Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကျွဲကောသီးစားခြင်းကြောင့် ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ

ကျွဲကော်သီးသည် အချဉ်ဓာတ်ပါသော အရည်ရွှမ်းသီး ဖြစ်သည်။ထိုအသီးသည် အစိမ်းရောင် သို့မဟုတ် အဝါရောင်အခွံအောက်တွင် အဖြူရောင်အသားတစ်ထပ် ရှိသေးသည်။ ထိုအဖြူရောင်အောက်တွင်မှ မျက်ရည်စက်ပုံရှိသော အသီးအမွှာလေးများကို တွေ့နိုင်မည်ဖြစ်သည်။

ကျွဲကောသီးသည် စပျစ်သီးအရသာနှင့် တူသော်လည်း စပျစ်သီးထက် ပိုချိုသည်။ကျွဲကောသီးတွင် ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်များနှင့် လူ့ကိုယ်ခန္ဓာအတွင်းရှိ ဆဲလ်များပျက်စီးမှု့ကို ကာကွယ်ပေးသော ဓာတ်များပါ၀င်သောကြောင့် ကျန်မားရေးအတွက် အထောက်အကူပြုသည်။

ဒါကြောင့် ကျွဲကောသီးစားခြင်းကနေ ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူး (၉)ချက်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

 

၁။ အာဟာရဓာတ်များစွာပါဝင်ခြင်း

ကျွဲကောသီးတွင် ပိုတက်စီယမ်၊ ဗီတာမင်စီ အပါအ၀င် အခြားဗီတာမင်ဓာတ်များနှင့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါသည်။ ဗီတာမင်စီသည် လူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များပျက်စီးမှု့ကို ကာကွယ်ပေးပါသည်။ ပိုတက်စီယမ်သည် သွေးဖိအားကို ထိန်းညှိပေးသောကြောင့် သွေးတိုးခြင်း၊ သွေးပေါင်ကျခြင်းတို့မှ ကာကွယ်ပေးပါသည်။

 

၂။ အမျှင်ဓာတ်ပြည့်၀စွာပါဝင်ခြင်း

ကျွဲကောသီးတစ်လုံးတွင် အမျှင်ဓာတ် ၆ဂရမ် ပါဝင်ပါတယ်။ လူတစ်ယောက်လျှင် တစ်နေ့ကို အနည်းဆုံ အမျှင်ဓာတ် ၂၅ဂရမ် လိုအပ်သည်။ ထို့ကြောင့် ကျွဲကောသီးသည် အမျှင်ဓာတ် လိုအပ်ချက်ကို ဖြည့်ဆည်းရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

အမျှင်ဓာတ်သည် အူအတွင်းရှိ ကောင်းသောဘက်တီးရီးယားများအတွက် အစာအရင်းအမြစ်လည်း ဖြစ်သည်။ ကျွဲကောသီးကဲ့သို့ အမျှင်ဓာတ်ပါသော အသီးများသည် အရိုးသန်မာစေခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းပေးခြင်း၊ အူနှင့် ဦးနှောက်ကျန်းမားရေးအတွက် အထောက်အကူပြုခြင်းနှင့် နာတာရှည်ရောဂါသည်တို့အတွက် ကောင်းသည်။

 

၃။ ကိုယ်အလေးချိန်လျှော့ချပေးခြင်း

ကျွဲကောသီးသည် ကိုယ်အလေးချိန်ကျအောင် ကူညီနိုင်သည်။ ကယ်လိုရီဓာတ် အနည်းငယ်သာ ပါဝင်သောကြောင့် ကိုယ်အလေးချိန်တက်ခြင်းမှကာကွယ်ပေးပါသည်။ ထို့အပြင် ပရိုတင်းနဲ့အမျှင်ဓာတ် ပါ၀င်သောကြောင့် အာဟာရပြည့်၀မှုကို ခံစားရပါသည်။ ထိုကဲ့သို့ အစားအစာများကို ရွေးချယ်ခြင်းဖြင့် ကိုယ်အလေးချိန်တက်မှုကို ကာကွယ်နိုင်ပါသည်။

 

၄။ antioxidants ဓာတ် ကြွယ်၀စွာ ပါဝင်ခြင်း

ပတ်ဝန်းကျင်နှင့် အစားအသောက်မှရလာသော မူလအရင်းအမြစ်သည် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များကို ဖျက်စီးပြီး နာတာရှည်ရောဂါများ ကျန်မားရေးပြသနာများဖြစ်စေပါသည်။ ကျွဲကောသီးတွင် ပါဝင်သော antioxidants ဓာတ်သည် လူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များကို ဖျက်စီးခြင်းမှ ကာကွယ်ပေးသည်။

ကျွဲကောသီးတွင် antioxidant အပြင် အခြားantioxidant ဒြပ်ပေါင်းများစွာလည်း ပါဝင်ပါသည်။ ကျွဲကောသီးတွင်အဓိကပါဝင်သော antioxidantဓာတ်များမှာ အရည်ရွှမ်းသီးများတွင် ပါဝင်သော naringenin နှင့် naringinတို့ဖြစ်သည်။ ကျွဲကောသီးတွင် ပါဝင်သည့် antioxidants သည် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းနှင့် နှလုံးအတွက် လွန်စွာ အထောက်အကူဖြစ်ပါသည်။

 

၅။ နှလုံးကျန်းမာရေးကိုမြှင့်တင်ပေးနိုင်သည်

ကျွဲကောသီးသည် ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရော ပမာဏကိုလျှော့ချခြင်းဖြင့် နှလုံးရောဂါနှင့် ဆက်စပ်လျက်ရှိသော သွေး၊ ဆီး နှင့်ပတ်သက်သောရောဂါများဖြစ်ခြင်းမှ ကာကွယ်ပေးပါသည်။ လေ့လာမှုတစ်ခုအရ ကျွဲကောသီးသည် အစားအစာရှိ ကိုလက်စထရောကို ခန္ဓာကိုယ်ထဲသို့ အပြည့်အဝစုပ်ယူခြင်းမရှိသောကြောင့် သွေး၊ ဆီးနှင့်ပတ်သက်သော ရောဂါဖြစ်ခြင်းမှကာကွယ်ပေးပါသည်။

***သင်သည် ကိုလက်စထရောများစေသည့် ဆေးမှီဝဲနေလျှင် ကျွဲကောသီးကို ရှောင်ရှားသင့်ကြောင်းသတိပြုပါ။***

 

၆။ အရွယ်တင်နုပျိုခြင်း

ဗီတာမင်စီအပါအ၀င် antioxidants သည် အရေပြားပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပြီး၊ နုပျိုသောအသွင်အပြင်ကို ထိန်းသိမ်းရန် ကူညီသည်။ကျွဲကောသီးတွင် သကြားဓာတ်ပါဝင်မှု နည်းသောကြောင့် ဆီးချိူရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါသည်။ ဆီးချိုရောဂါရှိလျှင် အရေပြားအရောင်ပြောင်းခြင်း၊ သွေးလည်ပတ်မှုနည်းပါးခြင်းနှင့် အမြင်အာရုံနှင့် ကျောက်ကပ်ပြသနာများဖြစ်ပေါ်ခြင်း၊ အိုမင်းခြင်းတို့ပါဖြစ်နိုင်ပါသည်။ထို့အပြင် ကျွဲကောသီး၏ အခွံမှဆီသည် antioxidants များစွာပါဝင်ပြီး အရေပြားရှိအမည်းရောင် ထုတ်လုပ်မှုကို လျော့နည်းစေနိုင်သည်။

 

၇။ ခန္ဓာကိုယ်ထဲရှိ ရောဂါပိုးမွှားအန္တရာယ်မှ ကာကွယ်ပေးခြင်း

ကျွဲကောသီးတွင် ခန္ဓာကိုယ်ထဲရှိ ရောဂါပိုးမွှားအန္တရာယ်မှ ကာကွယ်ပေးနိုင်သော ဂုဏ်သတ္တိရှိသည်။ သို့သော်ဤသက်ရောက်မှုများနှင့် ပတ်သက်၍ သုတေသီများသည် ကျွဲကောသီးအခွံမှရသော အဆီများသည် ဘက်တီးရီးယားပိုးမွှားများ ပျံ့နှံ့မှုကို နှေးကွေးစေပါသည်။

 

၈။ ကင်ဆာဆဲ (လ်) တွေကိုတိုက်ထုတ်နိုင်ခြင်း

ကျွဲကောသီးသည် ကင်ဆာဆဲ (လ်) များကိုသတ်ဖြတ်နိုင်ပြီး ကင်ဆာပျံ့နှံ့ခြင်းကို တားဆီးနိုင်သည်။ ကြွက်များဖြင့် စမ်းသပ်ချက်အရ ကျွဲကောသီးအခွံမှရသော အဆီသည် အကျိတ်ကြီးထွားမှုကို နှေးကွေးစေသည်။

ကျွဲကောသီးတွင် ပါဝင်သော antioxidants များထဲမှ အဓိကတစ်ခုဖြစ်သည့် naringenin သည် ဆီးကျိတ်ကင်ဆာနှင့် ပန်ကရိယကင်ဆာဆဲလ်များကို သတ်ဖြတ်ပေးကြောင်းနှင့် အဆုတ်ကင်ဆာပျံ့နှံ့ခြင်းကိုလျော့ပါးစေကြောင်း စမ်းသပ်မှုလေ့လာမှုများအရ သိရပါသည်။

 

၉။ နေ့စဉ်စားနေကျအစားအစာတွင် ပေါင်းထည့်ခြင်း

ဒေသတွင်း အာရှဈေးကွက်တွင် ကျွဲကောသီးကို ၀ယ်ယူနိုင်ပြီး ကျွဲကောသီးအခွံခြောက်ကို အွန်လိုင်းပေါ်တွင် အလွယ်တကူရရှိနိုင်ပါသည်။ ကျွဲကောသီအခွံခြောက်ကို အာရှနိုင်ငံအချို့တွင် သကြားလုံးအနေဖြင့် စားသုံးလေ့ရှိသည်။ ကျွဲကောသီအခွံခြောက်သည် ရိုးရိုးကျွဲကောသီးထက် သကြားဓာတ်ပိုများသည်။ ကျွဲကောသီးကို သရေစာအဖြစ် စားသုံးနိုင်သည့်အပြင် ချက်ပြုတ်ရာတွင်လည်း ရှောက်သီး၊ သံပုရာသီးတို့အစားအသုံးပြုနိုင်သည်။

အနှစ်ချုပ်ပြောရလျှင် ကျွဲကောသီးသည် လူသားတိုင်း လိုအပ်သော ဗီတာမင်စီ၊ ပိုတက်စီယမ်နှင့် အမျှင်ဓာတ်များ မျှတစွာပါဝင်ပြီး သကြားဓာတ်နည်းသောကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုသော အသီးဖြစ်သည်။ အိုမင်းရင့်ရော်ခြင်းကင်းဝေးပြီး အရွယ်တင်နုပျိူစေခြင်းကြောင့် လူသားတိုင်း စားသုံးသင့်ပါသည်။

pomelo-fruit

Read times Last modified on Friday, 15 January 2021 10:32
Rate this item
(0 votes)