Read More >>>>>  အိႏၵိယအ၀ယ္နည္း၍ မတ္ပဲႏွင့္ ပဲစင္းငံုေစ်းျပန္က်

 

# Myanmar Food Industry Directory

 

 

 

 

ဆင္တုပ္ေကြးျဖစ္ၿပီးရင္ ဘာေတြစားရမလဲ ေရွာင္ရမလဲ

 

ဆင္တုပ္ေကြးျဖစ္ၿပီးရင္ စားသင့္တဲ့အစားအစာနဲ႕ ေရွာင္ရမယ့္အစားအစာမ်ားကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

ဗီတာမင္ စီ နဲ႔ အီး

ဗီတာမင္စီ က အနာက်က္ေစတဲ့အျပင္ ႂကြက္သား၊ အ႐ိုး၊ အ႐ြတ္နဲ႔ ေသြးေၾကာေတြရဲ႕ဖြဲ႕စည္းျဖစ္ေပၚမႈကို ကူညီေပးပါတယ္။ ဗီတာမင္အီးက အသားအေရအတြက္ေကာင္းတဲ့အျပင္ ကင္ဆာေရာဂါေတြ၊ ပါကင္ဆန္ေရာဂါနဲ႔ အဆစ္ေရာင္ေလးဘက္နာေရာဂါတို႔ကို ကာကြယ္ေပးပါတယ္။ မာလကာသီး၊ ပန္းင႐ုတ္ပြအဝါ၊ ကီဝီသီး၊ ပန္းေဂၚဖီစိမ္း၊ စေတာ္ဘယ္ရီ၊ ခရမ္းခ်ဥ္သီး စတာေတြမွာ ဒီဗီတာမင္ႏွစ္မ်ိဳးလုံးကို ရရွိႏိုင္ပါတယ္။

 

ေရ

တုပ္ေကြးျဖစ္ေနတဲ့အခ်ိန္မွာေရာ၊ သက္သာလာတဲ့အခ်ိန္မွာေရာ ေရမ်ားမ်ားေသာက္ေပးသင့္ပါတယ္။ ေရ သို႔မဟုတ္ ေရဓာတ္ျပည့္ေစမယ့္ အရည္ေတြမ်ားမ်ားဝင္ေအာင္ ဂ႐ုစိုက္သင့္ပါတယ္။

 

အုန္းစိမ္းရည္

အုန္းစိမ္းရည္ေသာက္ရင္ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားသန႔္စင္ေပးႏိုုင္ၿပီး ေရဓာတ္ျပည့္ဝေစႏိုင္ပါတယ္။ ကိုယ္ခံအားစနစ္အတြက္လည္း အေထာက္အကူေပးလို႔ အုန္းစိမ္းရည္ေလးေသာက္ေပးသင့္ပါတယ္။

 

အစိမ္းရင့္ေရာင္အသီးအ႐ြက္

အစိမ္းေရာင္အသီးအ႐ြက္ေတြက ကယ္လိုရီနည္းသလို ေခ်ဖ်က္ရလြယ္ကူေစပါတယ္။ ဒီလိုအခ်ိန္မွာ ခႏၶာကိုယ္ကို ျပန္ျဖည့္တင္းေပးဖို႔ လိိုအပ္ေနတဲ့ ဗီတာမင္ေတြအမ်ားႀကီးပါဝင္တယ္။ ဒီဗီတာမင္ေတြေၾကာင့္ ဆင္တုပ္ေကြးလို ေရာဂါေတြကေန က်န္းမာေရးျပန္ေကာင္းမြန္လာဖို႔ အေထာက္အပံ့မ်ားစြာရႏိုင္ပါတယ္။

 

Food Processing Machinery အစားအစာထုုတ္လုုပ္သည့္စက္ယႏၱရားဆိုုင္ရာလုုပ္ငန္းေပါင္း ၂၉ ခုရွာရန္ႏွိပ္ပါ။

 

စြပ္ျပဳတ္

အိမ္မွာပဲ ခ်က္တဲ့ အသားနဲ႔ အသီးအ႐ြက္ဟင္းရည္၊ စြပ္ျပဳတ္ေလးေသာက္သင့္ပါတယ္။ မုန္လာဥျဖဴ သို႔မဟုတ္ ဥနီပါရင္ပိုေကာင္းပါတယ္။

 

ပန္းသီးနဲ႔ ငွက္ေပ်ာသီး

ဆင္တုပ္ေကြးျဖစ္ရာကေန သက္သာကာစအခ်ိန္မွာ ပန္းသီးနဲ႔ ငွက္ေပ်ာသီး စားေပးသင့္ပါတယ္။ ပန္းသီးမွာ အစာေျခလမ္းေၾကာင္းကို သန႔္စင္က်န္းမာေစတဲ့ အမွ်င္ဓာတ္ေတြႂကြယ္ဝၿပီး ကိုလက္စထေရာပမာဏကို ထိန္းညႇိေပးတယ္။ ငွက္ေပ်ာသီးမွာလည္း ဝမ္းခ်ဳပ္တာကိုကာကြယ္ေပးၿပီး အူကိုသန႔္ေစတဲ့ အမွ်င္ဓာတ္ေတြပါဝင္ပါတယ္။

 

အိုမီဂါ ၃ ဖက္တီးအက္စစ္

အိုမီဂါ ၃ ဖက္တီးအက္စစ္ ၾကြယ္ဝတဲ့ အစားအစာေတြ နဲ႔ ျဖည့္စြက္အားေဆးေတြ စားသုံးဖို႔လိုပါတယ္။ အိုမီဂါ ၃ ဖက္တီးအက္စစ္က ဦးေႏွာက္လုပ္ေဆာင္ခ်က္ေတြကို ေကာင္းမြန္ေစၿပီး မွတ္ဉာဏ္ေကာင္းမြန္ေစပါတယ္။ ေလျဖတ္ႏိုင္ေျခေလ်ာ့နည္းေစပါတယ္။ အဆစ္ေရာင္လကၡဏာေတြကိုလည္း သက္သာေစႏိုင္ပါတယ္။

 

ေရွာင္ရမယ့္အစားအစာမ်ားကေတာ့

အခ်ိဳမ်ားတဲ့အစားအစာေတြ၊ အသင့္စားသေရစာနဲ႔ အဆီမ်ားတာေတြေရွာင္ရပါမယ္။ကဖင္းနဲ႔ ဂက္စ္ပါတဲ့ ေသာက္စရာေတြကို ေရွာင္ရပါမယ္။

 

ေဆးလိပ္၊ အရက္ ေရွာင္ရပါမယ္။  ျပဳျပင္စီမံထားတဲ့၊ ေအးခဲထားတဲ့ အစားအစာေတြကို ေရွာင္ရပါမယ္။ အပူအစပ္ေတြ ေရွာင္ရပါမယ္။

 

Read More >>>>>  အိႏၵိယအ၀ယ္နည္း၍ မတ္ပဲႏွင့္ ပဲစင္းငံုေစ်းျပန္က်

 

 

# Myanmar Food Industry Directory

 

 

Read times Last modified on Monday, 24 February 2020 17:57
Rate this item
(0 votes)