Food & Health



တရုတ်က ပိတ်ပင်ထားခြင်းခံရသည့် ဂျပန်ပင်လယ်စာများ အမေရိကန် စတင်ဝယ်ယူ

တရုတ်က ပိတ်ပင်ထားခြင်းခံရသည့် ဂျပန်ပင်လယ်စာများ အမေရိကန် စတင်ဝယ်ယူ

https://t.me/Guid4U
JOIN THE CHANNEL 

 

အမေရိကန်သည် ဂျပန်နိုင်ငံရှိ ၎င်း၏ စစ်တပ်အတွက် ရိက္ခာထောက်ပံ့သည့်အနေဖြင့် ဂျပန်ပင်လယ်စာများကို ပထမဆုံးအကြိမ် စတင်ဝယ်ယူခဲ့သည်။

 

၂၀၁၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဆူနာမီ ‌ေြမငလျင်ဒဏ်ကြာင့် ပျက်စီးသွားခဲ့သည့် ဖူကူရှီးမား နျူကလီးယားစက်ရုံမှ ရေများကို ဩဂုတ်လတွင် ပင်လယ်ထဲသို့ စတင်စွန့်ထုတ်ခဲ့ရာ တရုတ်နိုင်ငံက အပြင်းအထန် ကန့်ကွက်ခဲ့ပြီး ဂျပန်ပင်လယ်စာများတွင် ဓာတ်ရောင်ခြည်သင့်မည့် အန္တရာယ် ရှိနိုင်သည်ဟုဆိုကာ တရုတ်နိုင်ငံသို့ ဂျပန်ပင်လယ်စာ တင်သွင်းမှုများ အားလုံးကို လုံးဝပိတ်ပင်ထားသည်။ 

 

G7 ကုန်သွယ်ရေးဝန်ကြီးများက ဂျပန်အစားအစာအပေါ် တားမြစ်ပိတ်ပင်မှုများကို ချက်ချင်းရုပ်သိမ်းရန် တနင်္ဂနွေနေ့ (အောက်တိုဘာ ၂၉)တွင် တောင်းဆိုခဲ့သည်။ 

 

အမေရိကန်စစ်တပ်သည် ဂျပန်တွင် ဒေသထွက် ပင်လယ်စာများကို ယခင်က ဝယ်ယူခြင်း မပြုလဲ့ချေ။ ယခုအခါ တရုတ်ပိတ်ပင်မှုကြောင့် အခက်ကြုံနေရသည်ကို တဖက်တလမ်းမှ ကူညီဖြေရှင်းပေးရန် ပထမဆုံးအကြိမ်အဖြစ် စတင်ဝယ်ယူခြင်း ဖြစ်သည်။ 

 

ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Rahm Emanuel က “ဂျပန်မှာရှိတဲ့ အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဂျပန်မှ ပင်လယ်ငါးဖမ်းလုပ်ငန်းများအကြား ရေရှည် ကန်ထရိုက်စာချုပ် ချုပ်ဆိုပြီး ဝယ်ယူမှာပါ" ဟု ပြောကြားသည်။ 

 

ပထမအသုတ်အနေဖြင့် ခုံးကောင် တစ်မက်ထရစ်တန် ဝယ်ယူမည်ဖြစ်သည်။ 

ဂျပန်နိုင်ငံသည် တရုတ်သို့ ယမန်နှစ်က ခုံးကောင် တန်ချိန် ၁ သိန်းကျော် တင်ပို့ခဲ့သည့် ပမာဏနှင့် နှိုင်းယှဉ်ပါက တစ်မက်ထရစ်တန်သည် မပြောပလောက်သည့် ပမာဏ ဖြစ်သည်။

နောက်နောင်တွင် ဂျပန်ပင်လယ်စာများကို တိုးမြှင့်ဝယ်ယူသွားမည်ဟု Emanuel က ပြောကြားသည်။ အမျိုးအမည်များလည်း တိုးပြီး ဝယ်ယူမည်ဟု ၎င်းက ပြောကြားသည်။ 

 

Source thejakartapost


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Monday, 30 October 2023 23:03
Rate this item
(0 votes)