Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


နွားနို့အပူ နဲ့ အအေး ဘယ်တစ်ခုက ပိုကောင်းမလဲ

သင်ဟာနွားနို့ရဲ့ အရသာကို မကြိုက်ရင်တောင် ကျွန်တော်တို့ပြောတဲ့ အရာကို သင် လက်ခံသွားမှာပါ။

 

နွားနို့က ကျန်းမာရေးအကောင်းဆုံးနဲ့ သဘာဝအလျောက် အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်ပါတယ်။

 

တစ်နေ့ကို အနည်းဆုံး နွားနို့ တစ်ခွက် သောက်ပေးရပါတယ်။ တချို့က နွားနို့အပူကို ကြိုက်ပြီး တချို့က နွားနို့အေးကို ကြိုက်ကြပါတယ်။

 

ဒါပေမဲ့ ဘယ်တစ်ခုက ပိုကောင်းလဲဆိုတာကို စဉ်းစားရခက်စေပါတယ်။ အကောင်းဆုံးတစ်ခုက ကျွန်တော်တို့ကို လိုအပ်တဲ့အာရဟာဓာတ်အားလုံး၊ ဗီတာမင်၊ ကယ်စီယမ်ဓာတ်တွေ ရအောင် ကူညီပေးပါတယ်။

 

လူတော်တော်များများက နွားနို့အေးသောက်ဖို့ ဘာကြောင့် အကြံပေးကြလည်းဆိုတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုက သင်ကို တစ်နေ့လုံး ထကြွလန်းဆန်းနေစေမယ့် အရေးပါတဲ့ မိုက်ခရို-အာဟာရဓာတ်နဲ့ electrolytesအရည်တွေနဲ့ ထုတ်ပိုးထားပါတယ်။

 

ဒါပေမဲ့ မနက်စောစော သောက်ပေးရင် ပိုကောင်းပါတယ်။ ညဘက် နွားနို့အေးသောက်ရင် အစာမကြေတဲ့ပြဿနာတွေ၊ မအီမသာဖြစ်တာတွေ၊ အိပ်စက်ရခက်ခဲတာတွေ ဖြစ်စေနိုင်ပါတယ်။ နွားနို့က အချဉ်ပေါက်ခြင်းကို ပြေလျော့စေတဲ့အရာတွေထဲက တစ်ခုဖြစ်ပါတယ်။

 

Read More:  ဆီးဖြူသီးရဲ့  အကျိုးကျေးဇူးများ

 

နွားနို့အေးသောက်သင့်တဲ့ နောက်ထပ်အကြောင်းအရင်းက ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်ပါတယ်။

 

နွားနို့အေးမှာပါတဲ့ ကယ်စီယမ်က ဇီဝဖြစ်စဉ်တွေကို တိုးလာအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ကယ်လိုရီတွေကို မြန်မြန် လောင်ကျွမ်းပေးပါတယ်။

 

သွားရည်စာအဖြစ် သောက်သုံးမယ်ဆိုရင် အစားအစာ စားချင်စိတ်တွေကို ဟန့်တားပေးပါတယ်။ ဆောင်းရာသီမှာ နွားနို့အေး မသောက်ခင် သတိထားပါ။ ရာသီဥတု အပြောင်းအလဲကြောင့် အအေးမိ၊ တုပ်ကွေးဖျားနာခြင်းတွေ ဖြစ်နိုင်ပါတယ်။

 

နွားနို့အပူက နွားနို့အေးလိုပဲ အကျိုးကျေးဇူးတွေနဲ့ ပြည့်နေတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ဒါက ရာသီဥတုအပေါ်၊ သင့်ခန္ဓာကိုယ်က အစားအစာအပူချိန်ခံနိုင်မှုအပေါ်မူတည်ပြီး နွားနို့ကို ရွေးချယ်သင့်ပါတယ်။

 

နွားနို့အပူကို လူတွေက ပိုကြိုက်ကြပါတယ်။ ဒါက ပိုအိပ်ပျော်စေတဲ့အတွက်ကြောင့်ပါပဲ။ အခုအကြောင်းအရာတွေကို ကြည့်ခြင်းအားဖြင့် နွားနို့အေးနဲ့ နွားနို့အပူ ဘယ်ဟာက ပိုကောင်းလဲဆိုရင် နှစ်ခုလုံးကောင်းပါတယ်။

 

ဒါပေမဲ့ နွားနို့အပူကို ညဘက်တွေသောက်မယ်ဆိုရင် အိပ်လို့ပိုကောင်းပါတယ်။ နွားနို့အေးက ညဘက်တွေ သောက်သုံးလို့ အဆင်မပြေပါဘူးနော်။

 

Source: mingalarbarmorning

Read times Last modified on Friday, 03 May 2019 16:25
Rate this item
(1 Vote)