Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ခန္ဓာကိုယ် တောင့်တင်းကျစ်လစ်စေမယ့် အစားအစာများ

ခန္ဓာကိုယ်ကို တောင့်တင်းကျစ်လစ်စေဖို့အတွက် ဒါတွေစားဖို့ လိုပါတယ်။

 

အမဲသား


သန်စွမ်းပြီး တင်းရင်းကျစ်လစ်တဲ့ ခန္ဓာကိုယ် ရရှိစေဖို့ အမဲသားက စားသင့်တဲ့ အစားအစာ တစ်မျိုးပါ။ အမဲသားမှာ သံဓာတ်၊ ဇင့်၊ အဆီဓာတ်နဲ့ ဗီတာမင် B အုပ်စု ပါဝင်ပါတယ်။ ပရိုတိန်းဓာတ်နဲ့ အမိုင်နိုအက်စစ် ကြွယ်ဝတဲ့ အမဲသားက ခန္ဓာကိုယ် ကြွက်သားတွေ တောင့်တင်း ကျစ်လစ်စေပါတယ်။

 

ဒိန်ခဲပျော့


ဒိန်ခဲပျော့မှာ ပါဝင်တဲ့ caseinn ပရိုတိန်းဓာတ်က ခန္ဓာကိုယ် ကြွက်သားတွေ တင်းတင်းရင်းရင်း ရှိစေဖို့ အထောက်အကူ ပြုပါတယ်။ ဒိန်ခဲပျော့မှာ ဗီတာမင် B12၊ အကျိုးပြု အဆီဓာတ်၊ ကယ်လ်စီယမ်နဲ့ အခြား အာဟာရဓာတ်တွေလည်း ပါဝင်ပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ်ရစေဖို့ ကူညီပေးပါတယ်။

 

Read More >>>>>    ထမင်းမြိန်စေမယ့် သီးစုံပဲကုလားဟင်း

 

ကြက်ဥ


ကြက်ဥအပါအဝင် ဥတွေမှာ ပရိုတိန်းဓာတ်၊ အကျိုးပြု အဆီဓာတ်၊ အမိုင်နိုအက်စစ်၊ ဗီတာမင် D နဲ့ choline တို့ ပါဝင်ပါတယ်။ ကြက်ဥက ကြွက်သားတွေ ဖွံ့ဖြိုးမှုကို အထောက်အကူပြုပြီး ခန္ဓာကိုယ်ကို တင်းရင်းကျစ်လစ်စေပါတယ်။

 

ငါး


ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ ငါး စားခြင်းက ခန္ဓာကိုယ် တင်းရင်းကျစ်လစ်နေစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ငါးစားခြင်းက ဦးနှောက်အတွက်သာမက ခန္ဓာကိုယ် ကြွက်သားတွေအတွက်လည်း ကောင်းမွန်ပါတယ်။ ဆဲလ်မွန်၊ တူနာ၊ မက်ကရယ်၊ ဆာဒင်း စတဲ့ ပင်လယ်ငါးတွေ စားသင့်ပါတယ်။

 

ဂျုံနှင့်လုပ်သော မုန့်များ


ဂျုံနဲ့လုပ်ထားတဲ့ ပေါင်မုန့် အပါအဝင် မုန့်အမျိုးမျိုးက ခန္ဓကိုယ် ကြွက်သားတွေ ကျစ်လစ်နေစေဖို့ အထောက်အကူ ပြုပါတယ်။

 

နို့


နို့သောက်ခြင်းက အရိုးတွေ သန်မာစေသလို ကြွက်သားတွေကိုလည်း ကျစ်လစ်စေပါတယ်။

 

Source: Daily Health

Read times Last modified on Friday, 21 June 2019 11:01
Rate this item
(1 Vote)