Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကန်စွန်းရွက်၏ အကျိုးကျေးဇူးများ

ကန်စွန်းရွက်ရဲ့ အကျိုးကျေးဇူးများကတော့ မကြာခဏ ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင် သကဲ့သို့ ဖြစ်ပြီး

ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ ခံစားရပါက သိန္ဓောဆား အနည်းငယ်မျှကို ကန်စွန်းရွက် ကြိတ်ညှစ်ရည် စပ်ပေးပါ။

 

ကန်စွန်းရွက်ကို မကြာခဏ စားသုံးပေးခြင်းဖြင့် ကျန်းမာမှုကို မြှင့်တင်ပေးနိုင်ပြီး ခွန်အားဗလရှိခြင်း၊ ဝမ်းတွင်း ရောဂါကို သန့်စင်ပေးခြင်း၊ အပူဒဏ်၊ အအေးဒဏ်ကို ခံနိုင်ရည် ရှိ စေခြင်း၊ ရောဂါ တစ်စုံတစ်ရာ လွယ်ကူစွာ ဝင်ရောက်မှုကို တားဆီး ကာကွယ် စေနိုင်ပါသည်။

 

ထိုဆေးရည်ကို လူကြီး ဆေးတစ်ခွက်စာ အတွက် ဟင်းစာ စတီးဇွန်းနှင့် တစ်ခွန်းကို နံနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ သုံးကြိမ် တိုက်ကျွေးပေးပါ။ ယင်း လက္ခဏာများ အတွက် ၎င်းဆေးရည် တစ်စက်ကို သန့်ရှင်းသော ရေဆယ်စက်နှင့် ရောစပ်၍ မျက်စဉ်း ဆေးရည် အဖြစ် ခပ်ပေး နိုင်ပါတယ်။

 

လတ်ဆတ်တဲ့ ကန်စွန်းရိုးနီ၊ ရွက်ကျပန်းလိန်ရွက်ကို ရေးနွေးနှင့် ဖျောလိုက်ပါ။ ပြီးနောက် ပါးပါးလှီး ဖြတ်တောက်၍ ငါးကျည်းခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ဆီ၊ ဆား ထည့်၍ သံပရာရည် ဆမ်းကာ အသုပ်အဖြစ် စားသုံးပေးခြင်းဖြင့် အူလမ်းကြောင်းတွင် ဖြစ်ပေါ် နိုင်သော ဝမ်းကိုက် ရောဂါ၊ သွေးဝမ်း ကိုက်ရောဂါ၊ အမျိုးသမီးတို့တွင် ဖြစ်ပေါ်တတ်သော မီးယပ် သွေးပုပ် ကျန်သော ရောဂါ၊ မီးယပ် သွေးမမှန်သော ရောဂါ၊ သားအိမ်လျှောကျသော ရောဂါ၊ သားမြတ်နာ (နို့အုံနာ)၊ နို့ထွက်နည်းခြင်း၊ ဇက်ကြောထိုးခြင်း၊ ဇက်ကြောတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသားအရေနှင့် ပတ်သက်သော အရေပြား ရောဂါများ၊ အသံဝင် အသံပျက် ရောဂါအပြင် ဆီးအိမ်နှင့် ပတ်သက်သော ရောဂါတို့တွင် ကုသရာ၌ အသုံးဝင် စေမှာဖြစ်ပါတယ်။

 

 

 

Read times Last modified on Tuesday, 18 September 2018 10:20
Rate this item
(2 votes)