Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


စားတတ်ရင် ဆေး၊ မစားတတ်ရင် ဘေး ဆိုတဲ့ ဒူးရင်းသီး

ဒူးရင်းသီးကို King of Fruits သစ်သီးတွေရဲ့ ဘုရင်လို့ ဒူးရင်းသီး ကြိုက်သူများက တင်စားခေါ်ဝေါ်ကြပါတယ်။

 

ဒူးရင်းသီးကို ကျန်းမာရေးရူထောင့်က ကြည့်မယ်ဆိုရင် ဒူးရင်းသီးထဲမှာ သကြား၊ ဗီတာမင်၊ ပိုတက်စီယမ်၊ အမိုင်နိုအက်စစ်တွေ ပါဝင်ပါတယ်။ အခြားသောဓာတ်များလည်းများစွာ ပါဝင်နေပါတယ်။ ထို့ကြောင့် ဒူးရင်းသီးက ဘာတွေကောင်းပြီး၊ ဘယ်အရာတွေက မကောင်းစေတာလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

 

ဒူးရင်းသီးမှာ သကြားပါဝင်မှုမြင့်တာကြောင့် ဆီးချိုရောဂါဝေဒနာရှင်များ သတိထားပြီး စားသောက်ဖို့လိုပါတယ်။ သကြားဓာတ်ပါဝင်မှုများတဲ့အတွက် မစားသင့်တဲ့ အသီးထဲမှာပါပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နှင့် တိုင်ပင်ပြီးမှ စားတာက အကောင်းဆုံးပါပဲ။

 

ဒူးရင်းသီးမှာ အမျှင်ဓာတ်များစွာပါဝင်တဲ့အတွက် ဝမ်းသွားခြင်းဆိုင်ရာစနစ်ကို ကောင်းမွန်စေပါတယ်။ ထို့အပြင် ဒူးရင်သီးမှာ အရိုးသန်မာစေခြင်း၊ သွေးအားနည်းရောဂါကာကွယ်ပေးခြင်း၊ ကင်ဆာကာကွယ်ပေးနိုင်တဲ့ ဓာတ်များလည်း ပါဝင်နေပါတယ်။

 

လူတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတာ တစ်ခုကတော့ ဒူးရင်းသီးစားရင် သွေးတိုးတယ် ဆိုတာပါပဲ။ တကယ်တမ်းကျတော့ ဒူးရင်းသီးမှာ ပိုတက်ဆီယမ်ဓာတ်များ ပါဝင်တဲ့အတွက် သွေးတိုးခြင်း မဖြစ်စေနိုင်ပါဘူး။

 

Read More >>>>>  စားသောက်ကုန်ဈေးနှုန်းများ (15.5.2019)

 


အချို့သောလူတွေက ဒူးရင်းသီးကို စားပြီးရင် အိပ်ငိုက်တတ်လေ့ရှိပါတယ်။ ဒူးရင်းသီးမှာ အဆီဓာတ် အရမ်းများတဲ့အတွက် စားပြီးတာနဲ့ အဆီဓာတ်တွေ ခန္ဓာကိုယ်ထဲ ရောက်ရှိလာပြီး အိပ်ငိုက်စေခြင်းကို ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။

 

ထို့အပြင် ဒူးရင်းသီးမှာ အထူးသတိထားဖို့ လိုအပ်တဲ့အချက်များလည်း ရှိနေပါတယ်။  အဲဒါတွေကတော့ ဒူးရင်းသီးကို ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာကိုလာ၊ အရက်၊ ဘီယာ စတာတွေ နဲ့တွဲပြီး မစားသောက်သင့်ပါဘူး။ အကြောင်းကတော့ ဒူးရင်းသီးမှာ ပါဝင်တဲ့ Sulphur နဲ့ ဓာတ်ပြုပြီး သင့်ကို ဒုက္ခရောက်စေနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

 

Ref: Dr.Nyi Nyi Kyaw

Read times Last modified on Thursday, 16 May 2019 09:53
Rate this item
(1 Vote)