Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အသင့်စားခေါက်ဆွဲထုပ်များ စားသင့်မစားသင့်ချင့်ချိန်ကြ

ဈေးနှုန်းသက်သာပြီး မြန်မြန် ရေနွေးလေးနဲ့ပြုတ်လိုက်ရုံနဲ့ ချက်ချင်း အရသာရှိတဲ့ ခေါက်ဆွဲပြုတ်တစ်ပွဲကို ရရှိစေတဲ့ အသင့်စား

ခေါက်ဆွဲထုပ်တွေ တဖြည်းဖြည်းနဲ့လူတွေ ပိုမိုစားသုံးလာကြပါတယ်။

 

အသင့်စားခေါက်ဆွဲခြောက်ထုပ်များတွင် အမွေးအကြိုင်၊ ဆီတွေ ၊ အရသာမှုန့်တွေထည့်ပြီး ၃ မိနစ်အတွင်းရရှိတဲ့ ရှလွတ် ရှလွတ်ခေါက်ဆွဲ
ပြုတ်တွေမှာ carbohydrates များစွာပါဝင်ပြီး သင့်ကို ဝလာစေပါတယ်။ ပရိုတိန်းဓာတ်၊ အမျှင်ဓာတ် နဲ့ ဗီတာမင်တို့ဟာ အလွန်နည်းပါးပါတယ်။ လူအချို့ ကတော့ ယနေ့အထိ အာဟာရဖြစ်မှန်းမဖြစ်မှန်း မသိဘဲ သုံးဆောင်နေကြဆဲပဲ။

 

တောင်ကိုရီးယားမှာ လူလတ်ပိုင်းမှ သက်ကြီးပိုင်းအရွယ်ရှိတဲ့ လူပေါင်းတစ်သောင်းကျော်ကို ကျန်းမာရေးစစ်ဆေးတဲ့အခါ အမျိုးသမီးအများစု စားသုံးထားတဲ့ ခေါက်ဆွဲတွေကြောင့် အန္တရာယ်ရှိ metabolic syndrome တွေအဖြစ်များတာတွေ့ခဲ့ရပါတယ်။ ယောက်ျားလေးတွေမှာတော့ မတွေ့ရှိခဲ့ဘူးလို့ ဆိုပါတယ်။ Metabolic syndrome ဟာ သွေးထဲ သကြားဓာတ်များစေပြီး သွေးဖိအားမြင့်တက်စေကာ ဆီးချို ၊ သွေးခဲပိတ်ခြင်းနဲ့ နှလုံးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

 

WINA အရ နိုင်ငံမှာ ၅၂ နိုင်ငံမှာ အသင့်စားခေါက်ဆွဲစားသုံးသူ ၉၇.၇ ဘီလီလျံခန့်ရှိကြောင်း သိရပါတယ်။  အဲ့ဒီနိုင်ငံတွေမှာ စားသုံးသူအများဆုံး နိုင်ငံကတော့ တရုတ်ပဲဖြစ်

ပါတယ်။ သူတို့ဆီမှာ အသင့်စားခေါက်ဆွဲ စားသုံးသူ ၄ဝ.၄၃ ဘီလီလျံရှိတယ်လို့ ခန့်မှန်းသိရှိရပါတယ်။ အင်ဒိုနီးရှားမှာ ၁၃.၂ဝ ဘီလီလျံ ရှိပါတယ်။ အမေရိကန်မှာတော့ ၂ဝ၁၅ခုနှစ်တုန်းက ၄ဘီလီလျံရှိခဲ့ကြောင်း  သိရပါတယ်။

 

 Read More >>>>> ၀ိတ်ကျချင်သူများအတွက် သခွား၊ သံပရာရည်နှင့် ပူစီနံ ဖျော်ရည်

 

ခန္ဓာကိုယ်အတွက် အာဟာရမဖြစ် ဆိုးကျိုးတွေသာပေးနိုင်တဲ့ Junk Food တွေပဲဖြစ်ပါတယ်။ ဟားဗတ်နဲ့ Baylor တက္ကသိုလ်များရဲ့လေ့လာမှုအရ အသင့်စားခေါက်ဆွဲတွေဟာ နှလုံးရောဂါနဲ့ သွေးခဲပိတ်ရောဂါတွေဖြစ်စေနိုင်တယ်လို့ Washington Post မှာဖော်ပြထားကြောင်း သိရပါတယ်။

 

အိန္ဒိယမှာတော့ FSSAI အဖွဲ့အစည်းက ကျန်းမာရေးနဲ့မညီညွတ်တဲ့ အသင့်စားခေါက်ဆွဲထုတ်တွေကို ပိတ်ပင်နေပြီလို့လည်း သိရပါတယ်။ ရောင်းတဲ့သူတွေက ရောင်းနေပေမယ့်လည်း ဖြစ်ခဲ့ရင်ကိုယ်ပဲခံရမှာမို့လို့ အတတ်နိုင်ဆုံး ပိုက်ဆံနဲ့ ရောဂါပေးမ၀ယ်ပဲ အခြားအာဟာရဖြစ်မယ့် အစားစာတွေကိုသာ စားသုံးရန် Myanmar Food Industry Directory မှ တိုက်တွန်းလိုက်ရပါတယ်။

Read times Last modified on Tuesday, 18 September 2018 12:08
Rate this item
(3 votes)