Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အကောင်းဆုံး ဖရဲသီးကို ရွေးချယ်ဝယ်ယူနည်းများ

ဖရဲသီးဝယ်ရတာ တကယ်တော့ ထင်သလောက် မလွယ်ပါဘူး။ဘာမှ မသိပဲ ဒီအတိုင်း ကြည့်ရုံနဲ့တော့ ဘယ်အလုံးက ကောင်းတယ်၊မကောင်းဘူးဆိုတာ မသိနိုင်ပါဘူး။ဝယ်ပြီးမှ မချိုတာ၊မလတ်တာ၊ဖရဲသီးက နုနေတာမျိုး ဖြစ်တတ် ပါတယ်။

ဒါကြောင့် အောက်မှာ ဖော်ပြထားတဲ့ အချက်လေးတွေကို သိထား ရင်တော့ မကောင်းတဲ့ အလုံးကို မှားဝယ်မိ တာမျိုး ဖြစ်မှာမဟုတ်ပါဘူး။

 

(၁)  အဝါကွက်

အ၀ါကွက်ကို ကြည့်ပါ။အ၀ါကွက်က အရောင်ရင့်လေ၊အကွက်ကြီးလေ အဲ့ဒီ ဖရဲသီးက ကောင်းလေပါ။ ဖရဲသီးဆိုတာမျိုးက အပင်ပု မြေကြီးပေါ် မှာသီး တာမျိုးပါ။ဒါကြောင့် ဖရဲသီးရဲ့ ဖင်ပိုင်းမှာ အစိမ်းမဟုတ်ပဲ အ၀ါကွက်လေးတွေရှိတာပါ။ ဖရဲသီး ရင့်လေ အ၀ါကွက်က အရောင်ရင့်လေပါ။တကယ်လို့ အ၀ါကွက်မဟုတ်ပဲ အဖြူကွက်ဆိုရင်တော့ မ၀ယ်ပါနဲ့။ မကောင်းပါဘူး။

 Read More >>>>>  သြဇာသီးစားခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ

(၂) အကြောင်းတွေ(ကွန်ရက်)

ဖရဲသီးမှာပါတဲ့ အကြောင်းတွေကို မြင်ရမှာပါ။အဲ့ဒါတွေက အကြိမ်များစွာ ၀တ်မှုန်ကူးဖို့ ပျားတွေက ထိတွေ့ထားတာကို ပြနေတာပါ။ဒီလို အကြောင်းတွေ ပါရင်တော့ ဒီဖရဲသီးဟာ ချိုပါတယ်။များများပါလေ များများ ချိုလေပါ။

 

(၃) ချိုတာ၊အရည်ရွှမ်းတာ
ဖရဲသမီးမှာ အထီးနဲ့အမရှိတယ်လို့ လယ်သမားတွေကပြောပါတယ်။သူတို့ ပြောတဲ့ အထီး၊အမကတော့ အရွယ်အစားကို ကြည့်ပြီး တင်စားပြော တာပါ။ ဖရဲသီးအထီးက အရွယ်အစားရှည်ပြီး အရည်ရွှမ်းတယ်။ အမကတော့ လုံးဝန်းတဲ့ အရွယ်အစားရှိတယ်။ချိုတယ်။ဒါကြောင့် အရည်ရွှမ်းတာ ကြိုက်ရင် ရှည်တဲ့ ဖရဲသီးကိုရွေးပါ။ပိုချိုတာကြိုက်ရင် လုံးတာကို ရွေးပါ။

(၄)အလေးချိန်
ဖရဲသီးဝယ်ရင် အကြီးအသေးကို မကြည့်ပါနဲ့။အလေးချိန်ကို ကြည့်ပါ။ လက်နဲ့ချိန် ဆကြည့်လိုက်ရင် ကျစ်ကျစ်လေး ဖြစ်နေမှ ဖရဲသီးက ကောင်းတာပါ။အလုံးသာ ကြီးပြီး ပေါ့ရွှတ်ရွှတ်ဖြစ်နေတာမျိုးကို မရွေးပါနဲ့။

watermelon

(၅)ဆေးသုံးထားတဲ့ ဖရဲသီး
အပေါ်က ပုံမှာ မြင်ရတဲ့ ဖရဲသီးမျိုးကတော့ လုံးဝမ၀ယ်သင့်၊မစားသင့်ပါဘူး။ ဒီလိုဖရဲသီးတွေဟာ ဓါတုဆေးသုံးထား တာပါ။ ဖရဲစိုက်ခင်း တောင် သူတွေက ဖရဲသီးအရွယ်အစားကြီးအောင်၊ အလေးချိန်စီးအောင်၊အထားခံအောင် ဓါတုပစ္စည်းတွေ၊ဆေးသုံးတာတွေ ပြုလုပ်တတ်ကြပါတယ်။

Credit: Brightside (xyznews)

Read times Last modified on Tuesday, 19 March 2019 09:55
Rate this item
(1 Vote)