Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အစားအသောက်ကို မစားသင့်တဲ့ အချိန်မှာ မစားပါနဲ့

အချို့သော အစားအစာတွေက လူကို အကျိုးပြုစေနိုင်တာမှန်ပေမယ့် မစားသင့်တဲ့အချိန်မှာ စားမိရင်တော့ ကျန်းမာရေးအတွက် အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ မဖြစ်မနေရှောင်ကြဉ်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

 

အချဉ်ဓာတ်ပါတဲ့ အသီးအနှံ

အချဉ်ဓာတ် ပါဝင်တဲ့ အသီးအနှံတွေဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်ပေမယ့် အစားစားပြီးပြီးချင်းမှာတော့ မစားသင့်ပါဘူး။ အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေမှာ အက်ဆစ်ဓာတ် အများအပြား ပါဝင်တာကြောင့် အစာအိမ်ထဲမှာ အချဉ်ဓာတ် များပြားမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အစားစားပြီး အချိန်အတန်ကြာမှ အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေကို စားသုံးသင့်ပါတယ်။

 

ပဲ

အစာမကြေ ဖြစ်တတ်သူတွေအနေနဲ့ ပဲကို ညစာအဖြစ် စားသုံးခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။ ပဲကို ညစာအဖြစ် စားသုံးခြင်းက ဝမ်းဗိုက်ကို တင်းစေတာကြောင့် ညအိပ် မပျော်တာမျိုး ဖြစ်စေနိုင်ပါတယ်။


အစေ့အဆန်

အစေ့အဆန်တွေက ကျန်းမာရေးကို အကျိုးပြုစေနိုင်တာ မှန်ပေမယ့် အစာချေဖျက်ဖို့ အချိန်အတန်ကြာ လိုအပ်တာကြောင့် ညဘက်တွေမှာ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

 

Read More >>>>>  အာလူး၏ အကျိုးကျေးဇူးများ

 

နွားနို့

လူတော်တော်များများက တစ်န့တာ အားအင် ပြည့်ဝနေစေဖို့အတွက် မနက်ခင်းမှာ နွားနို့ တစ်ခွက် သောက်သုံးခြင်းနဲ့ စတင်တတ်ပါတယ်။ ဆေးပညာရှင်တွေရဲ့အဆိုအရ မနက်ခင်းမှာ နွားနို့သောက်ခြင်းဟာ အစာချေဖျက်တဲ့ စနစ်ကို အနှောင့်အယှက် ဖြစ်စေပြီး ရင်ပူရင်ဆာ ဖြစ်စေနိုင်တာကြောင့် နွားနို့ကို မနက်သောက်သုံးခြင်းထက် ညနေပိုင်းတွေမှာ သောက်သုံးခြင်းက ပိုကောင်းတယ်လို့ သိရပါတယ်။


အသား

အသားစားခြင်းက ခန္ဓာကိုယ်အတွက် ပရိုတင်းဓာတ်တွေကို ဖြည့်တင်းပေးနိုင်တာ မှန်ပေမယ့် ညဘက်မှာ အသားတွေကို လျှော့စားသင့်ပါတယ်။ ညဘက်မှာ အသားစားခြင်းက ကိုယ်အလေးချိန်ကို ပိုမိုမြင့်တက်စေနိုင်သလို အစာချေဖျက်ရလည်း ခက်စေနိုင်ပါတယ်။

 

#Myanmar Food Industry Directory (WWH)

Read times Last modified on Wednesday, 17 July 2019 16:54
Rate this item
(0 votes)