Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


နေ့လည်စာကို ကျန်းမာရေးအညီဘယ်လိုစားကြမလဲ ????

Unicode >>>

နေ့လည်စာကို ကျန်းမာရေးအညီဘယ်လိုစားကြမလဲ ????


နေ့လည်စာဆိုတာ လူတိုင်းအတွက် အရေးကြီးဆုံးဖြစ်ပါတယ်။ တစ်နေ့တာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်စွမ်း ပေးနိုင်သလို ပမာဏအများဆုံး စားသင့်တဲ့အချိန်လည်း ဖြစ်ပါတယ်။


အချိန်လုပြီး ရုံးပြေးနေရတဲ့ ဝန်ထမ်းတွေအတွက် နေ့လယ်စာ ထမင်းဘူးထည့်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီလိုနဲ့အပြင်စာတွေ ထွက်စားဖြစ်ကြတဲ့အခါ ရောဂါတွေဖြစ်လာနိုင်ပါတယ်။


Dairies နို့ထွက်ပစ္စည်းလုပ်ငန်းများ (၈၁) ခုကိုရှာရန်နှိပ်ပါ။


အပြင်စာကတော့ ဘယ်လောက်ပဲ ကောင်းပါတယ်ပြောပြော အိမ်မှာ ချက်ပြုတ်ပြင်ဆင်သွားတာလောက် စိတ်မချရပါဘူး။


အာဟာရပြည့်တဲ့ နေ့လယ်စာဖြစ်ဖို့ဆိုရင် ကိုယ်တိုင်အချိန်နည်းနည်းယူပြီး ချက်ပြုတ်ပြင်ဆင်သွားတာ ရေရှည် အကောင်းဆုံးပါပဲ။


နေ့တိုင်းအပြင်မှာ ဝယ်စားရတာထက် ကိုယ့်အိမ်က ထမင်းချိုင့်ထည့်သွားလိုက်ရင် ပိုက်ဆံစုမိရာလည်း ရောက်ပါတယ်။


Read More >>>>>  ထမင်းမြိန်စေမယ့် ငါးသလောက်ပေါင်း


စရိတ်နည်းနည်းနဲ့ ချက်ပြုတ်ပြင်ဆင်နိုင်တဲ့ အစားအစာတွေ အများကြီးရှိတာ ကိုယ်တိုင်ပြင်ဆင် ချက်ပြုတ်ကြည့်တဲ့အခါ သိလာပါလိမ့်မယ်။


အာဟာရလည်းပြည့် စရိတ်လည်း သက်သာသလို ကျန်းမာရေးနဲ့လည်း ညီညွတ်မျှတတဲ့ နေ့လယ်စာ ဖြစ်ဖို့ဆိုရင် ကိုယ်တိုင်ချက်ပြု ပြင်ဆင်သွားတာ အကောင်းဆုံးပါပဲ။


မနက်စောစော အချိန်မပေးနိုင်ဘူးဆိုရင် ညစာချက်ရင်း ပိုသွားတဲ့ဟင်းတွေကို သပ်သပ်ဖယ်ထားပါ။ သို့မဟုတ်လည်း ညဘက် ပြင်ဆင်လို့ရတဲ့ ဟင်းဆိုရင် ကြိုချက်ထားပါ။


တစ်ပတ်တစ်ခါ အလုပ်ပိတ်တဲ့နေ့မျိုးမှာ အလွယ်တကူ ထည့်သွားနိုင်တဲ့ အကြော်အလှော်တွေပြင်ဆင်ထားလိုက်ရင် မနက်စောစော အချိန်အများကြီး ပေးစရာ မလိုဘဲ အဆင်သင့်ပြင်ဆင်နိုင်ပါတယ်။


ညတည်းက ချက်ထားတဲ့ဟင်းတွေကို ရေခဲသေတ္တာထဲ ထည့်ထားပြီး သွားခါနီးမှ ထုတ်ယူသွားတာလည်း မကောင်းပါဘူး။ ကြိုချက်ထားတဲ့ ဟင်းတွေကို ရေခဲသေတ္တာထဲက အိပ်ရာနိုးနိုးချင်း ထုတ်ထားပြီး ပူအောင်ပြန် နွှေးသွားသင့်ပါတယ်။


ဟင်းတွေအကြာကြီး ပူပူနွေးနွေး ဖြစ်နေအောင် ထမင်းဘူးကို အပူဓာတ်ထိန်းပေးနိုင်တဲ့ အမျိုးအစားရွေးသုံးပါ။


ထမင်းချိုင့်ထည့်ရင်လည်း တစ်ခွက်တည်းနဲ့ ရောပြီး အကုန်ထည့်သွားတာထက် အကန့်လေးတွေပါတဲ့ ထမင်းဘူးထဲ တစ်ကန့်စီ စနစ်တကျ ထည့်ပါ။ ထမင်းချိုင့် ထည့်တဲ့အခါ အာဟာရဓာတ် မျှတအောင် ထည့်ပါ။


အသားကြီးပဲ ထည့်သွားတာထက် အသား၊ အသီးအရွက်၊ ငါး စသဖြင့် အာဟာရမျှတအောင် ပြင်ဆင်သင့်သလို ထမင်းစားပြီး အချိုတည်းဖို့အသီးအနှံ ဖြစ်ဖြစ်၊ အစေ့အဆန်ဖြစ်ဖြစ် ပါအောင်ထည့်ပါ။


ရုံးပိတ်တဲ့အချိန်တွေမှာ နေ့လည်စာအတွက် သင့်တော်တဲ့ ဟင်းတွေကို ကြိုစဉ်းစားပြီး ရေးမှတ်ထားရင်လည်း တစ်ရက်တစ်ရက် ခေါင်းခဲစရာ မလိုတော့ဘူးပေါ့။ နေ့တိုင်း ချက်ပြုတ်ပြင်ဆင်ချင်စိတ်ဖြစ်နေအောင် လုပ်ဖို့ဆိုတာ အပြောထက် အလုပ်က ပိုခက်ပါတယ်။


# MFID

 

 

 

Zawgyi >>> 

ေန႕လည္စာကို က်န္းမာေရးအညီဘယ္လိုစားၾကမလဲ ????

 

ေန႕လည္စာဆိုတာ လူတိုင္းအတြက္ အေရးႀကီးဆံုးျဖစ္ပါတယ္။ တစ္ေန႕တာ လိုအပ္တဲ့ အာဟာရဓာတ္ေတြကို ျဖည့္စြမ္း ေပးနိုင္သလို ပမာဏအမ်ားဆံုး စားသင့္တဲ့အခ်ိန္လည္း ျဖစ္ပါတယ္။

 

အခ်ိန္လုၿပီး ရံုးေျပးေနရတဲ့ ဝန္ထမ္းေတြအတြက္ ေန႕လယ္စာ ထမင္းဘူးထည့္ဖို႕ဆိုတာ ခက္ခဲပါတယ္။ ဒီလိုနဲ႕အျပင္စာေတြ ထြက္စားျဖစ္ၾကတဲ့အခါ ေရာဂါေတြျဖစ္လာႏိုင္ပါတယ္။

 

Dairies ႏို႔ထြက္ပစၥည္းလုပ္ငန္းမ်ား (၈၁) ခုကိုရွာရန္ႏွိပ္ပါ။

 

အျပင္စာကေတာ့ ဘယ္ေလာက္ပဲ ေကာင္းပါတယ္ေျပာေျပာ အိမ္မွာ ခ်က္ျပဳတ္ျပင္ဆင္သြားတာေလာက္ စိတ္မခ်ရပါဘူး။

 

အာဟာရျပည့္တဲ့ ေန႕လယ္စာျဖစ္ဖို႕ဆိုရင္ ကိုယ္တိုင္အခ်ိန္နည္းနည္းယူၿပီး ခ်က္ျပဳတ္ျပင္ဆင္သြားတာ ေရရွည္ အေကာင္းဆံုးပါပဲ။

 

ေန႕တိုင္းအျပင္မွာ ဝယ္စားရတာထက္ ကိုယ့္အိမ္က ထမင္းခ်ဳိင့္ထည့္သြားလိုက္ရင္ ပိုက္ဆံစုမိရာလည္း ေရာက္ပါတယ္။

 

Read More >>>>>  ထမင္းၿမိန္ေစမယ့္ ငါးသေလာက္ေပါင္း

 

စရိတ္နည္းနည္းနဲ႕ ခ်က္ျပဳတ္ျပင္ဆင္နိုင္တဲ့ အစားအစာေတြ အမ်ားႀကီးရွိတာ ကိုယ္တိုင္ျပင္ဆင္ ခ်က္ျပဳတ္ၾကည့္တဲ့အခါ သိလာပါလိမ့္မယ္။

 

အာဟာရလည္းျပည့္ စရိတ္လည္း သက္သာသလို က်န္းမာေရးနဲ႕လည္း ညီညြတ္မွ်တတဲ့ ေန႕လယ္စာ ျဖစ္ဖို႕ဆိုရင္ ကိုယ္တိုင္ခ်က္ျပဳ ျပင္ဆင္သြားတာ အေကာင္းဆံုးပါပဲ။

 

မနက္ေစာေစာ အခ်ိန္မေပးနိုင္ဘူးဆိုရင္ ညစာခ်က္ရင္း ပိုသြားတဲ့ဟင္းေတြကို သပ္သပ္ဖယ္ထားပါ။ သို႕မဟုတ္လည္း ညဘက္ ျပင္ဆင္လို႕ရတဲ့ ဟင္းဆိုရင္ ႀကိဳခ်က္ထားပါ။

 

တစ္ပတ္တစ္ခါ အလုပ္ပိတ္တဲ့ေန႕မ်ိဳးမွာ အလြယ္တကူ ထည့္သြားနိုင္တဲ့ အေၾကာ္အေလွာ္ေတြျပင္ဆင္ထားလိုက္ရင္ မနက္ေစာေစာ အခ်ိန္အမ်ားႀကီး ေပးစရာ မလိုဘဲ အဆင္သင့္ျပင္ဆင္နိုင္ပါတယ္။

 

ညတည္းက ခ်က္ထားတဲ့ဟင္းေတြကို ေရခဲေသတၱာထဲ ထည့္ထားၿပီး သြားခါနီးမွ ထုတ္ယူသြားတာလည္း မေကာင္းပါဘူး။ ႀကိဳခ်က္ထားတဲ့ ဟင္းေတြကို ေရခဲေသတၱာထဲက အိပ္ရာနိုးနိုးခ်င္း ထုတ္ထားၿပီး ပူေအာင္ျပန္ ေႏႊးသြားသင့္ပါတယ္။

 

ဟင္းေတြအၾကာႀကီး ပူပူေႏြးေႏြး ျဖစ္ေနေအာင္ ထမင္းဘူးကို အပူဓာတ္ထိန္းေပးနိုင္တဲ့ အမ်ိဳးအစားေရြးသံုးပါ။

 

ထမင္းခ်ဳိင့္ထည့္ရင္လည္း တစ္ခြက္တည္းနဲ႕ ေရာၿပီး အကုန္ထည့္သြားတာထက္ အကန္႕ေလးေတြပါတဲ့ ထမင္းဘူးထဲ တစ္ကန္႕စီ စနစ္တက် ထည့္ပါ။ ထမင္းခ်ိဳင့္ ထည့္တဲ့အခါ အာဟာရဓာတ္ မွ်တေအာင္ ထည့္ပါ။


အသားႀကီးပဲ ထည့္သြားတာထက္ အသား၊ အသီးအရြက္၊ ငါး စသျဖင့္ အာဟာရမွ်တေအာင္ ျပင္ဆင္သင့္သလို ထမင္းစားၿပီး အခ်ဳိတည္းဖို႕အသီးအနွံ ျဖစ္ျဖစ္၊ အေစ့အဆန္ျဖစ္ျဖစ္ ပါေအာင္ထည့္ပါ။

 

ရံုးပိတ္တဲ့အခ်ိန္ေတြမွာ ေန႕လည္စာအတြက္ သင့္ေတာ္တဲ့ ဟင္းေတြကို ႀကိဳစဥ္းစားၿပီး ေရးမွတ္ထားရင္လည္း တစ္ရက္တစ္ရက္ ေခါင္းခဲစရာ မလိုေတာ့ဘူးေပါ့။ ေန႕တိုင္း ခ်က္ျပဳတ္ျပင္ဆင္ခ်င္စိတ္ျဖစ္ေနေအာင္ လုပ္ဖို႕ဆိုတာ အေျပာထက္ အလုပ္က ပိုခက္ပါတယ္။

 

# MFID

 

Read times Last modified on Tuesday, 10 March 2020 17:39
Rate this item
(0 votes)