Food & Health
ABC ထုတ်ကုန် ၂ မျိုး စင်ကာပူတွင် ရုပ်သိမ်းရန် ညွှန်ကြား စိုးရိမ်ရန်မလို
ABC ထုတ်ကုန် ၂ မျိုး စင်ကာပူတွင် ရုပ်သိမ်းရန် ညွှန်ကြား စိုးရိမ်ရန်မလို
မကြေငြာထားသော ပစ္စည်းအမျိုးအမည်များ ပါရှိနေခြင်းကြောင့် ထုတ်ကုန်သုံးမျိုးကို Singapore Food Agency (SFA) က ပြန်လည်သိမ်းဆည်းေစခဲ့ပါသည်။
ဓာတ်မတည့်သူ စားသုံးမိပါက ယားယံ မူးဝေစေတတ်သော allergen များ ပါဝင်ကြောင်း ထုပ်ပိုးပစ္စည်းပေါ်တွင် အသိပေးဖော်ပြရန် ပျက်ကွက်ခြင်းကြောင့် SFA က ဈေးကွက်ထဲမှ ချက်ချင်းရုပ်သိမ်းရန် ညွှန်ကြားထားကြောင်း အင်္ဂါနေ့ (စက်တင်ဘာ ၆ ရက်)က သတင်းထုတ်ပြန်ပါသည်။
(SFA မှ ထုတ်ပြန်သော FOOD RECALL ကြောညာချက်ကို အောက်ဆုံးတွင် အပြည့်အစုံဖော်ပြပေးထားပါသည်)
အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းသော ABC ထုတ်ကုန် ၂ ခုတွင် ဆာလဖာဒိုင်အောက်ဆိုဒ် ပါ၀င်ကြောင်း တွေ့ရှိခဲ့ပါသည်။
ဇွန်လ ၂၆ ၊ ၂၀၂၄ တွင် သက်တမ်းကုန်ဆုံးမည့်ရက်စွဲဖြင့် ထုတ်ပိုးထားသော ABC Sweet Soy Sauce အားလုံး ပြန်သိမ်းရန် ညွန်ကြားထားပါသည်။ စင်ကာပူသို့ New Intention Trading က တင်သွင်းပါသည်။
ဇန်နဝါရီလ ၆၊ ၂၀၂၄ တွင် သက်တမ်းကုန်ဆုံးမည့်ရက်စွဲဖြင့် ထုတ်ပိုးထားသော ABC Sambal Ayam Goreng Sauce အားလုံးကိုလည်း ပြန်သိမ်းရန် ညွန်ကြားထားပါသည်။ စင်ကာပူသို့ Arklife Distributors က တင်သွင်းပါသည်။ SFA က benzoic acid ပါဝင်ကြောင်း တွေ့ရှိခဲ့ပြီး ထုပ်ပိုးပစ္စည်းပေါ်မှ label တွင် benzoic acid ပါဝင်ကြောင်း အသိပေးဖော်ပြထားခြင်း မရှိချေ။
သို့သော်လည်း ဆာလဖာဒိုင်အောက်ဆိုဒ်နှင့် benzoic အက်ဆစ် ပါဝင်နှုန်းမှာ ခွင့်ပြုထားသည့် အတိုင်းအတာအတွင်းမှာသာ ဖြစ်ကြောင်း SFA က ပြောကြားပါသည်။
ဂျပန်နိုင်ငံမှ တင်သွင်းသည့် Fukutoku Seika Soft Cream Wafers တွင် ထုပ်ပိုးပစ္စည်းပေါ်မှ label မှာ မဖော်ပြထားသော ကြက်ဥအဖြူသားနှင့် ဂျုံမှုန့်များတွင် ဓာတ်မတည့်မှုများ ပါဝင်ကြောင်း တွေ့ရှိခဲ့သည်။
ဧပြီ ၂၀ ၊ ၂၀၂၃ တွင် သက်တမ်းကုန်ဆုံးမည့်ရက်စွဲဖြင့် ထုတ်ပိုးထားသော Fukutoku Seika Soft Cream Wafers များ အားလုံးကို ပြန်သိမ်းရန် ညွှန်ကြားထားပါသည်။ စင်ကာပူသို့ Sinhua Hock Kee Trading မှ တင်သွင်းပါသည်။
ဆာလဖာဒိုင်အောက်ဆိုဒ်၊ ကြက်ဥဖြူနှင့် ဂျုံမှုန့်တို့ ပါဝင်သော ဓာတ်မတည့်မှုများသည် ၎င်းတို့နှင့် ဓါတ်မတည့်သူများမှလွဲ၍ စားသုံးသူများ အများစုအတွက် အစားအသောက် ဘေးကင်းလုံခြုံမှု ပြဿနာ ကြီးကြီးမားမား မဖြစ်ပေါ်စေကြောင်း SFA က ပြောကြားပါသည်။
စင်ကာပူနိုင်ငံ၏ အစားအသောက်စည်းမျဉ်းများအရ ဓာတ်မတည်သူများအဖို့ မလိုလားအပ်တော့ ဓာတ်တုံ့ပြန်မှု ပစ္စည်း အမျိုးအမည် ပါဝင်နေပါက အစားအသောက်ထုပ်ပိုးမှုဆိုင်ရာ အညွှန်းများတွင် ယင်ပစ္စည်း အမျိုးအမည်ကို မလွဲမသွေ မပါမဖြစ် ထည်သွင်းဖော်ပြပေးရမည် ဖြစ်သည်ကို ပျက်ကွက်သည့်အတွက် အရေးယူဆောင်ရွက်ခြင်း ဖြစ်ပါသည်။
ကြိုတင်ထုပ်ပိုးထားသော အစားအသောက်များတွင် ပါဝင်ပစ္စည်းများအားလုံးကို အလေးချိန်အလိုက် အချိုးအစားအလိုက် ကြီးစဉ်ငယ်လိုက် ထုပ်ပိုးပစ္စည်းပေါ်မှ label မှာ ဖော်ပြရမည် ဖြစ်ပါသည်။
Source: CNA
#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U
MFG