Food & Health
နာနတ်သီး၏ အကျိုးကျေးဇူးများ
နာနတ်သီးရဲ့ အကျိုးကျေးဇူးများကို တိတိကျကျ သိနားလည်မှု ရှိစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
နာနတ်သီးမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ ဘရိုမီလိန်း (Bromelain) ပါဝင်တာကြောင့် ဂေါက်အဆစ်အမျက်ရောင်နာ၊ အဆစ်အမျက်ရောင် ရောဂါ၊ လည်ချောင်းနာတာနဲ့ နှာခေါင်း ကလိုင်ရိုး ရောင်ရမ်းမှုတို့ကြောင့် ဖြစ်ရတဲ့ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။
နာနတ်သီးမှာ ဗီတာမင်စီနဲ့ မဂ္ဂနိစ်တို့ အများအပြား ပါဝင်နေပါတယ်။
နာနတ်သီးမှာ ဆာလဖာများစွာ ပါဝင်တာကြောင့် အစာမကြေတဲ့ ဝေဒနာကို သက်သာစေပါတယ်။
Read More >>>>> ပဲပြုတ်၏ အကျိုးအာနိသင်များ
နာနတ်သီးဟာ ရိုးရိုးခွဲစိတ်ကုသမှု၊ ဆီးချိုသွေးချိုကြောင့်ဖြစ်တဲ့ အနာနဲ့ ထိခိုက်ဒဏ်ရာ ရတာတွေနဲ့ ဆက်စပ်နေတဲ့ တစ်သျှူးပြုပြင်မှုတို့ကို ကောင်းမွန်စေပါတယ်။
နာနတ်သီးဟာ သွေးအားနည်းရောဂါနဲ့ သွေးကြောကျဉ်းရောဂါတွေကို ကုသရာမှာ အစွမ်းထက်ပါတယ်။
နာနတ်သီးဟာ နမိုးနီးယား အဆုတ်ရောင်တာနဲ့ လေပြွန်ရောင်တာတွေကြောင့် နာမကျန်းဖြစ်နေသူတွေမှာ လေပြွန် ကြည်လင်စေပါတယ်။
ခွဲစိတ်ကုသမှု ခံယူပြီးချိန်နဲ့ အားကစားကြောင့် ထိခိုက်ဒဏ်ရာ ရပြီးချိန်တွေမှာ ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်။
နာနတ်သီးက အရိုးတွေ ကျန်းမာနေအောင် တည်ဆောက်ရာမှာ ကူညီပါတယ်။
နာနတ်သီးက ခံတွင်းကျန်းမာရေးကို ကောင်းစေပြီး သွားဖုံးရောဂါနဲ့ သွားဖုံးရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
နာနတ်သီးမှာ ပြည့်ဝဆီ၊ ကိုလက်စထရောနဲ့ ဆိုဒီယမ်ပါဝင်မှု လျော့နည်းပါတယ်။ အမျှင်ဓာတ်ပါဝင်မှု များပါတယ်။
နာနတ်သီးက ခန္ဓာကိုယ်တွင်းက ဂလင်းတွေကို ဟန်ချက်ညီစေပြီး လည်ပင်းကြီးရောဂါကို သက်သာစေပါတယ်။
လတ်ဆတ်တဲ့ နာနတ်သီးဖျော်ရည်က အူလမ်းကြောင်းတစ်လျှောက်မှာ သန်ကောင်တွေကို ကင်းစေနိုင်ပါတယ်။
Source:Zun (GH)



