Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ဦးနှောက်မပျက်စီးအောင် အစပ်ရှောင်

Unicode

ဦးနှောက်မပျက်စီးအောင် အစပ်ရှောင်


အစပ်စားခြင်းက ခန္ဓာကိုယ် အလေးချိန်ကို လျော့ကျစေနိုင်တယ်လို့ လေ့လာမှုအရ သိပေမယ့် ယခုနောက်ဆုံး ပြုလုပ်ခဲ့တဲ့ သုတေသနအရဆိုရင်တော့ အစပ် အလွန်အကျွံစားခြင်းက မှတ်ဉာဏ်ကို ချို့ယွင်းစေပြီး ဦးနှောက် ပျက်စီးခြင်းအထိ ဖြစ်စေနိုင်တယ်လို့ ဖတ်ရပါတယ်။


ယင်းသုတေသန လေ့လာမှုဟာဆိုရင်တော့ အချိန်အတန်ကြာယူပြီးလူပေါင်း ၄,၅၀၀ ခန့်ကို ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုလည်း ဖြစ်ပါတယ်။


Inspection Services (38) ကုန်ပစ္စည်းစစ်ဆေးရေးလုပ်ငန်းများ (၃၈) ခုကိုရှာရန်နှိပ်ပါ။


လူပေါင်း ၄,၀၀၀ ကျော်ကို ပြုလုပ်ခဲ့တဲ့ ဒီလေ့လာမှုမှာဆိုရင်တော့ တစ်ရက်ကို ငရုတ်သီး (၅၀ ဂရမ်) စားသုံးသူတွေက မစားသုံးသူတွေထက် ဦးနှောက် ပျက်စီးနိုင်ခြေ နှစ်ဆ မြင့်တက်နေပြီး မေ့လျော့ခြင်းနဲ့ မှတ်ဉာဏ် အားနည်းလာခြင်းတို့ပါ ဖြစ်ပေါ်နေကြောင်းကို လေ့လာတွေရှိခဲ့ပါတယ်။


ယင်းလေ့လာမှုအတွက် ငရုတ်သီးစားသုံးမှုများတဲ့ အာရှနိုင်ငံတွေမှာ အဓိကထား ပြုလုပ်ခဲ့တာဖြစ်ပြီး ငရုတ်သီးစိမ်းဖြစ်ဖြစ်၊ ငရုတ်သီးခြောက်ဖြစ်ဖြစ် အစပ် အရသာရှိတဲ့ ဘယ်ငရုတ်သီး အမျိုးအစားမဆို အလွန်အကျွံစားသုံးခြင်းက ဦးနှောက် မှတ်ဉာဏ်ကို ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။

ငရုတ်သီးမှာပါဝင်တဲ့ Capsaicin ဆိုတဲ့ ဓာတုဒြပ်ပေါင်း တစ်မျိုးဟာ အနည်းအကျဉ်းလောက် စားသုံးမယ်ဆိုရင် အာရုံကြောတွေကို လန်းဆန်းတက်ကြွတာ မှန်ပေမယ့် အလွန်အကျွံ စားသုံးမယ်ဆိုရင်  ဦးနှောက်ကို ထိခိုက်စေနိုင်တယ်လို့ လေ့လာသူတွေထံမှ သိရပါတယ်။

 

Read More >>>>>    အပတ်စဉ် တနင်္ဂနွေနေ့တိုင်းဖွင့်လှစ်မယ့် အော်ဂဲနစ်ဈေးတန်း

 

လေ့လာမှုအရ ခန္ဓာကိုယ်ပိန်ပြီး အစပ်ကြိုက်သူတွေမှာဆိုရင် ဦးနှောက် ပျက်စီးနိုင်ခြေ ပိုများကြောင်း သိရပါတယ်။


ငရုတ်သီးလိုမျိုး စပ်တဲ့အစားအစာတွေ စားသုံးခြင်းက ခန္ဓာကိုယ်အလေးချိန်နဲ့ သွေးပေါင်ချိန်အပေါ် သက်ရောက်မှုရှိပြီး ကောင်းမွန်စေနိုင်တယ်လို့ သိထားပေမယ့် အခုနောက်ဆုံး လေ့လာချက်အရဆိုရင် သတိပြုရမယ့် အရာတစ်ခု ဖြစ်နေပါပြီ။


"ငရုတ်ကောင်းတို့၊ ငရုတ်ပွတို့လို ငရုတ် အနွယ်ဝင်တွေက ဦးနှောက်ကို ဘာမှ မဖြစ်စေပေမယ့် ငရုတ်သီးအစားများခြင်းကတော့ ဦးနှောက်ကို ပျက်စီးတဲ့အထိ ဖြစ်စေနိုင်တာကြောင့် အစပ်ကြိုက်သူတွေကို ဆင်ခြင်စားသုံးစေချင်ပါတယ်” လို့ လေ့လာမှုမှာ ပါဝင်တဲ့ ဒေါက်တာဇူမင်ရှီ( Zumin Shi) က ပြောကြားခဲ့ပါတယ်။

 

#Myanmar Food Industry Directory

 

 

 

ဦးေႏွာက္မပ်က္စီးေအာင္ အစပ္ေရွာင္


အစပ္စားျခင္းက ခႏၶာကိုယ္ အေလးခ်ိန္ကို ေလ်ာ့က်ေစနိုင္တယ္လို႔ ေလ့လာမႈအရ သိေပမယ့္ ယခုေနာက္ဆုံး ျပဳလုပ္ခဲ့တဲ့ သုေတသနအရဆိုရင္ေတာ့ အစပ္ အလြန္အကြ်ံစားျခင္းက မွတ္ဉာဏ္ကို ခ်ိဳ႕ယြင္းေစၿပီး ဦးေႏွာက္ ပ်က္စီးျခင္းအထိ ျဖစ္ေစနိုင္တယ္လို႔ ဖတ္ရပါတယ္။


ယင္းသုေတသန ေလ့လာမႈဟာဆိုရင္ေတာ့ အခ်ိန္အတန္ၾကာယူၿပီးလူေပါင္း ၄,၅၀၀ ခန႔္ကို ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈတစ္ခုလည္း ျဖစ္ပါတယ္။

 

Inspection Services (38) ကုန္ပစၥည္းစစ္ေဆးေရးလုပ္ငန္းမ်ား (၃၈) ခုကိုရွာရန္ႏွိပ္ပါ။


လူေပါင္း ၄,၀၀၀ ေက်ာ္ကို ျပဳလုပ္ခဲ့တဲ့ ဒီေလ့လာမႈမွာဆိုရင္ေတာ့ တစ္ရက္ကို င႐ုတ္သီး (၅၀ ဂရမ္) စားသုံးသူေတြက မစားသုံးသူေတြထက္ ဦးေႏွာက္ ပ်က္စီးနိုင္ေျခ ႏွစ္ဆ ျမင့္တက္ေနၿပီး ေမ့ေလ်ာ့ျခင္းနဲ႔ မွတ္ဉာဏ္ အားနည္းလာျခင္းတို႔ပါ ျဖစ္ေပၚေနေၾကာင္းကို ေလ့လာေတြရွိခဲ့ပါတယ္။

 

ယင္းေလ့လာမႈအတြက္ င႐ုတ္သီးစားသုံးမႈမ်ားတဲ့ အာရွနိုင္ငံေတြမွာ အဓိကထား ျပဳလုပ္ခဲ့တာျဖစ္ၿပီး င႐ုတ္သီးစိမ္းျဖစ္ျဖစ္၊ င႐ုတ္သီးေျခာက္ျဖစ္ျဖစ္ အစပ္ အရသာရွိတဲ့ ဘယ္င႐ုတ္သီး အမ်ိဳးအစားမဆို အလြန္အကၽြံစားသုံးျခင္းက ဦးေႏွာက္ မွတ္ဉာဏ္ကို ထိခိုက္ေစနိုင္တယ္လို႔ သိရပါတယ္။

 


င႐ုတ္သီးမွာပါဝင္တဲ့ Capsaicin ဆိုတဲ့ ဓာတုျဒပ္ေပါင္း တစ္မ်ိဳးဟာ အနည္းအက်ဥ္းေလာက္ စားသုံးမယ္ဆိုရင္ အာ႐ုံေၾကာေတြကို လန္းဆန္းတက္ႂကြတာ မွန္ေပမယ့္ အလြန္အကၽြံ စားသုံးမယ္ဆိုရင္  ဦးေႏွာက္ကို ထိခိုက္ေစနိုင္တယ္လို႔ ေလ့လာသူေတြထံမွ သိရပါတယ္။

 


Read More >>>>>    အပတ္စဥ္ တနဂၤေႏြေန႕တိုင္းဖြင့္လွစ္မယ့္ ေအာ္ဂဲနစ္ေစ်းတန္း

 


ေလ့လာမႈအရ ခႏၶာကိုယ္ပိန္ၿပီး အစပ္ႀကိဳက္သူေတြမွာဆိုရင္ ဦးေႏွာက္ ပ်က္စီးနိုင္ေျခ ပိုမ်ားေၾကာင္း သိရပါတယ္။

 

င႐ုတ္သီးလိုမ်ိဳး စပ္တဲ့အစားအစာေတြ စားသုံးျခင္းက ခႏၶာကိုယ္အေလးခ်ိန္နဲ႔ ေသြးေပါင္ခ်ိန္အေပၚ သက္ေရာက္မႈရွိၿပီး ေကာင္းမြန္ေစနိုင္တယ္လို႔ သိထားေပမယ့္ အခုေနာက္ဆုံး ေလ့လာခ်က္အရဆိုရင္ သတိျပဳရမယ့္ အရာတစ္ခု ျဖစ္ေနပါၿပီ။

 

"င႐ုတ္ေကာင္းတို႔၊ င႐ုတ္ပြတို႔လို င႐ုတ္ အႏြယ္ဝင္ေတြက ဦးေႏွာက္ကို ဘာမွ မျဖစ္ေစေပမယ့္ င႐ုတ္သီးအစားမ်ားျခင္းကေတာ့ ဦးေႏွာက္ကို ပ်က္စီးတဲ့အထိ ျဖစ္ေစနိုင္တာေၾကာင့္ အစပ္ႀကိဳက္သူေတြကို ဆင္ျခင္စားသုံးေစခ်င္ပါတယ္” လို႔ ေလ့လာမႈမွာ ပါဝင္တဲ့ ေဒါက္တာဇူမင္ရွီ( Zumin Shi) က ေျပာၾကားခဲ့ပါတယ္။

 


#Myanmar Food Industry Directory

Read times Last modified on Friday, 28 February 2020 14:43
Rate this item
(0 votes)