Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ရွှေပဲသီးကပေးတဲ့ အကျိုးအာနိသင်များ

Unicode ျဖင့္ဖတ္ရန္

 

ရွှေပဲသီးကပေးတဲ့ အကျိုးအာနိသင်များ

 

ဆီးချိုရောဂါ ဝေဒနာရှင်တွေဟာ ဆီးချိုရောဂါ စတင်ဖြစ်ပွားချိန်ကနေစလို့ ရှောင်ကြဉ်ရတဲ့ အစားအစာတွေ များပြားလှပါတယ်။

 

ရွေးချယ်စားသုံးဖို့ အစားအစာအမျိုးအစား နည်းပါးလှပေမယ့် ရွှေပဲသီးက ဆီးချိုဝေဒနာရှင်တွေအတွက်သင့်တော်ပြီး ကောင်းကျိုးများစွာပေးနိုင်ပါတယ်။ ဘယ်လိုကောင်းကျိုးတွေပေးနိုင်မလည်းဆိုတာ ကြည့်လိုက်ပါဦး၊

 

ကယ်လိုရီပါဝင်မှု နည်းပါးခြင်း

ရွှေပဲသီးဟာ ကယ်လိုရီပါဝင်မှု နည်းပါးတဲ့ ဟင်းသီးဟင်းရွက်တမျိုး ဖြစ်တာကြောင့် Diet Plan တွေမှာ အများဆုံး ထည့်သွင်းစားသုံးလေ့ ရှိကြပါတယ်။ ရွှေပဲသီး ပန်းကန်လုံး ခပ်ကြီးကြီးတလုံးစာမှာ ကယ်လိုရီ ၃၀ ခန့်သာ ပါဝင်ပြီး အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ဆီးချိုကို ထိန်းချုပ်ပေးနိုင်ပါတယ်။

 

Read More >>>>>  သေဘၤာရြက္ေဖ်ာ္ရည္၏ အက်ိဳးေက်းဇူးမ်ား

 

ပရိုတင်းဓာတ် ကြွယ်ဝခြင်း

အသားစားသုံးမှု နည်းပါးတဲ့ သူတွေကို အာဟာရပညာရှင်တွေ အကြံပြုစားသုံးစေတဲ့ အစားအစာတွေထဲမှာ ရွှေပဲသီးဟာ တစ်ခုအပါအဝင်ပါ။ ပရိုတင်းဓာတ်ဟာ ဆီးချိုဝေဒနာရှင်တွေ အတွက်ရော သာမန်လူတွေအတွက်ပါ အရေးကြီးတဲ့ အာဟာရဓာတ်တမျိုး ဖြစ်ပါတယ်။

 

ဗီတာမင်စီ ပါဝင်မှုနှုန်း များပြားခြင်း

ဗီတာမင်စီဟာ အစားအစာတွေကနေ သံဓာတ်စုပ်ယူမှုကို အထောက်အကူ ဖြစ်စေတဲ့အပြင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ရွှေပဲသီးမှာ ဗီတာမင်စီ ပါဝင်မှုနှုန်း များပြားတာကြောင့် အနာကျက်မြန်စေတဲ့အပြင် သွေးအားနည်းရောဂါကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

 

Baking Powders မုန္႔ဖုတ္ေဆာ္ဒါလုပ္ငန္းေပါင္း ၂၅ ခုကိုရွာရန္ႏွိပ္ပါ။


ပိုတက်ဆီယမ်ဓာတ် မြင့်မားစွာ ပါဝင်ခြင်း

ရွှေပဲသီးမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့အပြင် သွေးဖိအားမြင့်တက်ခြင်းကိုလည်း ထိန်းချုပ်ပေးနိုင်တာကြောင့် သွေးတိုးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

 

Ref: Irrawaddy

 

 

 

ေရႊပဲသီးကေပးတဲ႔ အက်ိဳးအာနိသင္မ်ား

 

ဆီးခ်ိဳေရာဂါ ေဝဒနာရွင္ေတြဟာ ဆီးခ်ိဳေရာဂါ စတင္ျဖစ္ပြားခ်ိန္ကေနစလို႔ ေရွာင္ၾကဥ္ရတဲ့ အစားအစာေတြ မ်ားျပားလွပါတယ္။

 

ေ႐ြးခ်ယ္စားသုံးဖို႔ အစားအစာအမ်ိဳးအစား နည္းပါးလွေပမယ္႔ ေရႊပဲသီးက ဆီးခ်ိဳေဝဒနာရွင္ေတြအတြက္သင့္ေတာ္ျပီး ေကာင္းက်ိဳးမ်ားစြာေပးႏိုင္ပါတယ္။ ဘယ္လိုေကာင္းက်ိဳးေတြေပးႏိုင္မလည္းဆိုတာ ၾကည္႔လိုက္ပါဦး၊

 

ကယ္လိုရီပါဝင္မႈ နည္းပါးျခင္း

ေ႐ႊပဲသီးဟာ ကယ္လိုရီပါဝင္မႈ နည္းပါးတဲ့ ဟင္းသီးဟင္း႐ြက္တမ်ိဳး ျဖစ္တာေၾကာင့္ Diet Plan ေတြမွာ အမ်ားဆုံး ထည့္သြင္းစားသုံးေလ့ ရွိၾကပါတယ္။ ေ႐ႊပဲသီး ပန္းကန္လုံး ခပ္ႀကီးႀကီးတလုံးစာမွာ ကယ္လိုရီ ၃၀ ခန႔္သာ ပါဝင္ၿပီး အမွ်င္ဓာတ္မ်ားစြာ ပါဝင္တာေၾကာင့္ ဆီးခ်ိဳကို ထိန္းခ်ဳပ္ေပးႏိုင္ပါတယ္။

 


Read More >>>>>  သေဘၤာရြက္ေဖ်ာ္ရည္၏ အက်ိဳးေက်းဇူးမ်ား

 


ပ႐ိုတင္းဓာတ္ ႂကြယ္ဝျခင္း

အသားစားသုံးမႈ နည္းပါးတဲ့ သူေတြကို အာဟာရပညာရွင္ေတြ အႀကံျပဳစားသုံးေစတဲ့ အစားအစာေတြထဲမွာ ေ႐ႊပဲသီးဟာ တစ္ခုအပါအဝင္ပါ။ ပ႐ိုတင္းဓာတ္ဟာ ဆီးခ်ိဳေဝဒနာရွင္ေတြ အတြက္ေရာ သာမန္လူေတြအတြက္ပါ အေရးႀကီးတဲ့ အာဟာရဓာတ္တမ်ိဳး ျဖစ္ပါတယ္။

 


ဗီတာမင္စီ ပါဝင္မႈႏႈန္း မ်ားျပားျခင္း

ဗီတာမင္စီဟာ အစားအစာေတြကေန သံဓာတ္စုပ္ယူမႈကို အေထာက္အကူ ျဖစ္ေစတဲ့အျပင္ ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစပါတယ္။ ေ႐ႊပဲသီးမွာ ဗီတာမင္စီ ပါဝင္မႈႏႈန္း မ်ားျပားတာေၾကာင့္ အနာက်က္ျမန္ေစတဲ့အျပင္ ေသြးအားနည္းေရာဂါကိုပါ ကာကြယ္ေပးႏိုင္ပါတယ္။

 

Baking Powders မုန္႔ဖုတ္ေဆာ္ဒါလုပ္ငန္းေပါင္း ၂၅ ခုကိုရွာရန္ႏွိပ္ပါ။

 

ပိုတက္ဆီယမ္ဓာတ္ ျမင့္မားစြာ ပါဝင္ျခင္း

ေ႐ႊပဲသီးမွာ ပိုတက္ဆီယမ္ဓာတ္ ႂကြယ္ဝစြာပါဝင္တာေၾကာင့္ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိေပးႏိုင္တဲ့အျပင္ ေသြးဖိအားျမင့္တက္ျခင္းကိုလည္း ထိန္းခ်ဳပ္ေပးႏိုင္တာေၾကာင့္ ေသြးတိုးေရာဂါကို ကာကြယ္ေပးႏိုင္ပါတယ္။

 


Ref: Irrawaddy

 

 

Read times Last modified on Thursday, 13 February 2020 09:22
Rate this item
(0 votes)