Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုယ်​အ​လေးချိန်​ကျဆင်း​စေသည့်​ နာနတ်​သီး

နာနတ်​သီးစားသုံးခြင်း​​ကြောင့်​ ကိုယ်​အ​လေးချိန်​ကျ​တင်း​စေသည့်​အပြင်​ မိမိကျန်းမာ​ရေးအတွက်​ပါအကျိုးများ​စေပါတယ်။

 

နာနတ်​သီး​​တွင်​ ဗီတာမင်စီပါဝင်​မှုများ​သော အသီးတစ်​မျိုးလည်းဖြစ်​သလို တစ်​ခြားအကျိုးပြုသောဓာတ်​များလည်း ပါဝင်​​သော အသီးလည်းဖြစ်​ပါတယ်။

 

နေ့တိုင်း နာနတ်​သီး၏ ​လေးပုံတစ်​ပုံကို စားသုံးနိုင်​ပြီး အစားအစာ စား​သောက်​ပြီးချိန်​စားပါက အစားအစာများ​ကြောင့်​ ကိုယ်​အ​လေးချိန်​တိုးလာနိုင်​မှုကို ​လျှော့နည်း​စေသလို အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်လို့ကောင်းမွန်တဲ့ ဇီဝဖြစ်စဉ်ကိုတိုးတက်စေခါ အစာခြေစနစ်ကောင်းမွန်သည့်အပြင် ​​သွေးဖိအားမြင့်တက်​ခြင်းကို ထိန်း​ပေးနိုင်​ပါတယ်။

 

နာနတ်သီးမှာ မဂ္ဂနိစ်သတ္တုဓာတ်တွေ အမြောက်အမြားပါဝင်တာကြောင့်​ အဲဒီသတ္တုဓာတ်ဟာ ကယ်လ်စီယမ်ကို အရိုးအတွင်းသို့ ရောက်ရှိအောင် ကူညီနိုင်လို့အရိုးကြွပ်​ဆတ်မှုမဖြစ်အောင်နဲ့ အရိုးပါး​ရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို နာနတ်​သီးစားခြင်း​​ကြောင့်​ အရိုးကိုပါ သန်​မာ​စေပါတယ်။

 

Read more >>>>>   ဂေါ်ရခါးသီး၏ အကျိုးအာနိသင်များ

 

နာနတ်သီးတွင်​ ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ပေးနိုင်ရန်​ အကျိုးများစေသည့် Antioxidant တွေကြွယ်ဝစွာ ပါဝင်သလို မဂ္ဂနီဆီယမ်ဓါတ်လည်း ကြွယ်ဝစွာပါဝင်​သဖြင့်​ ကာကွယ်​​ပေးနိုင်​ပါတယ်။

 

နာနတ်သီးကို ​ကိုယ်​ဝန်​​ဆောင်​အမျိုးသမီးများအ​နေဖြင့့် ​ရှောင်​သင့်​ပြီး နာနတ်​သီးကို အလွန်အကျွံစားပါက ၀မ်းလျှောတတ်ခြင်း ​ခေါင်းခဲ​၊ ခေါင်းကိုက်​တက်​ခြင်းတို့လည်း ဖြစ်​​စေနိုင်​ပါတယ်။

 

Credit: Mg Mandalay

Read times Last modified on Friday, 19 April 2019 15:01
Rate this item
(1 Vote)