Food & Health
အုန်းစိမ်းရည်သောက်ခြင်း၏ အကျိုးကျေးဇူးများ
အုန်းစိမ်းရည်မှာ ကယ်လိုရီနည်းပါးစွာ ပါဝင်ပြီး ကိုလက်စထရောနဲ့ အဆီ လုံးဝမပါဝင်ပါ။ သူ့မှာပါဝင်တဲ့ ပိုတက်စီယမ်ပမာဏဟာ ငှက်ပျောသီးလေးလုံးမှာ ပါဝင်တာထက် ပိုများပါတယ်။
ချွေးထွက်များတဲ့နွေရာသီမှာ အုန်းစိမ်းရည်သောက်တာကြောင့် ရေနဲ့ ဓာတ်ဆားဓာတ်တွေ ပြန်လည်ပြည့်ဝနိုင်ပါတယ်။ ဒါ့အပြင် အောက်ပါအကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်ပါတယ်။
သွေးဖိအားလျော့နည်းစေခြင်း
လေ့လာမှုတစ်ခုအရ အုန်းစိမ်းရည်ကို အနည်းဆုံးနှစ်ပတ်ခန့် သောက်သူတွေက အောက်သွေးဖိအားနဲ့ အပေါ်သွေးဖိအား ၇၁ ရာခိုင်နှုန်းနဲ့ ၂၉ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
အစာခြေရန်အတွက် ကူညီနိုင်ခြင်း
အုန်းစိမ်းရည်မှာ ပါဝင်တဲ့ အမျှင်ဓာတ်များစွာက အစာမကြေသူတွေအတွက် အလွန်အသုံးဝင်ပါတယ်။ အက်စစ်ဆန်တက်မှု ပြဿနာကိုလည်း လျော့ကျစေနိုင်ပါတယ်။
ကျောက်ကပ်လုပ်ဆောင်ချက်ကောင်းစေခြင်း
ဆီးရွှင်စေမယ့် ဂုဏ်သတ္တိရှိတာကြောင့် ကျောက်ကပ်အတွင်း ကျောက်တည်တာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သူ့မှာ ပါဝင်တဲ့ အာဂျနင်းဒြပ်ပေါင်းတွေက သွေးစီးဆင်းမှုကို ကောင်းမွန်စေနိုင်ပါတယ်။
ရေဓာတ်ပြည့်ဝစေခြင်း
အားကစားသမားအတွက်ဖျော်ရည်နဲ့ စွမ်းအင်ဖြည့်ဖျော်ရည်တွေထက် အုန်းစိမ်းရည်ဟာ ရေနဲ့ဓာတ်ဆားပိုပြီးပြန်လည်ပြည့်ဝစေနိုင်ပါတယ်။
ကိုယ်အလေးချိန်ကျဆင်းစေနိုင်ခြင်း
ကယ်လိုရီပါဝင်မှုနည်းပြီး ဗိုက်ပြည့်တင်းမှုကို ရရှိစေနိုင်တဲ့အတွက် ကိုယ်အလေးချိန်ချဖို့ အလွန် အသုံးဝင်ပါတယ်။
Credit: Dr.Khin Moe Moe (GH)



