Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


သစ်ကြားသီး၏ အကျိုးကျေးဇူးများ

သစ်ကြားသီးစားရင် အဆီတက်မှာ စိုးလို့ဆိုပြီး တချို့က ရှောင်တတ် ကြပါတယ်။

 

တကယ်က သစ်ကြားသီးမှာ ပါဝင်တဲ့ အဆီက ကောင်းတဲ့အဆီပါ။ တစ်နေ့မှာ အသင့်အတင့် ပမာဏကို စားပေးရင် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တဲ့အပြင် အောက်ပါကျန်းမာရေး စွမ်းပကား တွေကိုလည်း ရရှိ ပါလိမ့်မယ်။

 

နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးခြင်း

သစ်ကြားသီးမှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပါတယ်။ သစ်ကြားသီးမှာ အိုမီဂါ ၃ ဖက်တီး အက်စစ်လည်း ပါဝင်နေပါတယ်။ ဒါကြောင့် သစ်ကြားသီးကို စားတာက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောနဲ့ ထရိုင်ဂလစ် စရိုက် အဆင့်ကို လျော့ကျ စေ တာကြောင့် နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။

 

စိတ်ကျရောဂါ သက်သာခြင်း

သစ်ကြားသီးနဲ့ သစ်ကြားသီးအဆီမှာ အိုမီဂါ ၃ ဖက်တီး အက်စစ်ပါဝင်မှု များတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေ ကို ကောင်းကောင်းလုပ် ဆောင်နိုင်စေပြီး စိတ်ကျရောဂါကို သက်သာ စေပါတယ်။ စိတ်ကျရောဂါ ခံစားနေရသူအများစုဟာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပမာဏ လျော့နည်း နေတတ်ပါတယ်။ ကလေး တွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်လျော့ ကျနေရင် အာရုံစူးစိုက်မှုချို့တဲ့တဲ့ရောဂါ (ဗီ) နဲ့ ဆက်စပ်မှုရှိတယ်လို့ လေ့ လာမှုများစွာက ဆိုပါတယ်။

 

ကိုယ်အလေးချိန်ကို လျော့ကျခြင်း

သစ်ကြားသီးရဲ့ ကောင်းတဲ့ အကျိုးတစ်ခုက ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တာပဲ ဖြစ်ပါတယ်။ လိုမာလင်ဒါ တက္ကသိုလ်ရဲ့ လေ့လာမှုတွေ အရ ထမင်းမစားခင် သစ်ကြားသီး အနည်းငယ် စားတာက အစာစား ချင်စိတ်ကို လျော့ကျစေပြီး အစာကို နည်းနည်းပဲ စားဖြစ်စေတယ်လို့ သိရပါတယ်။

 

ကြီးထွား ဖွံ့ဖြိုးမှုအတွက် အရေးပါခြင်း

သစ်ကြားသီးမှာ အာဟာရတန်ဖိုးများစွာ ပါဝင်တာကြောင့် တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ကောင်းကောင်း ရရှိစေပါတယ်။ သစ်ကြားသီးမှာ ပရိုတင်းဓာတ်၊ ဗီတာမင်ဘီ၊ ဗီတာမင် အီး၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနိစ်တွေ ပါဝင်နေတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းမွန်စေသလို ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း အရေးပါ ပါတယ်။

 

ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်ခြင်း

သစ်ကြားသီးမှာ အင်တီအောက် ဆီးဒင့်များစွာ ပါဝင်တာကြောင့် ဆီးကျိတ်ကင်ဆာကို ကာကွယ်နိုင်စွမ်း ရှိတယ်လို့ ဗြိတိန် အာဟာရ ဂျာနယ်မှာ လတ်တလော တွေ့ရှိချက် တစ်ရပ်ကို ရေးသားဖော်ပြထားပါတယ်။

 

မှတ်ဥာဏ်ကို ကောင်းမွန်စေခြင်း

သစ်ကြားသီးကို ဦးနှောက်အာဟာ ရလို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ အကြောင်းကတော့ သစ်ကြားသီးက ဦးနှောက် အခွံပုံသဏ္ဌာန် ရှိတဲ့အပြင် မှတ်ဥာဏ်အားကောင်းစေတဲ့ အိုမီဂါ ၃ အဆီတွေ များစွာ ပါဝင်တာကြောင့်ပါ။ ဦးနှောက်ဟာ အဆီ ၆၀ ရာခိုင်နှုန်းကျော်နဲ့ တည်ဆောက်ထားပါတယ်။ ဦးနှောက်ဆဲလ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ အဆီတည်ဆောက်ရာမှာ အိုမီဂါ ၃ အဆီ လိုအပ်ပါတယ်။

 

သည်းခြေကျောက်တည်မှု မဖြစ်အောင် ကာကွယ်နိုင်ခြင်း

အမျိုးသမီး ရှစ်သောင်းကျော်ကို နှစ် ၂၀ ကြာလေ့လာမှုအရ တစ်ပတ်မှာ သစ်ကြားသီးလို အခွံမာတဲ့ အစေ့အဆန် တစ်အောင်စ စားတဲ့ အမျိုးသမီးတွေက မစားသူတွေထက် သည်းခြေကျောက် တည်နိုင်ခြေ ၂၅ ရာခိုင်နှုန်းလျော့နည်းကြောင်း သိရပါတယ်။ တစ်အောင်စဆိုတာ ပျမ်းမျှ အားဖြင့် သစ်ကြားသီး အစေ့ ၂၈စေ့ခန့်နဲ့ ညီမျှပါတယ်။ ဒါမှမဟုတ် နေ့လယ်စာစားပြီးချိန်မှာ သစ်ကြားသီး လက်တစ်ဆုပ်စာ ပမာဏကို စားပေးရင်လည်း သည်းခြေကျောက်တည်တာ အပါအဝင် သည်းခြေအိတ်ဆိုင်ရာ ရောဂါ တွေကို ကာကွယ်ပေးနိုင်ပါတယ်။

 

ကောင်းကောင်း အိပ်မောကျစေခြင်း

ညစာစားရာမှာ ဟင်းရွက်သုပ်ထဲ သစ်ကြားသီး ထည့်စားပေးရင် ကောင်းကောင်း အိပ်မောကျစေပါတယ်။ သစ်ကြားသီးမှာပါတဲ့ မယ်လတိုနင်ဟာ ညဆိုင်းအလုပ်လုပ်ရသူ၊ လေယာဉ်အကြာကြီးစီးရ သူတွေမှာ အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ်။

 

Read More >>>>>  လိုင်ချီးသီး၏ အကျိုးကျေးဇူးများ

 

ဖရီးရယ်ဒီကယ်ကြောင့်ထိခိုက်မှုကို တွန်းလှန်နိုင်ခြင်း

သစ်ကြားသီးကိုစားရင် ဖရီးရယ် ဒီကယ်ကြောင့် ထိခိုက်မှုဖြစ်လာတဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ဥပမာ ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါနဲ့ ပါကင် ဆန်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါတို့လို ရောဂါတွေကို သက်သာ စေပါတယ်။

 

အရိုး ကျန်းမာရေးကို ကောင်းမွန်ခြင်း

သစ်ကြားသီးမှာပါတဲ့ Alpha linolenic acid ဟာ အရိုးဖြစ်ပျက်မှုကို အလွန်အမင်းမဖြစ်အောင် ကာကွယ်ပေးတာကြောင့် အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ သစ်ကြားသီးမှာ အိုမီဂါ ၃ အဆီပါဝင်မှုကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

 

#Myanmar Food Industry Directory

Read times Last modified on Friday, 09 August 2019 15:34
Rate this item
(1 Vote)