Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ဒန့်ဒလွန်အသီးအရွက်၏ အကျိုးကျေးဇူးများ

အသီးနှင့်အရွက်သာမက အဖူးအပွင့်များထဲတွင်လဲ အာဟာရဓာတ်ပမာဏ အမြောက်အမြားပါဝင်ပါသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် ဟိုးရှေးနှစ်ပေါင်းများစွာမှစ၍

ယနေ့ တိုင်အောင် ရိုးရာကုထုံးများတွင် ဘေးဥပါဒ်ကင်းဝေးစွာ အသုံးပြု လျှက်ရှိပါသည်။ Trees for Life Organization ၏ မှတ်တမ်းများအရ ဒန့် ဒလွန်သီးနှင့် အရွက်ထဲတွင်ပါရှိသော  vitamin C သည် လိမ္မော်သီး ထဲတွင်ပါရှိသော ပမာဏထက် ၇-ဆ ပိုသောကြောင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုး ခြင်းကို ကာကွယ် ပေးနိုင်ပါသည်။

 

သွေးတိုးရောဂါသည်များအတွက် ဒန့် ဒလွန်ရွက်နှင့်အသီးတို့ က ဆရာဝန်တစ်ဦးကဲ့သို့  အားထားလောက်ပါသည်။


သွေးကိုသန့် စင်စေကာ၊ သွေးလည်ပတ်စီးဆင်းမှုကို ချောမွေ့ စေပြီး၊ ခွန်အားလဲတိုးပွားစေသဖြင့် ကြီးကောင်ဝင်စ ဆယ်ကျော်သက်ရွယ် ကလေးများ မှန်မှန်စားသုံးပေးသင့်ပါသည်။


အရိုးအားကိုတိုးပွားစေသည့်အတွက် နို့ စို့ ရွယ်ကလေးငယ်များကိုလဲ၊ ဒန့် ဒလွန်သီးနှင့်အရွက်ပြုတ်ရည်တို့ ကို အ၀တ်ပါးဖြင့်စစ်ကာ နို့ ချိုဖြင့်ရော၍ တိုက်ကျွေးသင့်ပါသည်။


လှပပြီးမွှေးကြိုင်သော အဖြူရောင် ဒန့် ဒလွန်ပန်းပွင့် ရနံ့ က ကောင်းစွာအိပ်မောကျစေနိုင်ပါသည်။

 

မွေးဖွားခါနီး မိခင်လောင်းများအတွက် မရှိမဖြစ်လိုအပ်သော ကယ်လ်စီယမ်၊ ဗီတာမင်နှင့် သံဓာတ်တို့ သည် အသီးနှင့် အရွက်များထဲတွင် အလုံအလောက်ပါရှိပါသည်။ ကိုယ်ဝန်ဆောင်စဉ်ကတည်းက အသီးနှင့် အရွက်တို့ ကို မှန်မှန်စားပေးခြင်းဖြင့် နို့ ရည်လိုက်စေပါသည်။ ဒန့် ဒလွန်ရွက်ကို ဆားအနဲငယ်ဖြင့်ပြုတ်ပြီးနောက် အရွက်ကိုရေစစ်ပြီး ထောပတ်ဖြင့် သုပ်စားပေးခြင်းဖြင့်လည်း နို့ တိုက်မိခင်များ နို့ ရည် လှိုင်လှိုင်ပေါစေပါသည်။ ထို့ ပြင် သားအိမ်ကို အားရှိစေကာ၊ မွေးဖွားရလွယ်ကူစသေည့်အပြင် မွေးဖွားပြီးနောက် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲ မီးယပ်ဝေဒနာအမျိုးမျိုးတို့ ကိုလည်း သက်သာစေနိုင်ပါသည်။

 

အစာချေစံနစ်ကို ကောင်းမွန်စေပြီး၊ အူရောင်ငန်းဖျားရောဂါ၊ ၀မ်းသွားခြင်း၊ ကာလ၀မ်းရောဂါ၊ ၀မ်းကိုက်ရောဂါနှင့် အသဲရောင်အသားဝါ တို့ ကိုလည်း ကောင်းစွာ ကုသပေးနိုင်ပါသည်။

 

ဒန့် ဒလွန်ရွက် သည် penicillin ကဲ့သို့ ပိုးသတ်နိုင်စွမ်းရှိသဖြင့် ခန္ဓာကိုယ်တွင်းကိုယ်ပ နှင့် အရေပြားပေါ်ရှိ ကူးစက်ရောဂါအမျိုးမျိုးတို့ ကို ကာကွယ်တားဆီးပေးနိုင်ပါသည်။ ထို့ ပြင် အူထဲရှိသန်ကောင်များကိုလဲ ကျစေပါသည်။ အရေပြားမှိုစွဲခြင်းနှင့် ယားနာအမျိုးမျိုးတို အတွက်လဲ ဒန့် သလွန်ပင်စည်၏ အခေါက်မှုန့် ဖြင့် လိမ်းကျံ ပေးနိုင်ပါသည်။

 
ဒန့် ဒလွန်သီးသည် အသည်းနှင့်သရက်ရွက်တို့  ရောင်ကိုင်းခြင်း၊ မေးခိုင်ရောဂါ၊ အာရုံကြောအားနဲခြင်း၊ သွက်ချာပါဒ၊ ပြည်တည်နာ နှင့် အနာကြီးရောဂါ စသည့် ကိုယ်တွင်းကိုယ်ပ ဝေဒနာအမျိုးမျိုးတို့ ကို ပျောက်ကင်းစေနိုင်ပါသည်။

 

ဒန့် ဒလွန်ပင်၏ အခေါက်ထဲတွင်အစေးများပါရှိပါသည်။ အစာအိမ်နာ ရောဂါသမားများသည် ထိုအခေါက်ကို ပြုတ်သောက်ပေး သင့်ပါသည်။

 

ဒန့် ဒလွန်သီး သည် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ လည်ချောင်းနာခြင်း နှင့် ချောင်းဆိုးခြင်း တို့ ကို သက်သာကောင်းမွန်စေနိုင်ပါသည်။

 
ဆီးသွားလွန်ခြင်း ရောဂါအတွက် ဒန့် ဒလွန်ရွက်သတ္တုရည်ကို သောက်သုံးပေးသင့်ပါသည်။ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ပြသနာများ အတွက် ဒန့် ဒလွန်ရွက်သတ္တုရည် စားပွဲတင်ဇွန်း ၁-ဇွန်းစာ ပမာဏထဲသို့  ဆားအနဲငယ်ရော၍ မုန်လာဥနီ(သို့ မဟုတ်) သခွားသီး ဖျော်ရည် အနဲငယ်ဖြင့် ရောသောက်ပေးသင့်ပါသည်။

 

အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများအတွက် ဒန့် ဒလွန်ရွက် လက်တစ်ဆုပ်စာ ကို ဆား၊ ငရုတ်ကောင်း၊ သံပရာရည် အနည်းငယ်ထည့်ကာ ရေ ၃ပုံ ၄ပုံ ခန့် ကို အချိန် ၅-မိနစ်လောက်ကြိုချက်ပြီးနောက် အအေးခံကာ သောက်ပေးခြင်းဖြင့် ချမ်းသာမှုကို ရစေပါသည်။

 
ဒန့် ဒလွန်သီး နှင့် သံပရာရည်တို့ ကို ရောကြိတ်ပြီးနောက် ရရှိလာသော အနှစ်ရည်ကို မျက်နှာအနှံ့ လိမ်းကျံပေးခြင်းဖြင့် ၀က်ခြံစို၊ ၀က်ခြံခြောက်၊ ဆားဝက်ခြံ၊ မှဲ့ ခြောက် တို့ ကို ပျောက်ကင်းစေနိုင်ပြီး မျက်နှာအသားအရေကို ၀င်းပလာစပေါသည်။

 

အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်းနှင့် ခေါင်းကိုက်ခြင်း ဝေဒနာများအတွက် ဒန့် ဒလွန်ရွက်ကို ထောင်း၍ အုံပေးနိုင်ပါသည်။


 

Source: Pauk Pauk (Naypyitawtime)

Read 6478 times Last modified on Saturday, 16 February 2019 14:08
Rate this item
(0 votes)