Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ဂေါ်ရခါးသီး၏ အကျိုးအာနိသင်များ

ဂေါ်ရခါးသီးတွင် လူသားတို့ ကျန်းမာရေးကို အထောက်အကူ ပြုစေသော သဘာဝကစီဓာတ်၊ ဗီတာမင်စီ၊ အမိုင်နိုဆက်ဆစ်နှင့် ဗီတာမင်ဘီအုပ်စုတို့ ကြွယ်ဝစွာ ရှိပါတယ်။

ကိုလက်စထရောနှင့် ဆိုဒီယမ်တို့ လုံးဝမပါရှိပါ။ ထို့ပြင် ဂေါ်ရခါးသီးတွင် ကယ်လိုရီ နည်းပါးကာ အမျှင်ဓာတ်တို့ စုဝေးရာ အရင်းအမြစ်လည်း ဖြစ်ပါတယ်။

 

ဂေါ်ရခါးသီးတွင် ပါရှိသော ဖောလိတ်ဓာတ်သည် သွေးထဲရှိ ဆဲလ်များနှင့် DNA ဖွဲ့စည်းတည်ဆောက်မှုကို အကျိုးဖြစ်စေပါတယ်။ ထို့ကြောင့် ကိုယ်ဝန်မဆောင်ခင်နှင့် ကိုယ်ဝန် ဆောင်ခါစ မိခင်လောင်းများသည် ဂေါ်ရခါးသီးကို အလုံအလောက် စားပေးခြင်းဖြင့် မွေးဖွားလာသည့် ရင်သွေးငယ်များတွင် အာရုံကြော နှင့် ပတ်သက်သော ရောဂါဝေဒနာများ ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

 

ကိုလက်စထရော ပါဝင်မှု နည်းပါးသဖြင့် ခန္ဓာကိုယ် အလေးချိန် ထိန်းသိမ်းလိုသူများအတွက် အထူးသင့်လျော်ပါတယ်။

 

Poly-phenolic ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါရှိခြင်းတို့ကြောင့် ကင်ဆာရောဂါများကို ဟန့်တားကာကွယ်ပေးနိုင်ခြင်းနှင့် အသက်အရွယ် အိုမင်းရင့်ရော်မှုတို့ကိုလည်း ထိန်းထားပေးနိုင်ပါတယ်။

 

ခန္ဓာကိုယ်အတွက် လိုအပ်သော ပရိုတင်းနှင့် ခွန်အားများကို လုံလောက်စွာ ရရှိစေနိုင်ရန်အတွက် မဂ္ဂနိစ်ဓာတ် ကြွယ်ဝသော ဂေါ်ရခါးသီးကို စားပေးသင့်ပါတယ်။

 

အမျှင်ဓာတ် ပေါကြွယ်ဝသဖြင့် အူသိမ်၊ အူမတို့ စွမ်းရည်ကို မြှင့်တင်ပေးသောကြောင့် ဝမ်းချုပ်ခြင်းကိုလည်း မဖြစ်ပေါ်စေနိုင်ပါ။

 

Read More >>>>>   သက်သတ်လွတ် ရဲယိုရွက် ပဲပြားပေါင်းထုပ်

 

ဂေါ်ရခါးသီးကို မှန်မှန် စားသုံးပေးခြင်းအားဖြင့် အရိုးပါးရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ၊ စိတ်ကျရောဂါဝေဒနာများကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။


နာတာရှည် အိပ်မပျော်သူများအတွက် အထူးသင့်လျော်ပြီး ပင်ပန်းနွမ်းနယ်မှုများကိုလည်း သက်သာလာစေပါတယ်။

 

ဂေါ်ရခါးသီးတွင် ဗီတာမင် B6 ပါရှိသောကြောင့် မှတ်ဉာဏ်စွမ်းရည်ကိုလည်း တိုးတက်မြင့်မားလာစေပါတယ်။

 

ဆဲလ်များ ထိခိုက်ပျက်စီးမှုကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

 

သွားဖုံးကျန်းမာရေး၊ သွားကျန်းမာရေး၊ ခံတွင်း အပူလောင်ခြင်း၊ အဆုတ်ကျန်းမာရေးနှင့် ကျောရိုး ကျန်းမာရေးတို့ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။

 

ဂေါ်ရခါးသီးသည် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သောကြောင့် မကြာခဏ ဖြစ်ပေါ်တတ်သော အပူဖျား၊ အအေးဖျား ရောဂါများကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

 

ဂေါ်ရခါးသီးထဲတွင် Copper ဓာတ် ပါရှိခြင်းကြောင့် သိုင်းရွိုက်ရောဂါဝေဒနာသည်များ စားသုံးပေးသင့်ပါတယ်။

 

ဂေါ်ရခါးသီးထဲတွင် ပါဝင်သော ဇင့်ဓာတ်သည် ခန္ဓာကိုယ် အရေပြားထဲမှ အဆီထွက်ရှိမှုကို ထိန်းချုပ်ပေးနိုင်သောကြောင့် မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ရှိ ဝက်ခြံများကို ပျောက်ကင်းသက်သာစေပါတယ်။

 

ဂေါ်ရခါးသီးထဲတွင် မဂ္ဂနီဆီယမ်ဓာတ်လည်း ပါရှိသောကြောင့် မှန်မှန်စားပေးခြင်းဖြင့် ခြေသလုံးကြွက်သားများ ကြွက်တက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဂေါ်ရခါးသီးသာမက ဂေါ်ရခါးပင်၏ အရွက်/အညွန့်တို့သည်လည်း လွန်စွာ ဆေးဖက်ဝင်ပါတယ်။ အရွက်/အညွန့်တို့ကို အစိမ်း သို့မဟုတ် အခြောက်ခံပြီး လက်ဖက်ရည်ကြမ်းအဖြစ် မှန်မှန် သောက်သုံးသွားပါက သွေးတိုးကို ကျစေခြင်း၊ သွေးကြောမကြီးများ ပိတ်ဆို့တင်းမာမှုကို ပြေလျော့စေနိုင်ခြင်း၊ ဆီးရွှင်စေခြင်း၊ ကျောက်ကပ်ထဲရှိ ဆီးကျောက်များကို ကြေစေခြင်း စသည်ဖြင့် ဆေးစွမ်းထက်မြက်လှပါတယ်။ သို့ပါ၍ ဘေးထွက်ဆိုးကျိုးကင်းပြီး လူသားတို့ ကျန်းမာရေးကို များစွာ အထောက်အကူပြုနိုင်သည့် ဂေါ်ရခါးသီးကို အရွယ်သုံးပါးမရွေး စားသုံးပေးကြပါရန် တိုက်တွန်းလိုက်ရပါတယ်။

 

Source: Good health

Read times Last modified on Friday, 19 April 2019 14:04
Rate this item
(1 Vote)