Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


သရက်သီးအခွံပါစားခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ

အရသာ မကောင်းပေမယ့်လည်း ပိန်ချင်သောသူများအနေဖြင့် သရက်သီးစားတဲ့အခါ အခွံပါစားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါတယ်။

 

ဩစတြေးလျ သုတေသီများတွေ့ရှိခဲ့ကြတာကတော့ သရက်သီး အခွံထဲမှာ ပါဝင်သည့် ဓာတုပစ္စည်း အချို့သည် အဆီကလာပ်စည်း ဖြစ်ပေါ်ခြင်းကို ကာကွယ်တားဆီးနိုင်တယ် လို့ပဲ ဖြစ်ပါတယ်။

 

သရက်သီးအခွံထဲမှာပါတဲ့ ဓာတုပစ္စည်းများဟာ ခန္ဓာကိုယ်အတွင်း အဆီကလာပ်စည်းဖြစ်ပေါ်နေသော လုပ်ငန်းစဉ်ဖြစ်သည့် Adipogenesis ကို နှိမ်နင်းပေးတယ်လို့ ဆိုပါတယ်။

 

အပူပိုင်းသစ်သီးများထဲက တစ်မျိုးဖြစ်တဲ့ သရက်သီးများထဲမှာ အမျိုးမျိုးကွဲ ပြားခြားနားသော အပင်ထွက် ဓာတု ပစ္စည်း Phytochemicals များ ရောနှော ပါဝင်လျက်ရှိရာ အချို့တွင် ဖော်ပြပါ အာနိသင်များ ပါဝင်လျက်ရှိပါတယ်။

 Read More >>>>>   ခရမ်းသီး စားရင်ရမယ့် အကျိုးကျေးဇူး ၇ မျိုးနဲ့ သတိထားရမယ့် အချက်များ

သရက်သီးထဲမှာ အပင်ထွက် ဓာတုပစ္စည်းတွေ များပြားစွာ ပါဝင်ပြီး ဖွံ့ဖြိုးဆဲရော၊ ဖွံ့ဖြိုးပြီး နိုင်ငံများမှာပါ ရေပန်းစားတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။

 

သရက်သီးအခွံစားခြင်းကြောင့် ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုကတော့ အဆီကလာပ်စည်းများဖြစ်ပေါ် အဆီကလာပ်စည်းများက ပို၍ကြီးလာပြီး အဲဒီလို ကလာပ်စည်းမျိုးဟာ အမျိုးအစား(၂)ဆီးချိုသွေးချို ရောဂါ(၂) ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ ဓာတ်ခွဲခန်းအတွင်း စမ်းသပ်ချက်များအရ အဝလွန်ခြင်းကို ကူညီ နိုင်လိမ့်မယ်လို့ဆိုပါတယ်။

 

Source:  LaMinMaung(General Knowledge)

Read times Last modified on Friday, 19 April 2019 10:47
Rate this item
(1 Vote)