Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အရွယ်စုံ သောက်သုံးနိုင်တဲ့ ပဲနို့ပြုလုပ်နည်း

Unicode

အရွယ်စုံ သောက်သုံးနိုင်တဲ့ ပဲနို့ပြုလုပ်နည်း

သန့်ရှင်းလတ်ဆတ်တဲ့ ပဲနို့ကို အိမ်မှာကျိုပြီး ကလေး၊ လူကြီး အရွယ်မရွေး သုံးဆောင်နိုင်ဖို့ လွယ်ကူတဲ့ ပဲနို့ကို ပဲပိစပ်နဲ့ ကျိုတာများသလို မြေပဲနဲ့ကျိုတဲ့ ပဲနို့လည်းရှိပါတယ်။

 

ယခု ကျိုထားတဲ့ ပဲနို့ကတော့ ပဲပိစပ်ကို အသုံးပြုထားပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ပဲပိစပ်၊ သကြား၊ ရေ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး မြေပဲကို ရေဆေးသန့်စင်ပြီး လေးနာရီကျော်ခန့် ရေစိမ်ထားပါ။ ပွလာပါက ပွတ်တိုက်ပြီး အခွံများကြွပ်အောင် ပြုလုပ်ပါ။ အခွံချွတ်ပြီးသားဖြင့်လည်း ပြုလုပ်နိုင်ပါတယ်။

 

ပြီးနောက် ပွလာပါက ရေစစ်ပြီး ကြိတ်စက်ဖြင့် ညက်အောင်ကြိတ်ပါ။ ရေသန့်ကို ကြိုက်နှစ်သက်သလောက် ထည့်ပြီး ပဲကို လိုသလောက်သာ ထည့်ကြိတ်ပါ။ ကြိတ်စက်အမျိုးအစားပေါ်မူတည်ပြီး ရေထည့်ဖို့ လိုပါတယ်။

 

Read More >>>>>   အဆာပြေ မုန့်ဗိုင်းတောင့်လုပ်စားရအောင်

 

ပြီးလျှင် အားလုံးကြိတ်ပြီးပါက အဝတ်ပါးတစ်ခုဖြင့် ပဲဖတ်များကို စစ်ထုတ်ပါ။

 

ပြီးနောက် စစ်ပြီးသား ပဲနှစ်ရည်ကို အိုးတစ်အိုးထဲထည့်ပြီး မီးဖိုမှာ မီးပုံမှန်ဖြင့် ဆူပွက်သည်အထိ ကျိုပေးပါ။ နို့ကို အိုးမကပ်စေရန် အဆက်မပြတ် မွှေပေးပါ။

 

ပြီးလျှင် ဆူပွက်ပါက မီးကိုလျှော့ချပြီး မိနစ်အနည်းငယ်ခန့် ပဲစိမ်းနံ့ပျောက်အောင် တည်ပေးထားပါ။

 

မုန့်မျိုးစုံလုပ်ငန်းများ (၄၆) ခုကိုရှာရန်နှိပ်ပါ။

 

ပြီးရင်တော့ အရသာရှိပြီး သောက်လို့လည်း အရမ်းကောင်း၊ ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ ပဲနို့လေးကို တည်ခင်းသုံးဆောင်နိုင်ပါတယ်။


Myanmar Food Industry Directory

 

 

 

အရြယ္စံု ေသာက္သံုးႏိုင္တဲ့ ပဲႏို႕ျပဳလုပ္နည္း

 

သန္႔ရွင္းလတ္ဆတ္တဲ့ ပဲႏို႔ကို အိမ္မွာက်ိဳၿပီး ကေလး၊ လူႀကီး အရြယ္မေရြး သံုးေဆာင္ႏိုင္ဖို႔ လြယ္ကူတဲ့ ပဲႏို႔ကို ပဲပိစပ္နဲ႔ က်ိဳတာမ်ားသလို ေျမပဲနဲ႔က်ိဳတဲ့ ပဲႏို႔လည္းရွိပါတယ္။

 

ယခု က်ိဳထားတဲ့ ပဲႏို႔ကေတာ့ ပဲပိစပ္ကို အသံုးျပဳထားပါတယ္။

 

ပါဝင္ပစၥည္းမ်ားကေတာ့ ပဲပိစပ္၊ သၾကား၊ ေရ တို႕ လိုအပ္ပါမယ္။

 

ပထမဦးဆံုး ေျမပဲကို ေရေဆးသန္႔စင္ၿပီး ေလးနာရီေက်ာ္ခန္႕ ေရစိမ္ထားပါ။ ပြလာပါက ပြတ္တိုက္ၿပီး အခြံမ်ားႂကြပ္ေအာင္ ျပဳလုပ္ပါ။ အခြံခြၽတ္ၿပီးသားျဖင့္လည္း ျပဳလုပ္ႏိုင္ပါတယ္။

 

ၿပီးေနာက္ ပြလာပါက ေရစစ္ၿပီး ႀကိတ္စက္ျဖင့္ ညက္ေအာင္ႀကိတ္ပါ။ ေရသန္႕ကို ႀကိဳက္ႏွစ္သက္သေလာက္ ထည့္ၿပီး ပဲကို လိုသေလာက္သာ ထည့္ႀကိတ္ပါ။ ႀကိတ္စက္အမ်ိဳးအစားေပၚမူတည္ၿပီး ေရထည့္ဖို႔ လိုပါတယ္။

 

Read More >>>>>   အဆာေျပ မုန္႕ဗိုင္းေတာင့္လုပ္စားရေအာင္

 

ၿပီးလွ်င္ အားလံုးႀကိတ္ၿပီးပါက အဝတ္ပါးတစ္ခုျဖင့္ ပဲဖတ္မ်ားကို စစ္ထုတ္ပါ။

 

ၿပီးေနာက္ စစ္ၿပီးသား ပဲႏွစ္ရည္ကို အိုးတစ္အိုးထဲထည့္ၿပီး မီးဖိုမွာ မီးပံုမွန္ျဖင့္ ဆူပြက္သည္အထိ က်ိဳေပးပါ။ ႏုိ႕ကို အိုးမကပ္ေစရန္ အဆက္မျပတ္ ေမႊေပးပါ။

 

ၿပီးလွ်င္ ဆူပြက္ပါက မီးကိုေလွ်ာ့ခ်ၿပီး မိနစ္အနည္းငယ္ခန္႔ ပဲစိမ္းနံ႔ေပ်ာက္ေအာင္ တည္ေပးထားပါ။

 

မုုန္႔မ်ိဳးစံုလုပ္ငန္းမ်ား (၄၆) ခုကိုရွာရန္ႏွိပ္ပါ။

 

ၿပီးရင္ေတာ့ အရသာရွိၿပီး ေသာက္လို႕လည္း အရမ္းေကာင္း၊ က်န္းမာေရးနဲ႕လည္းညီညြတ္တဲ့ ပဲႏို႕ေလးကို တည္ခင္းသံုးေဆာင္ႏိုင္ပါတယ္။


Myanmar Food Industry Directory

 

 

Read times Last modified on Monday, 10 February 2020 15:01
Rate this item
(0 votes)

Media