Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ဆီကြော်မုန့်များကို အရမ်းမစားပါနဲ့

အာလူးချောင်းကြော်များ၊ ကြက်ကြော်များနှင့် ဒိုးနတ်မုန့်များ အစရှိသည့် ဆီကြော်မုန့်များ ကို ပုံမှန်စားသုံးပါက ဆီးကျိတ်ကင်ဆာ ပိုမိုဖြစ်ပွားနိုင်ကြောင်း လေ့လာတွေ့ရှိချက်အသစ်တခုတွင် ဖော်ပြထားသည်။

 

အဆိုပါ လေ့လာတွေ့ရှိချက်အသစ်ကို ဆီးကျိတ်ကင်ဆာဝေဒနာ ခံစားနေရသော အမျိုးသား ၁၅၄၉ ဦးနှင့် ကျန်းမာသည့်လူ ၁၄၉၄ ဦးကို လေ့လာ ဆန်းစစ်မှု ပြုခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဝါရှင်တန်ပြည်နယ် ဆီယက်တဲလ် မြို့ရှိ Fred Hutchinson ကင်ဆာ သုတေသနဌာနက ထုတ်ဖော် ပြောကြားခဲ့သည်။ သုတေသန ပြုရာတွင် ပါဝင်ခဲ့သူများမှာ အသက် ၃၅ နှစ်မှ ၇၄ နှစ်အတွင်း ဒေသခံများ ဖြစ်ပြီး ကော့ကေး ဆပ်စ် နွယ်ဖွားများနှင့် အာဖရိက- အမေရိကန် နွယ်ဖွား ဆီယက်တဲလ် မြို့သူ မြို့သားများ ဖြစ်ကြောင်း သိရသည်။

 

၎င်းတို့၏ ပုံမှန် စားသောက်ပုံစံတွင် ဆီကြော်အစားအစာများ မည်မျှပါဝင်သည်ကို သုတေသီများက လေ့လာခဲ့ကြသည်။ ထိုကဲ့သို့ လေ့လာရာတွင် သီတင်းပတ်တစ်ပတ်အတွင်း အာလူးချောင်းကြော်များ၊ ကြက် ကြော်များ၊ ငါးကြော်များနှင့် ဒိုးနတ်မုန့်များကို စားသုံးသူများသည် ဆီးကျိတ်ကင်ဆာ ဝေဒနာ ဖြစ်ပွားမှုနှုန်း ၃ဝ ရာခိုင်နှုန်းမှ ၃၇ ရာခိုင်နှုန်း ပိုများသည်ကို တွေ့ရသည်။

 Read More >>>>>  ဟင်္သာတခရိုင်အတွင်း စိုက်ပျိုးရေးဆေးဆိုင်များကို ရှောင်တခင်စစ်ဆေးမည်

ပုံမှန် ဆီကြော်မုန့်များကို စားသုံးသူများသည် ဆီးကျိတ်ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှု အန္တရာယ် ပိုမိုကြီးမားကြောင်း တွေ့ရသည်။ သုတေသီများက ဆီကြော်မုန့်များစားခြင်းနှင့် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု အကြား ဆက်စပ်မှုကို ချင့်တွက်ရာတွင် အသက်၊ မိသားစုအတွင်း ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု မျိုးရိုး ရှိ၊ မရှိ၊ အရပ်နှင့် ကိုယ်ခန္ဓာ အလေးချိန် ကိုက်ညီမှု ရှိ၊ မရှိ၊ လူမျိုး၊ PSA စမ်းသပ်မှုများကိုလည်း ထည့်သွင်း စဉ်းစားခဲ့ကြသည်။

 

ဆီကြော် အစာများတွင် ကင်ဆာဖြစ်စေနိုင်သော ဒြပ်ပေါင်း ပါဝင်ကြောင်း သုတေသီများက ထုတ်ဖော် ပြောကြားထားသည်။ အစားအစာများကို ဆီဖြင့် ကြော်လှော်ရာတွင် အပူရှိန်ကြောင့် ဆီများဆက် ပြောင်းလဲသွားပြီး ကြွပ်အောင် ကြော်ထားသည့် အစားအစာများတွင် ကင်ဆာ ဖြစ်စေနိုင်သည့် ကာစီနိုဂျင် ဒြပ်ပေါင်းအဖြစ် ဖြစ်လာသည်ကို တွေ့ရသည်။

 

ကာစီနိုဂျင်များကို အာလူးချောင်းကြော်များကဲ့သို့ ကာဗိုဟိုက်ဒြိတ်ပါသော အစားအစာများတွင် တွေ့ရသော acrylamide အပူချိန် မြင့်၍ ချက်သော အစားအစာများတွင် တွေ့ရသည့် ဓာတုပစ္စည်းများ ဖြစ်သည့် ဒြပ်ပေါင်းများ၊ ရေမွှေးများ ပါဝင်သည့် အော်ဂဲနစ် ပစ္စည်းမှာ ပေါင်းသတ် ဆေးများတွင် တွေ့ရသည့် ဓာတုဗေဒ တမျိုး ဖြစ်သည့် acrylamide ဒြပ်များ ပါဝင်သည်။

 

ယင်း အဆိပ်ဖြစ်စေသော ဒြပ်ပေါင်းများသည် ဆီများ ထပ်ခါထပ်ခါ ပြန်သုံးခြင်းနှင့် အကြော်ခံဆီတို့ကို ထပ်ခါထပ်ခါ ပြန်သုံးပါက ပို၍ အဆိပ်အတောက် ဖြစ်စေကြောင်း သုတေသီများက ပြောကြားခဲ့သည်။  

 

Source: Myawaddy

Read times Last modified on Friday, 29 March 2019 13:30
Rate this item
(1 Vote)