Food & Health
ငရုတ်ပွသီး၏ အကျိုးကျေးဇူးများ
အစိမ်း၊ အဝါ၊ အနီစတဲ့ အရောင်သုံးမျိုးတွေ့ရတဲ့ ငရုတ်ပွသီးတွေမှာ အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေရှိနေပါတယ်။
ကယ်လိုရီလျော့နည်းခြင်း
ငရုတ်ပွသီးတွေက ကယ်လိုရိပါဝင်မှု လျော့နည်းပါတယ်။ တကယ်လို့ ငရုတ်ပွသီးတစ်ခွက်လုံးအပြည့်စားရင်တောင် ၄၅ ကယ်လိုရီပဲ ရရှိနိုင်ပါတယ်။
ငရုတ်ပွသီးတစ်ခွက်စာပမာဏမှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်အေနဲ့ စီပမာဏထင်ပိုမို ပါဝင်မှုရှိပါတယ်။
ဗီတာမင်စီများများပါဝင်ခြင်း
ငရုတ်ပွသီးမှာ ဗီတာမင်စီများစွာပါဝင်တဲ့အတွက် ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး အသားအရေကိုနုပျိုငယ်ရွယ်စေပါတယ်။
ငရုတ်ပွသီးအမှည့်ဖြစ်တဲ့ အနီရောင်ငရုတ်ပွသီးထဲမှာ ဗီတာမင်စီအမြင့်ဆုံးပမာဏပါဝင်ပါတယ်။
ရောင်ရမ်းမှုလျော့ကျစေခြင်း
ငရုတ်ပွသီးမှာ ဖိုင်တိုကမ်မီကယ်နဲ့ကာရိုတင်း၊ အထူးသဖြင့် ဘီတာကယ်ရိုတင်းတွေ ပါဝင်နေပါတယ်။ ဒါကြောင့် အင်တီအောက်ဆီးဒင့်ကို ရရှိစေသလို ရောင်ရမ်းမှုကို လျော့ကျစေတဲ့အစွမ်းရှိပါတယ်။
ကိုလက်စထရောလျော့ကျစေခြင်း ငရုတ်ပွသီးထဲမှာပါဝင်တဲ့ ကပ်ဆိုက်စင်ဓာတ်မှာ ကျန်းမာရေးအကျိုးကျေးဇူးအများအပြား ရှိပါတယ်။
လေ့လာမှုအရ ငရုတ်ပွသီးဟာ မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပြီး ဆီးချိုသွေးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ အပြင် နာကျင်မှုနဲ့ ရောင်ရမ်းမှုကို လျော့ပါးသက်သာစေကြောင်းသိရပါတယ်။
အစွမ်းထက်အာဟာရဓာတ်ကိုရရှိစေခြင်း ငရုတ်ပွသီးကို အပူနည်းနည်းနဲ့ အချိန်တိုအတွင်းချက်ပြုတ်ရင် အချိုအရသာနဲ့ သစ်သီးရနံ့မပျက်တဲ့အပြင် အစွမ်းထက်အာဟာရဓာတ် ဖလေဗိုးနွိုက်ကို ရရှိစေပါတယ်။
ကင်ဆာဖြစ်နှုန်းလျော့နည်းခြင်း ငရုတ်ပွသီးမှာပါဝင်တဲ့ ဆာလဖာပမာဏဟာ တချို့သောကင်ဆာရောဂါတွေကို ကာကွယ်နိုင်စွမ်းရှိပါတယ်။
အသားအရေနှင့် ဆံကေသာကို နုပျိုလှပစေခြင်း ငရုတ်ပွသီးမှာ ဗီတာမင်အီးအဆင့် ကောင်းကောင်းပါဝင်တဲ့အတွက် အသားအရေနဲ့ ဆံကေသာကိုလှပနုပျို ကြည့်ကောင်းစေပါတယ်။
နာ့ဗ်ကြောစနစ်ကို ကျန်းမာစေခြင်း ငရုတ်ပွသီးမှာ ဗီတာမင်ပါဝင်တာကြောင့် နာ့ဗ်ကြောစနစ်ကျန်းမာရေးအတွက် မရှိမဖြစ်အရေးပါပြီး ဆဲလ်အသစ်တွေဖြစ်ပေါ်အောင် ကူညီပေးပါတယ်။
အတွင်းတိမ်ရောဂါနှင့် မက်ကူလာယိုယွင်းပျက်စီးမှု မဖြစ်စေရန်မျက်စိကို ကာကွယ်ပေးခြင်း ငရုတ်ပွသီးမှာပါဝင်တဲ့ လူတင်လို တချို့အင်ဇိုင်းတွေကအသက်ကြီးလာချိန်မှာ မက်ကူလာယိုယွင်းပျက်စီးမှုနဲ့ အတွင်းတိမ်ရောဂါတို့ကြောင့် မျက်စိထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
Source: Shwe Chit Thu



