Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


သင့်တော်တဲ့ အစားအသောက်များနဲ့ စိတ်ဖိစီးမှုကို အနိုင်ယူနိုင်ပါစေ

စိတ်ဖိစီးမှုဖြစ်ရခြင်းက ခန္ဓာကိုယ်ထဲမှာ Cortisol ဟော်မုန်းပမာဏ များပြားလာခြင်းကြောင့် ဖြစ်ပါတယ်။

 

Cortisol ဟော်မုန်းက ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ၊ အရေးကြီးတဲ့ အခြေအနေတွေ နဲ့ ပြဿနာတွေရင်ဆိုင်ရတဲ့ အခြေအနေမှာ ခန္ဓာကိုယ်က ထုတ်လွှတ်ပေးတဲ့ တုန့်ပြန်ဟော်မုန်းတစ်မျိုးဖြစ်ပြီး ဒီဟော်မုန်းများလာတာနဲ့အမျှ စိတ်ဖိစီးမှုလည်း ပိုတိုးလာတတ်ပါတယ်။

 

လူတချို့က စိတ်ဖိစီးမှုများ လာချိန်မှာ အစားကိုတရပ်စပ် စားသုံးတတ်တဲ့ အကျင့်ရှိကြပြီး ဒါက ခေတ္တခဏတော့ သက်သာစေသလို ထင်ရပေမဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ သကြားလုံး၊ အာလူးကြော်စတဲ့ အရာတွေက ရေရှည်မှာဆိုးကျိုး ဖြစ်ပေါ်စေနိုင်ပါတယ်။

 

လုပ်ငန်းတာဝန်တွေ များပြားလှတဲ့ န့စဉ်နေထိုင်မှု ဘ၀မှာမကြာခဏ ကြုံတွေ့ရမယ့် စိတ်ဖိစီးမှုဝေဒနာ သက်သာလျော့ ပါးစေရန် စားသောက်နိုင်မယ့် ကျန်းမာရေးအကျိုးပြု အစားအသောက်အချို့ကို ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။

 

ငါး

Omega 3 Fatty Acid က ဦးနှောက်ဆဲလ်တွေအတူတကွ လုပ်ငန်းဆောင်ရွက်ကြစေဖို့ များစွာအထောက်အကူ ပြုပါတယ်။ တိုက်ရိုက် အကျိုးကျေးဇူးကတော့ Omega 3 Fatty Acid က စိတ်ဖိစီးမှု ကို သိသိသာသာ သက်သာစေနိုင်ခြင်းပဲ ဖြစ်ပါတယ်။

 

ဒါကြောင့် Omega 3 Fatty Acid ကြွယ်ဝစွာပါဝင်တဲ့  ဆယ်လ်မွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး (ငါးသေတ္တာငါး) စတဲ့ ပင်လယ်ငါးများကို မကြာခဏ စားသုံးပေးပြီး  သင့်ရဲ့ဘ၀ကို ပေါ့ပါးစွာ ဖြတ်သန်းကြည့်ပါ။

 

စိတ်ဖိစီးမှု မကြာခဏဖြစ်တတ်ခြင်းနဲ့ ဖြစ်ချိန်ကြာရှည်ခြင်းက မကောင်းတဲ့ရလဒ်ဆီ ဦးတည်နေတာကြောင့် သင်ဘာကြောင့်စိတ် ဖိစီးမှု ဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖွေဆန်းစစ်ဖို့တော့ လိုအပ်ပါတယ်။

 

ဖရုံစေ့

စိတ်ဖိစိးမှု လျော့ကျစေဖို့အတွက် သွပ်ဓာတ် (zinc)က အရေးပါပါတယ်။ သွပ်ဓာတ်ချို့တဲ့မှုကြောင့် အစားစားချင်စိတ် လျော့ပါး လာတာ၊ အလွယ်တကူ စိတ်ရှုပ်ထွေးတာနဲ့ စိတ်ဖိစီးမှုများလာတာ စတာတွေ ဖြစ်တတ်ပါတယ်။

 

မလိုလားအပ်တဲ့ စိတ်ဖိစီးမှုတွေဖြစ်မလာအောင် တားဆီးပေးနိုင်တဲ့ သွပ်ဓာတ်ကို ဖရုံစေ့ကနေ အပြည့်အ၀ရရှိနိုင်ပါတယ်။ သင် စိတ်ဖိစီးမှုများလာချိန်မှာ ဖရုံစေ့လက်တစ်ဆုပ်စာကို တဖြောက်ဖြောက် ၀ါးပေးခြင်းက အကျိုးရှိတာကို လက်တွေ့သိရမှာပါ။


ရေ

အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းကတော့ ရေအေးအေးကို ၀၀လင်လင်သောက်ပြီး လမ်းခဏလောက် လျှောက်ပေးလိုက်ပါ။

 

အေးမြတဲ့ရေက သင့်ရဲစိတ်ကို လန်းဆန်းစေပြီး သွေးလည်ပတ် မှုကို ကောင်းမွန်စေကာ ခန္ဓာကိုယ်ကို လှုပ်ရှားပေးလိုက်ခြင်းက စိတ်ဖိစီးမှုကို တိုက်ထုတ်ပေးမဲ့ Endorphin ဓာတ်ထွက်လာစေပါတယ်။  


ချောကလက်

Flavonoid အမည်ရ Antioxidant တစ်မျိုးဟာ စိတ်ကို သက်တောင့်သက်သာဖြစ်စေပြီး ပေါ့ပါးစေနိုင်တဲ့ ဂုဏ်သတ္တိကြောင့် လူသိများပါတယ်။ ချောကလက် အမည်းရောင်မှာ Flavonoid ပါဝင်တာကြောင့် စိတ်ဖိစီးမှုများနေချိန်မှာ ကိုကိုး(၇၀)ရာခိုင်နှုန်းနဲ့ အထက် ပါဝင်တဲ့ ချောကလက်အမျိုးအစားကို ရွေးချယ်ပြီး စားသုံးပေးနိုင်ပါတယ်။

 

ချောကလက်မှာ ဒြပ်ပေါင်း (၃၀၀)ကျော် လောက်ပါဝင်ပြီး အချို့ဟာ ဦးနှောက်ကိုအသေးစားလှုံ့ဆော်မှုတွေနဲ့ နှိုးဆွပေးပါတယ်။ ချောကလက် ပုံမှန်စားသုံးသူတွေကို လေ့လာကြည့်တဲ့အခါ သွေး ထဲမှာ Cortisol ဟော်မုန်းပမာဏ နည်းပါးနေတာကို အံ့သြဖွယ်တွေ့ရှိခဲ့ပါတယ်။

 

လက်ဖက်ရည်

Theanine ဆိုတဲ့အမိုင်နိုအက်ဆစ်ဓာတ်က ဦးနှောက်မှစိတ်ကို အေးဆေးတည်ငြိမ်စေနိုင်သော အယ်လ်ဖာလှိုင်း ထုတ်လွှတ်မှု ကို မြှင့်တင်ပေးနိုင်ပြီး ဖိအားဖြစ်စေတဲ့ ဘီတာလှိုင်း ထုတ်လွှတ်မှု ကိုတော့ လျှော့ချပေးပါတယ်။

 

လက်ဖက်ရည်ကြမ်း (Green Tea) မှာ Theanine Amino Acid ကြွယ်ဝစွာ ပါဝင်တာကြောင့် စိုးရိမ်သောကနဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်။ နို့မပါတဲ့ လက်ဖက်ရည် (Black Tea) ကို ပုံမှန်သောက်သူတွေဟာ စိတ်ဖိစီးမှု အလွယ်တကူလျော့ကျနိုင်ပြီး ပုံမှန်အခြေအနေမှာလည်း စိတ်ဖိစီးမှုတော်ရုံနဲ့ မဖြစ်တတ်ကြတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

 

ဒါကြောင့် သင့်ရဲ့စိတ်အခြေအနေကို လက်ဖက်ရည်တစ်မျိုးမျိုးနဲ့ ပြန်လည်တည်ငြိမ်စေနိုင်ပါတယ်။

 

ဗီတာမင် C

ဗီတာမင် C ဓာတ်က စိတ်ဖိစီးမှုအပြင်းအထန် ခံစားနေရတဲ့သူတွေကို အဲဒီအခြေအနေကနေ အလွယ်တကူ လွတ်မြောက် အောင် ကူညီပေးနိုင်ပါတယ်။ ဗီတာမင် C က သွေးဖိအားနဲ့ Cortisol ပမာဏကို လျင်မြန်စွာကျဆင်းစေနိုင်တာကို ဂျာမန်လေ့လာသူတွေ သတိပြုမိခဲ့ပါတယ်။

 

အမျိုးမျိုးသော အကြောင်းကိစ္စတွေကြောင့် စိတ်ရှုပ်ထွေးကာ ဖိအားများနေမယ်ဆိုရင် လိမ္မော်သီး၊ သံပရာ သီး၊ ကျွဲ ကောသီး အစရှိတဲ့ ဗီတာမင် C ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အသီးတွေကို စားသုံးပေးပြီး လန်းဆန်းမှုကို ပြန်လည်ရယူနိုင်ပါတယ်။

 

သင့်ရဲ့ ဟင်းလျာထဲမှာလည်း ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့ ဘရိုကိုလီ၊ ငရုတ်ပွသီးတို့ကို ထည့်သွင်းစားသုံး ပေးသင့်ပါတယ်။

 

Ref: By Cynthia Dermody from readersdigest

 

Read times
Rate this item
(1 Vote)