Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကန်စွန်းဥ စားသုံးပေးသင့်သည့် အကြောင်းရင်း (၈) မျိုး

ကန်စွန်းဥ စားခြင်းဖြင့် ရလာမယ့် အကျိုးကျေးဇူးများကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 


အင်တီအောက်ဆီးဒင့်ကြွယ်ဝစွာပါဝင်ခြင်း

ရွှေဝါရောင်ကန်စွန်းဥမှာရော ခရမ်းရောင်သန်းနေတဲ့ ကန်စွန်းဥမှာပါ အင်တီအောက်ဆီးဒင့်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့်ရောင်ရမ်းမှုဖြစ်စဉ်တွေကို လျှော့ချပေးနိုင်တဲ့အပြင် အရွယ်တင်နုပျိုစေပြီး ရောဂါပိုးများ ၀င်ရောက်ခြင်းမှလည်း ကာကွယ်တားဆီး ပေးပါတယ်။

 

Manganese ပါဝင်နှုန်းမြင့်မားခြင်း

အလယ်အလတ် အရွယ်အစားရှိတဲ့ ကန်စွန်းဥမှာ ခန္ဓာကိုယ်အတွက် တစ်နေ့တာ လိုအပ်ချက်ဖြစ်တဲ့ Manganese 28 ရာခိုင်နှုန်းပါဝင်ပါတယ်။ ယင်းသတ္တုဓာတ် အလုံအလောက် ရရှိခြင်းဖြင့် အားအင်ပြည့်ဝနေစေပြီး အရိုးတွေကို သန်မာစေတဲ့အပြင် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အခြားသော အာဟာရ ဓာတ်တွေကို စုပ်ယူရာမှာလည်း များစွာအထောက်အကူပြုပေးပါတယ်။

 

Beta carotene ဓာတ်ပါဝင်ခြင်း
အလယ်အလတ်အရွယ်အစားရှိတဲ့ ကန်စွန်းဥမှာတနေ့တာအတွက် လိုအပ်တဲ့ Beta carotene ဓာတ်ထက် 200 ရာခိုင်နှုန်းပိုမိုပါဝင်ပါတယ်။ ယင်း beta carotene ဓာတ်ဟာ အမြင်အာရုံကို ကောင်းမွန်စေပြီး ကိုယ်ခံစွမ်းအားကိုလည်း တိုးမြှင့်ပေးပါတယ်။

 

 

Quercetion ဓာတ်ပါဝင်ခြင်း
ကန်စွန်းဥမှာပါဝင်တဲ့ quercetin ဓာတ်ဟာ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော (LDL)တွေကို လျှော့ကျစေပြီး ရောင်ရမ်းမှုတွေကိုလည်း လျော့နည်းစေပါတယ်။ ဒ့ါအပြင် နှာစေးခြင်း၊ ဓာတ်မတည့်ခြင်း တွေကို လျှော့ကျစေနိုင်တဲ့ Anti-Histamin ဓာတ်လည်း ကန်စွန်းဥမှာ ပါဝင်ပါတယ်။

 

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း
ကန်စွန်းဥမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါရှိတာကြောင့် သွေးတွင်းသို့ သကြားဓာတ် စီးဆင်းမှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်ခြင်းမှ ကာကွယ်ပေးပါတယ်။

 

နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုခြင်း
နှလုံးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုတက်ဆီယမ်နဲ့ Vitamin B6 တို့ဟာ ကန်စွန်းဥမှာ ကြွယ်ဝ စွာပါဝင်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်က သွေးဖိအားမြင့်တက်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး Vitamin B6 က သွေးကြောမာကျောခြင်းကိုဖြစ်စေတဲ့ Homocysteine ကို ဖြိုခွဲပေးတာမို့ နှလုံးသွေးကြော ဆိုင်ရာရောဂါ တွေ ဖြစ်ခြင်းမှ တားဆီးပေးပါတယ်။

 

 

Vitamin C ကြွယ်ဝခြင်း
ကန်စွန်းဥမှာ Vitamin C ကြွယ်ဝစွာပါဝင်ပါတယ်။ ၎င်းဗီတာမင်ဟာ အရိုးအဆစ်နဲ့ အရေပြားကျန်းမာရေး အတွက် လိုအပ်တဲ့ကော်လာဂျင်ကို ထုတ်ပေးရာမှာကူညီပေးတဲ့အပြင် စိတ်ဖိစီးမှုကိုလည်း လျော့ကျစေ ပါတယ်။ အလယ်အလတ်အရွယ်အစားရှိတဲ့ ကန်စွန်းဥကို စားသုံးရုံနဲ့ တစ်နေ့တာ အတွက် လိုအပ်တဲ့ vitamin C 40 ရာခိုင်နှုန်းကို ဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။

 

 

Vitamin C လုံလောက်စွာရရှိခြင်း
ကိုယ်ခံစွမ်းအားအတွက် မရှိမဖြစ်လိုအပ်တဲ့ vitamin D ကိုကန်စွန်းဥ စားသုံးခြင်းဖြင့်ရရှိနိုင်ပါတယ်။ Vitamin D ဟာ စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး အရိုးတွေကိုလည်း သန်မာစေပါတယ်။ ဒါ့အပြင် နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပြီး အရေပြားနဲ့သွားကျန်းမာရေးတို့အတွက် အထူးလိုအပ်ပါတယ်။

 

Credit – drmyanmar

Read 2497 times Last modified on Tuesday, 15 January 2019 15:52
Rate this item
(1 Vote)