Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးငယ်များအတွက် သံဓာတ်ကြွယ်ဝတဲ့ အစားအစာများ

Unicode

 


ကလေးငယ်များအတွက် သံဓာတ်ကြွယ်ဝတဲ့ အစားအစာများ


ကလေးငယ်များက အစားအသောက်ချေးများသဖြင့် အာဟာရပြည့်ဝအောင် ကျွေးမွေးရန် အရေးကြီးပါတယ်။ ချေးအများဆုံးကလေးများပင် ကြိုက်နှစ်သက်နိုင်တဲ့ သံဓာတ်ကြွယ်ဝသော အ စားအစာများကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

 ကလေးဘဝတွင် သံဓာတ်ချို့တဲ့မှုက ကြုံတွေ့နေကျဖြစ်ပြီးကလေးငယ် ၈ ရာခိုင်နှုန်းခန့်သည် သံဓာတ်ချို့တဲ့မှု ကြုံတွေ့နေရဖွယ်ရှိကြောင်း လေ့လာမှုများက ဖော်ပြထားပါတယ်။


အမေရိကန် အမျိုးသားကျန်းမာရေးအင်စတီကျုဒ်၏ လမ်း ညွှန်ချက်အရ အသက်(၇)လနှင့် (၁၂)လကြားအရွယ် ကလေးများ  တစ်နေ့လျှင် သံဓာတ် ၁၁ မီလီဂရမ် ရရှိရန်လိုအပ်ကြောင်း သိရပါတယ်။

 

အသက် (၁) နှစ်မှ (၃) နှစ်အရွယ် ကလေးတစ်ဦးအနေဖြင့် တစ်နေ့လျှင် သံဓာတ် (၇)မီလီဂရမ် ရရှိရန်လိုအပ်ပြီး အသက် (၄) နှစ်မှ (၈)နှစ်အရွယ် ကလေးများ ၁၀ မီလီဂရမ် လိုအပ်ကြောင်း သိရပါတယ်။

 

သို့သော် နေ့စဉ်သံဓာတ်လိုအပ်ချက်များသည် ကလေးတစ်ဦးစားသော အစားအစာပေါ်မူတည်၍ ကွဲပြားနိုင်ပါတယ်။

 

ကလေးများအတွက် နံနက်စာအဖြစ် သန့်သန့်ထုတ်ထားသော နှံစားပင်မှထုတ်သည့် အစားအစာအများစုတွင် သံဓာတ်အားဖြည့်ပေးထားပါတယ်။ သို့သော် ယင်းအစားအစာများတွင် သကြားနှင့် ဆို ဒီယမ်ဓာတ်လည်း ပါဝင်မှုမြင့်မားသောကြောင့် အနည်းငယ်သာ ကျွေးသင့်ပါတယ်။

 

Sauces (Chilli) (42)ငရုတ်ဆော့စ်လုပ်ငန်းများ (၄၂) ခုကိုရှာရန်နှိပ်ပါ။

 

မြင်းစားဂျုံ (Oatmeal) တစ်ခွက်၏ လေးပုံသုံးပုံစာတွင် သံ ဓာတ် ၄ ဒသမ ၅ မီလီဂရမ်မှ ၆ ဒသမ ၆ မီလီဂရမ်အထိ ပါဝင်ပြီး ကလေးအများစုကြိုက်သော အစားအစာဖြစ်သည့် မြင်းစားဂျုံတွင် အမျှင်ဓာတ်ပါဝင်မှု မြင့်မားသောကြောင့် ကလေးများ၏ အစာအိမ် (သို့မဟုတ်) အစာချေဖျက်မှုဆိုင်ရာပြဿနာများတွက် အထူးကောင်းမွန်ပါတယ်။

 

အသားထုတ်ကုန်အားလုံးတွင် သံဓာတ်ကြွယ်ဝစွာ ပါဝင်သော်လည်း ကလေးအများစုသည် အသားစားရန် မကြာခဏ ငြင်းဆန်သဖြင့် ၎င်းတို့သဘောကျမည့်ပုံစံမျိုးဖြင့် အသားညှပ်ပေါင်မုန့်ကဲ့သို့ အစားအစာမျိုးကျွေးသင့်ပါတယ်။

 

မြေပဲထောပတ်တွင်လည်း သံဓာတ်ပါဝင်မှု မြင့်မားသောကြောင့် ပေါင်မုန့်နှင့်တွဲဖက်ပြီးကျွေးသင့်ပါတယ်။ အနက်ရောင်ချော ကလက်တွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သောကြောင့် ကလေးများ၏ သံဓာတ်စားသုံးမှု အားကောင်းလာစေရန် အထောက်အကူပြုပေးနိုင်ပါတယ်။ အချို့ကလေးများက အနည်း ငယ်ခါးသော အနက်အရောင်ချောကလက်အရသာကို ကြိုက်နှစ် သက်လေ့မရှိသောကြောင့် အရည်အနေဖြင့် ပေါင်မုန့်ပေါ်တွင်သုတ်ကာ ကျွေးမွေးသင့်ပါတယ်။

 

ကောင်းစွာကျက်အောင် ပြုတ်ထားသည့် ကြက်ဥများကို ကလေးငယ်များ သဘောကျပုံဖော်၍ ကျွေးခြင်းဖြင့် ကလေးများ ကြက်ဥကြိုက်လာစေအောင် လုပ်ဆောင်ပေးသင့်ပါတယ်။

 

Read More >>>>> သြဇာသီး နှင့် သြဇာပင်၏ အသုံးဝင်ပုံများ

 

ပဲအမျိုးမျိုးနှင့် အစေ့အဆန်များ၊ ငါးနှင့် ဟင်းသီးဟင်းရွက် များတွင်လည်း သံဓာတ်ကြွယ်ဝစွာပါဝင်သဖြင့် ကလေးများ စားသုံးရန် အထူးသင့်လျော်ပါတယ်။

 

အချို့သစ်သီးများတွင် သံဓာတ်ကြွယ်ဝစွာ ပါဝင်သဖြင့် ပျားရည် (သို့မဟုတ်) ဒိန်ချဉ်အနည်းငယ်နှင့် ရောစပ်ကျွေးမွေးသင့်ပါတယ်။

 

Ref: MNT

 

 

 

 


 


 


 



 


 


 


 

Sauces (Chilli) (42)ငရုတ်ဆော့စ်လုပ်ငန်းများ (၄၂) ခုကိုရှာရန်နှိပ်ပါ။

 


 


 


 


 

Read More >>>>> သြဇာသီး နှင့် သြဇာပင်၏ အသုံးဝင်ပုံများ

 


 


 

Ref: MNT

Read times Last modified on Saturday, 22 February 2020 13:54
Rate this item
(0 votes)