Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ရှောက်ရွက်၏ အကျိုးကျေးဇူးများ

မိန်းကလေးများ အဆီပိုရှိခြင်း၊ ဗိုက်ရွှဲခြင်းများအတွက် ရှောက်ရွက်ကြမ်းများကို ရှာထားပါ။ ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြား သုံးဇွန်းစီ ထည့်ရပါမယ်။

 

ပုလင်းများတစ်လုံးစီတွင် ရှောက်ရွက် ၉ ရွက်စီထည့်ပေးပါ။ ရေကျက်အေးများ ပုလင်းများထဲသို့ အပြည့်ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက်နေလှန်းပေးပါ။

 

ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပါပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါ ရှောက်ရွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံးပေးပါ။

 

တစ်လနှစ်လရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမယ်။ အဆီကျ ဓာတ်စာဆေးများစားခြင်း ထက် စိတ်ချရသော ရိုးရာဆေးနည်း ဖြစ်ပါတယ်။

 

Read More >>>>>  ပန်းသီးဖျော်ရည်၏ အကျိုးကျေးဇူးများ

 

မှန်မှန် သောက်သုံးခြင်းဖြင့် အသည်းအဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်းတို့မှလည်း သက်သာပျောက်ကင်း စေပါတယ်။

 

လစဉ် မြန်မာလဆန်း တစ်ရက်နေ့၌ ရှောက်ရွက်နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင်စားထားရန် အမှာရှိတယ်။ ထို့သို့စားပေးခြင်းဖြင့် လေရောဂါများ မဝင်ရောက်နိုင်၊ လေထိုး၊ လေအောင့်၊ လေငန်းရောဂါများ မ၀င်ရောက်နိုင်တော့ပါ၊

 

လေငန်းရောဂါရှင်များ ရှောက်ရွက်၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် ဟင်းခါးချက်ကာ နေ့စဉ် သောက်သုံးပေးခြင်းဖြင့် လေငန်းရောဂါမှ သက်သာ ပျောက်ကင်းစေပါတယ်။

 

Credit: themoonmm

Read times Last modified on Friday, 01 February 2019 10:44
Rate this item
(1 Vote)