Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကြွက်နားရွက်မှို စားခြင်း၏ အကျိုးကျေးဇူး

နှလုံးရောဂါ လေးဘက်နာရောဂါ အတွက် ကြွက်နားရွက်မှို ကို စားသင့်ပါတယ်။ ငါးရက်တစ်ခါ၊ တစ်ကြိမ်ကို မှိုခြောက်ကို တစ်ကျပ်သား ကုန်အောင် စားသင့်ကြောင်း သိရပါတယ်။

 

ကြွက်နားရွက်မှိုခြောက်ကို ဟင်းချက်စားစား၊ သုပ်စားစား ပုံစံအမျိုးမျိုးလုပ်ပြီး စားသင့်ပါတယ်။ တစ်လအတွင်း ခြောက်ကျပ်သား စားရင် ရကြောင်း သိရပါတယ်။

 

ကြွက်နားရွက်မှို စားခြင်း၏ အကျိုးဆက်က နှလုံးသွေးကြောကျဉ်းတာ၊ ကျယ်တာ၊ နှလုံးအဆီပိတ်တာ၊ မောပန်းနွမ်းနယ်တာ၊ ရင်ကျပ်ပန်းနာ၊ အစာအိမ် လေထိုးလေအောင့် ဝေဒနာ အစုံသက်သာပျောက်ကင်းစေ ကြောင်း သိရပါတယ်။

 

ကြွက်နားရွက်မှိုသုပ်စပ်စပ်လေးကို အိမ်မှာ လုပ်စားရင်လည်း ထမင်းမြိန်စေမှာ သေချာပါတယ်။ သုပ်ဖို့အတွက်ကတော့ ကြွက်နားရွက်၊ ငရုတ်သီးစိမ်း၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီချက်၊ ပုစွန်ခြောက်၊ ကြက်သွန်နီ၊ မျှင်ငါးပိ၊ သံပရာသီးတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံ ကြက်နားရွက်မှိုကို ရေဆေးပြီး ရေစိမ်ပေးထားပါ။

 

Read More >>>>>  အရွယ်စုံ သောက်သုံးနိုင်တဲ့ ပဲနို့ပြုလုပ်နည်း

 

ပြီးရင်တော့ ငရုတ်သီးစိမ်းကို ရေဆေးပြီး လှီးဖြတ်ထားပါ။ ပုစွန်ခြောက်ကို ထောင်းထားပါ။

 

ကြက်သွန်နီကို အခွံခွာပြီး လှီးထားပါ။ မျှင်ငါးပိကို မီးဖုတ်ထားပါ။

 

ပြီးနောက် ကြွက်နားရွက်မှိုကို လှီးဖြတ်ထားတာကို ပန်းကန်ထဲထည့်ပါ။ ပြီးလျှင် ငရုတ်သီးစိမ်း၊ ဆား၊ ဟင်းခတ်မှုန့်၊ ပုစွန်ခြောက်၊ ကြက်သွန်နီ၊ မျှင်ငပိ၊ သံပရာသီးညှစ်၊ ဆီချက်လေး ချက်ပြီး သုပ်စားနိုင်ပါတယ်။

 

Read times Last modified on Friday, 15 March 2019 11:39
Rate this item
(1 Vote)