Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


သရက်သီးစားခြင်းရဲ့  အကျိုးကျေးဇူးများ

နွေရာသီ ရောက်ပြီဆိုတာနဲ့ ဝင်းပနေတဲ့ သရက်သီးမှည့်တွေကို ပေါများစွာ တွေ့လာရပါပြီ။  သရက်သီးကို စားပေးရင် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိတာမှန်ပေမယ့်

ယင်မနားအောင် ဂရုစိုက်ပေးဖို့ လိုအပ်သလို သရက်သီး မစားခင်မှာ ရေနဲ့ စင်ကြယ်အောင် ဆေးကြောပြီး စားပေးဖို့လည်း လိုအပ်ပါတယ်။ လတ်ဆတ်သန့်ရှင်းတဲ့ သရက်သီးကို စားပေးမယ်ဆိုရင် အောက်ပါ စွမ်းပကားတွေကို ရရှိစေနိုင်ပါတယ်။


(၁) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်

လေ့လာမှုအရ သရက်သီးမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေဟာ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ စတဲ့ ကင်ဆာရောဂါ တချို့ကို မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ သရက်သီးမှာ quercetin, isoquercitrin, astragalin, fisetin, gallic acid နဲ့ methylgallat ဆိုတဲ့ ဓာတ်တွေ ပါဝင်လို့ပါ။

 

(၂)  သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်

သရက်သီးမှာ အမျှင်ဓာတ်၊ ပက်တင်နဲ့ ဗီတာမင်စီတို့ များစွာ ပါဝင်တာကြောင့် သွေးတွင်း ကိုလက်စထရော အဆင့်ကို လျော့ကျစေပါတယ်။

 

(၃) အသားအရေကို ကြည်လင်စေပါတယ်

သရက်သီးကို အသားအရေ လှပဖို့ အတွက်ပါ သုံးနိုင်ပါတယ်။ သရက်သီးကို ပါးပါးလှီးပြီး မျက်နှာပေါ်မှာ ညင်ညင်သာသာ ကပ်ပေးရင် ချွေးပေါက်ပိတ်နေတာကို သက်သာစေပါတယ်။

 

(၄) မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ပါးပါးလှီးထားတဲ့ သရက်သီး တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်အေရဲ့ ၂၅ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် မျက်စိအမြင်အာရုံကို ကျန်းမာရေး ကောင်းမွန်စေပြီး မျက်စိ ခြောက်သွေ့တာနဲ့ ညဘက် မျက်စိမမြင်တာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

(၅) ဗီတာမင်နဲ့ သတ္ထုဓာတ်တွေကို ရရှိစေပါတယ်

သရက်သီး ခွက်တစ်ခွက်စာ ပမာဏမှာ ဗီတာမင်စီ တစ်နေ့တာ လိုအပ်တဲ့ အတိုင်းအတာရဲ့ ၇၆ ရာခိုင်နှုန်း၊ ဗီတာမင်အေ တစ်နေ့တာ လိုအပ်တဲ့ အတိုင်းအတာရဲ့ ၂၅ ရာခိုင်နှုန်း၊ ဗီတာမင် B6 တစ်နေ့တာ လိုအပ်တဲ့ အတိုင်းအတာရဲ့ ၁၁ ရာခိုင်နှုန်း၊ အမျှင်ဓာတ်နဲ့ ကြေးနီဓာတ် တစ်နေ့တာ လိုအပ်တဲ့ အတိုင်းအတာရဲ့ ၉ ရာခိုင်နှုန်းစီ၊ ပိုတက်စီယမ် တစ်နေ့တာ လိုအပ်တဲ့ အတိုင်းအတာရဲ့ ၇ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ် တစ်နေ့တာ လိုအပ်တဲ့ အတိုင်းအတာရဲ့ ၄ ရာခိုင်နှုန်း အသီးသီး ပါဝင်နေပါတယ်။

 

(၆) ဆီးချို သွေးချိုရောဂါကို ထိန်းပေးပါတယ်

သရက်သီးဟာ သွေးထဲက အင်ဆူလင်အဆင့်ကို ပုံမှန်ရှိအောင် ကူညီပေးပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ သရက်သီးကို အသင့်အတင့်ပဲ စားပေးသင့်ပါတယ်။


(၇) အစာကြေညက်စေပါတယ်

သင်္ဘောသီးမှာ ပရိုတင်းဓာတ်ကို ချေဖျက်ပေးနိုင်မယ့် အင်ဇိုင်းတွေ ပါဝင်ပါတယ်။ သရက်သီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ အစာကြေညက်စေပြီး ဝမ်းမှန်စေတဲ့ အာနိသင်ကို ပေးစွမ်းနိုင်ပါတယ်။

 

(၈) အပူဒဏ်သင့်တာကို သက်သာစေပါတယ်

သရက်သီးဟာ ပူပြင်းတဲ့ နွေရာသီမှာ ခန္ဓာကိုယ်ကို အေးမြစေတဲ့ အစွမ်း ရှိပါတယ်။

 

(၉) ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်

သရက်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီနဲ့ ဗီတာမင်အေနဲ့အတူ ကာရိုတီးနွိုက် ၂၅ မျိုး ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကျန်းမာသန်စွမ်းအောင် ထိန်းသိမ်းပေးနိုင်စွမ်း ရှိပါတယ်။


Source: GoodHealth

Read times Last modified on Thursday, 28 February 2019 16:16
Rate this item
(1 Vote)