Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုကာကိုလာဘူးခွံများ ပတ်ဝန်းကျင် ညစ်ညမ်းမှု အများဆုံး

နိုင်ငံပေါင်း ၅၁ နိုင်ငံမှ စေတနာ့ ၀ န်ထမ်းများသည် ပလပ်စတစ်စွန့်ပစ်ပစ္စည်းများကို

ကောက်ယူစုဆောင်းပြီး စာရင်းထုတ်ပြန်ခဲ့ရာ၌ ကိုကာကိုလာ အချိုရည် ထုတ်ကုန် ဘူးခွံများ ပတ်ဝန်းကျင်တွင် စွန့်ပစ်မှု အများဆုံး ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ကို အကျိုးအမြတ်မရှာသော အဖွဲ့တစ်ခုဖြစ်တဲ့ Break Free From Plastic မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ၎င်းအဖွဲ့ရဲ့ ယခင်နှစ် စာရင်းမှာလည်း ကိုကာကိုလညက နံပါတ် (၁) နေရာကို ရရှိခဲ့တာမို့ ၂ နှစ်ဆက်တိုက်နံပါတ် (၁) နေရာမှာ ရောက်နေတာ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဖြစ်တဲ့ Break Free From Plastic ရဲ့ လှုပ်ရှားမှုမှာ နိုင်ငံပေါင်း ၅၁ နိုင်ငံမှ စေတနာဝန်ထမ်း ၇၂၅၄၁ ဦး ပါဝင်ခဲ့ပြီး ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို ကောက်ယူရှင်းလင်းခဲ့ကြပါတယ်။ သူတို့ တွေ့ခဲ့တဲ့ ပလတ်စတစ်အမှိုက်တွေမှာ ၄၃ ရာခိုင်နှုန်းမှာ Coca-Cola တံဆိပ် အမှတ်အသားကို တွေ့ခဲ့ကြတယ်။ အဲဒါကြောင့် တစ်ကမ္ဘာလုံးမှာ အမှိုက်အပွဆုံး နံပါတ် (၁) နေရာကို Coca-Cola ရရှိတာ ဖြစ်ပါတယ်။
ဒုတိယနေရာမှာတော့ Nestlé ရှိနေပြီး တတိယနေရာမှာ Pepsico ရှိပါတယ်။

စေတနာ့ဝန်ထမ်းများဟာ သူတို့သန့်ရှင်းရေးလုပ်ရန်နေရာများကို သူတိုံဘာသာ ရွေးချယ်လုပ်ကိုင်ကြတာဖြစ်လို့ ကမ္ဘာလုံးဆိုင်ရာအနေဖြင့် ပြီးပြည်စုံစွာ ကိုယ်စားပြုတဲ့ ရလဒ် ကိန်းဂဏန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ နိုင်ငံ ၃၇ နိုင်ငံမှာ ကောက်ယူခဲ့ကြတဲ့ စွန့်ပစ် ပလတ်စတစ် အမှိုက်တွေထဲ Coca-Cola ထုတ်ကုန် ၁၂၀၀၀ နီးပါးကို တွေ့ရှိခဲ့ခြင်း ဖြစ် ပါတယ်။

 

ဒေသအလိုက် နိုင်ငံအလိုက် ကြည့်ရင်တော့ နံပါတ် (၁) နေရာ ရတဲ့အမှတ်တံဆိပ် ကွဲလွဲမှု ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပထမ Nestlé ၊ ဒုတိယ Solo Cup Company နဲ့ တတိယ Starbucks တို့ ဖြစ်ပါတယ်။

Coca-Cola က ယခုလို သူ့ရဲ့ ထုတ်ကုန် ဘူးခွံတွေ ပင်လယ်ထဲ အဆုံးသတ် ရောက်ရှိတာ မလိုလားတာမို့ အခြားသူများနဲ့ အတူလက်တွဲပြီး အဲဒီ ကမ္ဘာ့ကိစ္စကို ကြိုးစားဖြေရှင်းနေကြောင်း ပြောကြားပါတယ်။

theguardian.com

 

ကိုကာကိုလာဘူးခြံမ်ား ပတ္ဝန္းက်င္ ညစ္ညမ္းမႈ အမ်ားဆုံး

ႏိုင္ငံေပါင္း ၅၁ ႏိုင္ငံမွ ေစတနာ့ ၀ န္ထမ္းမ်ားသည္ ပလပ္စတစ္စြန႔္ပစ္ပစၥည္းမ်ားကို ေကာက္ယူစုေဆာင္းၿပီး စာရင္းထုတ္ျပန္ခဲ့ရာ၌ ကိုကာကိုလာ အခ်ိဳရည္ ထုတ္ကုန္ ဘူးခြံမ်ား ပတ္ဝန္းက်င္တြင္ စြန႔္ပစ္မႈ အမ်ားဆုံး ျဖစ္ေၾကာင္း သိရပါတယ္။ အဆိုပါ ထုတ္ျပန္ခ်က္ကို အက်ိဳးအျမတ္မရွာေသာ အဖြဲ႕တစ္ခုျဖစ္တဲ့ Break Free From Plastic မွာ ထုတ္ျပန္ခဲ့တာ ျဖစ္ၿပီး ၎အဖြဲ႕ရဲ႕ ယခင္ႏွစ္ စာရင္းမွာလည္း ကိုကာကိုလညက နံပါတ္ (၁) ေနရာကို ရရွိခဲ့တာမို႔ ၂ ႏွစ္ဆက္တိုက္နံပါတ္ (၁) ေနရာမွာ ေရာက္ေနတာ ျဖစ္ပါတယ္။

ပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႕ ျဖစ္တဲ့ Break Free From Plastic ရဲ႕ လႈပ္ရွားမႈမွာ ႏိုင္ငံေပါင္း ၅၁ ႏိုင္ငံမွ ေစတနာဝန္ထမ္း ၇၂၅၄၁ ဦး ပါဝင္ခဲ့ၿပီး ပလတ္စတစ္ စြန႔္ပစ္ပစၥည္းေတြကို ေကာက္ယူရွင္းလင္းခဲ့ၾကပါတယ္။ သူတို႔ ေတြ႕ခဲ့တဲ့ ပလတ္စတစ္အမႈိက္ေတြမွာ ၄၃ ရာခိုင္ႏႈန္းမွာ Coca-Cola တံဆိပ္ အမွတ္အသားကို ေတြ႕ခဲ့ၾကတယ္။ အဲဒါေၾကာင့္ တစ္ကမာၻလုံးမွာ အမႈိက္အပြဆုံး နံပါတ္ (၁) ေနရာကို Coca-Cola ရရွိတာ ျဖစ္ပါတယ္။
ဒုတိယေနရာမွာေတာ့ Nestlé ရွိေနၿပီး တတိယေနရာမွာ Pepsico ရွိပါတယ္။

ေစတနာ့ဝန္ထမ္းမ်ားဟာ သူတို႔သန႔္ရွင္းေရးလုပ္ရန္ေနရာမ်ားကို သူတိုံဘာသာ ေ႐ြးခ်ယ္လုပ္ကိုင္ၾကတာျဖစ္လို႔ ကမာၻလုံးဆိုင္ရာအေနျဖင့္ ၿပီးျပည္စုံစြာ ကိုယ္စားျပဳတဲ့ ရလဒ္ ကိန္းဂဏန္းေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ သူတို႔ ႏိုင္ငံ ၃၇ ႏိုင္ငံမွာ ေကာက္ယူခဲ့ၾကတဲ့ စြန႔္ပစ္ ပလတ္စတစ္ အမႈိက္ေတြထဲ Coca-Cola ထုတ္ကုန္ ၁၂၀၀၀ နီးပါးကို ေတြ႕ရွိခဲ့ျခင္း ျဖစ္ ပါတယ္။

ေဒသအလိုက္ ႏိုင္ငံအလိုက္ ၾကည့္ရင္ေတာ့ နံပါတ္ (၁) ေနရာ ရတဲ့အမွတ္တံဆိပ္ ကြဲလြဲမႈ ရွိပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ ပထမ Nestlé ၊ ဒုတိယ Solo Cup Company နဲ႔ တတိယ Starbucks တို႔ ျဖစ္ပါတယ္။

Coca-Cola က ယခုလို သူ႔ရဲ႕ ထုတ္ကုန္ ဘူးခြံေတြ ပင္လယ္ထဲ အဆုံးသတ္ ေရာက္ရွိတာ မလိုလားတာမို႔ အျခားသူမ်ားနဲ႔ အတူလက္တြဲၿပီး အဲဒီ ကမာၻ႔ကိစၥကို ႀကိဳးစားေျဖရွင္းေနေၾကာင္း ေျပာၾကားပါတယ္။

 theguardian.com

 

 

Read times Last modified on Wednesday, 13 May 2020 13:31
Rate this item
(0 votes)