Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ဥာဏ်ရည်ထက်မြက်စေမယ့် အစားအစာများ

ကျွန်ုပ်တို့တစ်တွေ နေ့စဉ်ဘ၀မှာ အစားအသောက်စားသုံးတယ်ဆိုတာ ကြိုက်သည်မကြိုက်သည်ထက် ကျွန်ုပ်တို့ရဲ့ ကိုယ်ခန္ဓာဖွံ့ ဖြိုးမှုနဲ့ ဦးနှောက်ထူးချွန်မှုကို ပံ့ပိုးပေးဖို့ပါပဲနော်။

 

အထူးသဖြင့် လူငယ်တွေရဲ့ ဘ၀မှာ ဦးနှောက်ထူးချွန်မှုအတွက် အရမ်းဂရုစိုက်ရမှာဖြစ်လို့ အစားအသောက်ရွေးချယ် စားသောက်ရာမှာ လည်း ဘယ်လိုအစားအသောက်တွေက ဦးနှောက်ကို အားပေးလဲ။ အတွေးအခေါ်နဲ့ မှတ်ဥာဏ်ကို တိုးတက်စေလဲ။

 

ဒီလိုအစားအစာတွေက အရေးပါလာမယ်။ ထို့ကြောင့် ဦးနှောက်ကို ထူးချွန်ထက်မြတ်စေပြီး မှတ်ဥာဏ်ကို တိုးတက်စေတဲ့ အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


လတ်ဆတ်သောသစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များ

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ့ကတော့ ဘယ်အချိန်ထစားစား လူနဲ့ တည့်ပါတယ်။ ကိုယ်ခန္ဓာအတွက်လည်း အထောက်အကူပြု သလို ဦးနှောက်အတွက်လည်း ကောင်းပါတယ်။ အထူးသဖြင့် Antioxidant ကြွယ်ဝပြီး အရောင်အသွေးစိုပြေတဲ့ အသီးအနှံတွေကို ရွေးချယ်စားသုံးဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလိုစားသုံးရာမှာလည်း လက်ဆက်တဲ့ လို့ ပြောထားတဲ့အတိုင်းပဲ လက်လက်ဆက်ဆက် စိုက်ပျိုးထားတာကို သတိပြုရွေးချယ်စားသုံးကြပါနော်။ ဒီဘက်ခေတ်က ဓာတုဗေဒပစ္စည်းတွေ အရမ်းအသုံးများတဲ့အတွက် စိုးရိမ်လို့ပါ။

 

ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီကတော့ ဦးနှောက်မှတ်ဥာဏ်အသီးလို့ တင်စားရလောက်အောင် ဥာဏ်ပညာအတွက် ပံ့ပိုးပေးတဲ့နေရာမှာ ဆရာကြီးပါပဲ။ ဘလူးဘယ်ရီမှာ Flavonoid Phytochemicals ဖြစ်တဲ့ Anthocyanidins ဓာတ် ပါဝင်တာဟာ ဦးနှောက်က ဆဲလ်တွေကို တခြားဆဲလ်တွေနဲ့ ဆက်သွယ်ကူးလူးရာမှာ သူ့ရဲ့ စွမ်းဆောင်ရည်မကျဆင်းအောင် ထိန်းသိမ်းပေး ထားနိုင်တဲ့ ဓာတ်တစ်မျိုးဖြစ်တာကြောင့် ဦးနှောက်ကို  ပံ့ပိုးပေးနိုင်တဲ့အချက်ပဲဖြစ်ပါတယ်။

 

ချောကလက်

ချောကလက် (Chocolate) ကို ရရှိတဲ့ Cocoa ကတော့ ဦးနှောက်အတွင်း သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး အတွေးအခေါ်ဆိုင် ရာ စွမ်းဆောင်ချက်တွေကို အထောက်အကူပြုပါတယ်။ ဒါကြောင် ချောကလက်ကို စားသုံးခြင်းဟာလည်း ဦးနှောက်နဲ့ မှတ်ဥာဏ် အတွက် ကောင်းမွန်ပါတယ်။

 

ခွန်အားဖြည့်မနက်စာ

နောက်တစ်ခုကတော့ မနက်စာစားသုံးဖို့ပါ။ ဒီအတိုင်းဖြစ်သလိုစားသုံးရုံနဲ့တော့ ဘာမှဖြစ်လာမှမဟုတ်ပါဘူး။ တကယ်ကို ကိုယ်ခန္ဓာနဲ့ ဦးနှောက်ကို ခွန်အားဖြည့်ပေးနိုင်တဲ့ ပါဝင်ပစ္စည်းတွေကို အာဟာရပြည့်ဝစွာ စားသုံးပါ။ မနက်စာ စားသုံးခြင်းအားဖြင့် ဦးနှောက်ကို ရွှင်လန်းစေပြီး ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စွာ လည်ပတ်စေပါတယ်။ မနက်စာကို စားသုံးတဲ့အခါ ပရိုတင်းဓာတ်ကြွယ်ဝစွာ စားသုံးဖို့ မမေ့ပါနဲ့။

 

Read times Last modified on Wednesday, 26 December 2018 09:57
Rate this item
(1 Vote)