Food & Health
မာလကာသီးအစေ့ရဲ့ အကျိုးအာနိသင်များ
မာလကာသီးဟာ ကျန်းမာရေးအတွက်ကောင်းကျိုးများစွာရှိတဲ့အပြင် niacin၊ ဗီတာမင် C၊ ဗီတာမင် A ၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊
ကယ်လ်စီယမ်နဲ့ thiamine တို့ပါဝင်ပါတယ်။ မာလကာသီး က လေပွခြင်းကိုသက်သာစေပြီး အစာကြေလွယ်စေ၊ အရောင်ကျစေတဲ့ အပြင် ပဋိဇီဝပိုးမွှားတွေကိုလည်း သေစေနိုင်ပါတယ်။
မာလကာသီးက ဝက်ခြံပျောက်ခြင်း၊လိပ်ခေါင်းပျောက်ခြင်း၊ ဆီးချိုဖြစ်နိုင်ခြေလျော့နည်းခြင်း၊ သန္ဓေရရှိနိုင်ခြေများခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အချဉ်ပေါက်ခြင်းတို့လို အစာချေဖျက်မှုဆိုင်ရာပြဿနာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။ မာလကာသီးရဲ့အခွံနဲ့အစေ့မှာ ရောင်ရမ်းမှုကိုလျော့ကျစေပြီး ပဋိဇီဝပိုးမွှားတွေသေစေနိုင်စွမ်းရှိတဲ့ glycosides ၊ carotenoids၊ နဲ့တခြား phenolic နဲ့ flavonoid ဒြပ်ပေါင်းတွေပါဝင်ပါတယ်။
၎င်းအပြင် ဗိုက်ပြည့်စေတဲ့အသီးဖြစ်လို့ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးပါတယ်။ အသီးထဲမှာ အစေ့သေးသေးလေးတွေ အများကြီးပါပေမယ့် အစာချေဖျက်နိုင်မှာမဟုတ်တာကြောင့် စားလို့မရဘဲ စွန့်ပစ်နေရပါတယ်။ မာလကာစေ့ကို ဒီအတိုင်းတော့ အသီးနဲ့အတူ ရောစားလို့မရပါဘူး။ အူအတက်ပေါက်မှာ စိုးရိမ်ရတာကြောင့် မစားရဲရင် ဖျော်ရည်မှာလိုမျိုး အသီးနဲ့အစေ့ကို ရောကြိတ်ပြီးစားနိုင်ပါတယ်။
မာလကာသီးအစေ့ကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးများကတော့ -
သွေးတိုးကျခြင်း
မာလကာမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ သွေးဖိအားကို ကျစေတဲ့ ကျန်းမာရေးအကျိုျးေကျးဇူးရှိပါတယ်။ ဒီဓာတ်ပစ္စည်းနှစ်မျိုးလုံးကို မာလကာသီး အသားမှာရော၊ အစေ့မှာပါ တွေ့ရနိုင်ပါတယ်။ မာလကာသီးမှာပါတဲ့ ပိုတက်ဆီယမ်ဓာတ်ဟာ ငှက်ပျောသီးမှာထက် ပိုတက်ဆီယမ် ၆၀ ရာခိုင်နှိုန်းပိုများပါတယ်။
ပိုတက်ဆီယမ်က သွေးနဲ့ သွေးဖိအားကိုထိန်းညှိရာမှာအကျိုးပြုနိုင်ပြီး မာလကာသီးအစေ့က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ bio-active ဒြပ်ပေါင်းတွေ ကြွယ်ဝတာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်ပါတယ်။
ဝမ်းချုပ် သက်သာခြင်း
မာလကာစေ့ရဲ့အကျိုးကျေးဇူးကတော့ ဝမ်းချုပ်နေတဲ့ပြဿနာကို ဖြေရှင်းပေးနိုင်စွမ်းရှိပါတယ်။ အစေ့မှာ အမျှင်ဓာတ်ပါဝင်တာကြောင့် အူတွင်းလှုပ်ရှားမှုကိုကောင်းစေပါတယ်။ ထို့အပြင် အစာအိမ်အချဉ်ပေါက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးခြင်း
မာလကာသီးဟာ ကင်ဆာဆဲလ်တွေကို တားဆီးပေးပြီး ကင်ဆာဆဲလ်တွေဖြစ်ပေါ်မှုကို ဖြေရှင်းပေးနိုင်ပါတယ်။ သူ့မှာအများအပြားပါတဲ့ lycopene ပါဝင်မှုကြောင့်လည်း ဆီးကျိတ်ကင်ဆာဝေဒနာသည်တွေအတွက် အေးဆေးနေထိုင်သွားလို့ရသလို ရင်သားကင်ဆာလည်း ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။
ကိုလက်စထရောထိန်းချုပ်ပေးခြင်း
ယင်းအပြင် မာလကာစေ့ဟာ polyunsaturated fatty acids တွေကြောင့် သွေးတွင်းကိုလက်စထရောကို ထိန်းချုပ်မှုကို အထောက်အကူပေးပါတယ်။
မာလကာစေ့တွေဟာ အမျှင်ဓာတ်လဲ ကြွယ်ဝတာကြောင့် အူအတွင်း သည်းခြေရည်စုပ်ယူခြင်းမှ ကာကွယ်ပေးပြီး သွေးတွင်းမှ ကိုလက်စထရောကိုလည်း လျှော့ချပေးပါတယ်။ သို့သော် မာလကာစေ့တွေဟာ ကျောက်ကပ်မှာ သွားကပ်မနေဖို့တော့ သတိထားသင့်ပါတယ်။
ထို့ကြောင့် မလိုလားအပ်တဲ့ အရာတွေမဖြစ်အောင် အတိုင်းအတာတစ်ခုထိပဲ စားတာကောင်းပါတယ်။
Source: wunyan