Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ဒန့်သလွန်သီးအစေ့ခြောက်၏ အကျိုးကျေးဇူးများ


ဒန့်သလွန်ရွက် ဟင်းချိုချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် အစာကြေစေပြီး သွေးတိုးနဲ့ မူးမော်တတ်ခြင်းကို သက်သာစေပါတယ်။



ဒန့်သလွန်ရွက်အစိမ်းကိုထောင်း၊ အရည်ညှစ်၊ ဆားအနည်းငယ်ခပ်၍တိုက်လျှင် ချောင်းဆိုး၊ ကိုယ်ပူ အဖျားရောဂါသက်သာစေပါတယ်။



ဒန့်သလွန်ရွက်သတ္တုရည်ကိုမျက်စဉ်းခပ်ပေးလျှင် ခေါင်းကြီးကိုက်ရောဂါသက်သာစေပါတယ်။



ဒန့်သလွန်သီးကို မီးဖုတ်ပြီး အတွင်းမှအစေ့နှင့်အသားကိုခြစ်ယူပြီး ကြက်ဥနှင့်ရောကြော်စားသော်သွေးဝမ်း၊ လိပ်ခေါင်းသွေးကျရောဂါသက်သာစေပါတယ်။



ဒန့်သလွန်သီးအရင့်ကို နေခြောက်လှန်း အစေ့ခြောက်ကို ဖန်ပုလင်းဖြင့်သိမ်းထားပါ။ သွေးတိုးလျှင်နှစ်စေ့၊ သုံးစေ့ဝါးစားပါ။ ပြီးလျှင် ရေအဝသောက်ပါ၊ နာရီဝက် အတွင်းသွေးတိုးကျပါတယ်။



နှလုံးသွေးကြောကျဉ်းရောဂါရှိလျှင် အစေ့ခြောက်ကိုအမှုန့်ထောင်း ပြီးပျားရည်နှင့်နေ့စဉ် ဟင်းစားဇွန်းတစ်ဇွန်းခန့်စားပါ။



ရင်ကြပ်၊ သွေးတိုး၊ နှလုံးမောရောဂါရှိလျှင် ဒန့်သလွန်သီးအစေ့အခြောက်အမှုန့်နှင့် ချင်းခြောက်မှုန့်ဆတူရောစပ်ပြီးရေနွေးနှင့်သောက်ပါ။



ဒန့်သလွန်သီးအစေ့ခြောက်ကို နေလှန်းပြီး သိမ်းထားလျှင် နှစ်ကြာသည်အထိ အာနိသင်မပျက်စီးနိုင်ပါ။

Read times Last modified on Wednesday, 03 October 2018 16:50
Rate this item
(2 votes)