Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ဆွမ်းမွှေးရွက်၏ အကျိုးကျေးဇူးများ

ဆွမ်းမွှေးရွက်က  ဘယ်လိုကောင်းကျိုးလေးတွေိပေးတယ်ဆိုတာကို ဗဟုသုတအနေနဲ့ အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

တချို့တွေက ဆွမ်းမွှေးရွက်ကို အနံ့စွဲပြီး ရနံ့သင်းစေတာမို့ ချက်ပြီးကာစ ထမင်းအိုးထဲမှာ ထည့်ချက်တတ်ကြပါတယ်။


တချို့ကတော့ ဆူးမွှေးရွက်လို့ခေါ်ကြပါတယ်။ ဆွမ်းမွှေးရွက်အရည်ကို မုန့်လက်ဆောင်းဖက် ပြုလုပ်တဲ့နေရာတွေမှာလည်း ထည့်သွင်းအသုံးပြုကြသလို အခြားသော အစားအစာတွေမှာလည်း ရနံ့မွေးအောင် ထည့်သွင်း အသုံးပြုကြပါတယ်။

 

ဆွမ်းမွှေးရွက်ဟာ သိထားတာထက်ပိုပြီးတော့ အသုံးဝင်သလို လူ့ခန္ဓာကိုယ်အတွက်လည်း ကျန်းမာရေးအတွက် ဆေးစွမ်းကောင်းတစ်လက်ဖြစ်စေပါတယ်။

 

ဆွမ်းမွှေးရွက်ကို ခူးပြီးနောက် ရေသန့်စင်အောင်ဆေးကြောပြီး ကြိတ်၍ အရည်ညှစ်သောက်ပါက ရရှိနိုင်သော အကျိုးကျေးဇူးများကိုလည်း အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

Read More >>>>>   မှို ဆိပ်သင့်ခြင်း လက္ခဏာများ နှင့် သတိပြုရမည့်အချက်များ

 

 

အသည်းရောင်အသားဝါရောဂါ၊ အဆုတ်ရောဂါ၊ အဆစ်မြစ်ရောင်ရောဂါ၊ ဒူးနာရောဂါ၊ ခါးနာရောဂါ၊ ဗိုက်အောင့်ဗိုက်နာရောဂါ၊ ဂေါက်ရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ အဖျားရောဂါအမျိုးမျိုး၊ အရေပြားရောဂါ အမျိုးမျိုး၊ ခေါင်းကိုက်ခြင်း၊ နားကိုက်ခြင်း၊ သွားဖုံးနားခြင်း၊ အပူကျခြင်း၊ အဆိပ်ပြေစေခြင်း၊ အိပ်မပျော်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ အရက်မူးပြေပျောက်ခြင်း၊ အရက်နာကျခြင်းများ စတဲ့ ရောဂါတွေကို သက်သာပျောက်ကင်းစေကြောင်း သိရပါတယ်။

 

ဆွမ်းမွှေးရွက်ကိုအခြောက်ခံပြီး အဖက်ကို လက်ဖက်ခြောက်ကဲ့သို့ ရေနွေးခပ်သောက်လို့ရသလို၊ အရွက်ခြောက်ကိုလည်း အမှုန့်ကြိတ်၍ လည်းကောင်း၊ အမှုန့်ကိုယားနာအဖုများပေါ်သို့ ပွတ်လိမ်းပေးပါက ပျောက်ကင်းသက်သာစေကြောင်း သိရပါတယ်။

 

၎င်းအပြင် ဆွမ်းမွှေးရွက်ဟာ အနံ့အသက်ဆိုးများကို စုပ်ယူပေးနိုင်တဲ့ အစွမ်းသတ္တိ လည်းရှိပါတယ်။ ထိုသို့ အကျိုးကျေးဇူးများတဲ့ ဆွမ်းမွှေးရွက်ကို ကျန်းမာရေးအတွက် အများကြီး  အကျိုးရှိစွာအသုံးပြုနိုင်ကြောင်း လမ်းညွှန်ပေးလိုက်ပါတယ်။

 

#Myanmar Food Industry Directory (WWH)

Read times Last modified on Thursday, 08 August 2019 17:12
Rate this item
(2 votes)