Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ဖရဲသီးကောင်းကောင်းလေးရဖို့ ဘယ်လိုရွေးဝယ်ကြမလဲ

Unicode


ဖရဲသီးကောင်းကောင်းလေးရဖို့ ဘယ်လိုရွေးဝယ်ကြမလဲ


အရင်တုန်းကတော့ ဖရဲသီးစားချင်ရင် နွေရာသီပဲစားရတာ။ ခုတော့ ဖရဲသီးက အချိန်တိုင်း စားလို့ရနေပြီ။ ဖရဲသီးစားရတဲ့အခါ ရင်ထဲမှာ အေးသွားရော။ ဖရဲသီးကြိုက်တယ်ဆို ဖရဲသီးကောင်းကောင်း ရွေးတတ်ဖို့လိုတယ်။

 

ကိုယ်က မရွေးတတ်ဘဲ အလုံးကြီးရင်ပြီးရောဆိုပြီး စွတ်ဝယ်လာပြီးမှ ဖရဲသီးနုလို့ လွှင့်ပစ်လိုက်ရတာ နှမျောစရာကြီး။ ဒီတော့ မဝယ်ခင်တည်းကနေ ဖရဲသီးကောင်းကောင်းကိုရွေးတတ်ဖို့လိုတယ်။ ဈေးသည်ကိုရွေးခိုင်းရင် ဂျင်းထည့်ခံရမှာသေချာပါတယ်။

 

ဖရဲသီးရွေးမယ်ဆို ဖရဲသီးအောက်ခြေနားလေးကိုကြည့်ပါ။ ဖရဲသီးအညှာနဲ့ မြေပြင်နဲ့ ထိတဲ့နေရာလေးက ဖြူနေရင် ဖရဲသီးကောင်းဖြစ်ပါတယ်။ ဝါနေရင်တော့ ရှယ်ဖရဲသီးဖြစ်သွားပြီ။

 

ဝင်းပတဲ့ ဖရဲသီးက မမှည့်သေးတဲ့ အလုံးဖြစ်ပါတယ်။ အရောင်မွဲတဲ့အလုံးက ချိုပြီး ရင့်မှည့်တတ်ကြပါတယ်။

 

Read More >>>>>    ေျပာင္းဖူးထမင္းသုပ္ေလးလုပ္စားၾကမယ္

 

ညိုမည်းတဲ့ အခွံက အရသာ ပိုမိုချိုမြတဲ့ ဖရဲသီးဖြစ်ကြောင်း ဖော်ပြတာဖြစ်ပါတယ်။

 

အဝါရောင်အကွက်အကွင်းလေးက ပင်စည်မှ အချိုဓာတ် အပြည့်ရရှိခဲ့ပြီး ရင့်မှည့်နေပြီဆိုတဲ့ သဘောဖြစ်ပြီး ခူးဆွတ်ဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ အဝါကွက်မပါရင် မယူပါနဲ့။ အလေးဆုံး ဖရဲသီးကို ရွေးယူပါ။

 

အဖြူကွက် အနာအဆာနဲ့ အစက်ပျောက်၊ အစင်းအကြောင်း တစ်ခုခုတွေ့ပါက အဲဒီဖရဲသီး အရမ်းချိုပြီး အရသာပြည့်စုံလို့ အဲဒီဖရဲသီးဟာ ရင့်မှည့်ပြီး ချိုမယ်ဆိုတာ သဘောပေါက်ရပါမယ်။

 

ဖရဲသီးအလုံးက ခပ်ရှည်ရှည်ဆိုရင် အရည်ရွှမ်းပြီး ပုဝိုင်းဝိုင်းလေးဆို အရသာကချိုပါတယ်။

 

Myanmar Food Industry Directory

 

 

 

ဖရဲသီးေကာင္းေကာင္းေလးရဖုိ႕ ဘယ္လုိေရြးဝယ္ၾကမလဲ

 

အရင္တုန္းကေတာ့ ဖရဲသီးစားခ်င္ရင္ ေႏြရာသီပဲစားရတာ။ ခုေတာ့ ဖရဲသီးက အခ်ိန္တိုင္း စားလို႔ရေနၿပီ။ ဖရဲသီးစားရတဲ့အခါ ရင္ထဲမွာ ေအးသြားေရာ။ ဖရဲသီးႀကိဳက္တယ္ဆို ဖရဲသီးေကာင္းေကာင္း ေရြးတတ္ဖို႔လိုတယ္။

 

ကိုယ္က မေရြးတတ္ဘဲ အလုံးႀကီးရင္ၿပီးေရာဆိုၿပီး စြတ္ဝယ္လာၿပီးမွ ဖရဲသီးႏုလို႔ လႊင့္ပစ္လိုက္ရတာ ႏွေမ်ာစရာႀကီး။ ဒီေတာ့ မဝယ္ခင္တည္းကေန ဖရဲသီးေကာင္းေကာင္းကိုေရြးတတ္ဖို႔လိုတယ္။ ေဈးသည္ကိုေရြးခိုင္းရင္ ဂ်င္းထည့္ခံရမွာေသခ်ာပါတယ္။

 

ဖရဲသီးေရြးမယ္ဆို ဖရဲသီးေအာက္ေျခနားေလးကိုၾကည့္ပါ။ ဖရဲသီးအညႇာနဲ႔ ေျမျပင္နဲ႔ ထိတဲ့ေနရာေလးက ျဖဴေနရင္ ဖရဲသီးေကာင္းျဖစ္ပါတယ္။ ဝါေနရင္ေတာ့ ရွယ္ဖရဲသီးျဖစ္သြားၿပီ။

 

ဝင္းပတဲ့ ဖရဲသီးက မမွည့္ေသးတဲ့ အလုံးျဖစ္ပါတယ္။ အေရာင္မြဲတဲ့အလုံးက ခ်ဳိၿပီး ရင့္မွည့္တတ္ၾကပါတယ္။

 

Read More >>>>>    ေျပာင္းဖူးထမင္းသုပ္ေလးလုပ္စားၾကမယ္

 

ညိဳမည္းတဲ့ အခြံက အရသာ ပုိမိုခ်ဳိျမတဲ့ ဖရဲသီးျဖစ္ေၾကာင္း ေဖာ္ျပတာျဖစ္ပါတယ္။

 

အဝါေရာင္အကြက္အကြင္းေလးက ပင္စည္မွ အခ်ဳိဓာတ္ အျပည့္ရရိွခဲ့ၿပီး ရင့္မွည့္ေနၿပီဆိုတဲ့ သေဘာျဖစ္ၿပီး ခူးဆြတ္ဖုိ႔ အေကာင္းဆုံး အခ်ိန္ျဖစ္ပါတယ္။ အဝါကြက္မပါရင္ မယူပါနဲ႔။ အေလးဆုံး ဖရဲသီးကို ေရြးယူပါ။

 

အျဖဴကြက္ အနာအဆာနဲ႔ အစက္ေပ်ာက္၊ အစင္းအေၾကာင္း တစ္ခုခုေတြ႔ပါက အဲဒီဖရဲသီး အရမ္းခ်ဳိၿပီး အရသာျပည့္စုံလုိ႔ အဲဒီဖရဲသီးဟာ ရင့္မွည့္ၿပီး ခ်ဳိမယ္ဆိုတာ သေဘာေပါက္ရပါမယ္။

 

ဖရဲသီးအလုံးက ခပ္ရွည္ရွည္ဆိုရင္ အရည္ရႊမ္းၿပီး ပုဝိုင္းဝိုင္းေလးဆို အရသာကခ်ိဳပါတယ္။

 

Myanmar Food Industry Directory

 

Read times Last modified on Tuesday, 04 February 2020 13:48
Rate this item
(1 Vote)