Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


သင်္ဘောရွက်ဖျော်ရည်၏ အကျိုးကျေးဇူးများ

Unicode ျဖင့္ဖတ္ရန္


သင်္ဘောရွက်ဖျော်ရည်၏ အကျိုးကျေးဇူးများ


လူအတော်များများက သင်္ဘောသီး စားသုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကို ကျွမ်းဝင်ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ လတ်တလောမှာ သင်္ဘောအရွက်နဲ့ ပတ်သက်တဲ့ ဆေးပညာပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကြောင့် သင်္ဘောရွက်ဟာ ရေပန်းစားလာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သင်္ဘောရွက်က သွေးလွန် တုပ်ကွေးနဲ့ ကင်ဆာရောဂါတွေလို ရောဂါကြီးတွေကိုတောင် သက်သာစေနိုင်လို့ပဲ ဖြစ်ပါတယ်။

 

Read More >>>>>    ဆားကို လုိတာထပ္ပိုစားသံုးမိရင္ ျဖစ္ေပၚလာႏုိင္တဲ့ ေရာဂါလကၡဏာမ်ား


သင်္ဘောရွက်ဖျော်ရည် ပြုလုပ်နည်း ကတော့ -

-  ရှေးဦးစွာ ရေဆေးထားသော သင်္ဘောရွက်များကိုယူပါ။ လှီးဖြတ်ပြီးနောက် ရေ (၂) လီတာခန့် ထည့်ထားသော ဇလုံထဲသို့ ထည့်လိုက်ပါ။

-  ရေတစ်ဝက် ခန်းသွားသည့် တိုင်အောင် အဖုံးမအုပ်ပဲ ပြုတ်ပါ။

-  ထို့နောက် အရည်ကိုစစ်ပြီး ဖန်ခွက်ထဲ ထည့်ထားပါ။ (၃) ရက်မှ (၄) ရက် အထိ ရေခဲသေတ္တာထဲ ထည့်ထားနိုင်ပါတယ်။ ဒါပေမဲ့ လတ်လတ် ဆတ်ဆတ် ဖြစ်လေ ပိုကောင်းလေပါပဲ။


- သွေးလွန်တုပ်ကွေးက အလွန် ပြင်းထန်တဲ့ ရောဂါတစ်ခု ဖြစ်တယ်ဆိုတာ သိကြမှာပါ။ ဒါပေမဲ့ ဒီရောဂါကို သက်သာစေနိုင်တဲ့ တစ်ခုတည်းသော တိုင်းရင်းဆေးနည်းက သင်္ဘောရွက်ပါပဲ။ ပညာရှင်တွေကလည်း သင်္ဘောရွက်မှာပါဝင်တဲ့ ဓာတ်တွေက သွေးလွန်တုပ်ကွေးကို ကုသနိုင်တယ်လို့ အတည်ပြု ထားကြရုံသာမက တချို့ဆေးဝါးတွေမှာပါ သင်္ဘောရွက်ကို အသုံးပြုလာကြ တာကို တွေ့ရပါတယ်။ ဆရာဝန်တွေရဲ့ အကြံပြုချက်ကတော့ ထိရောက်တဲ့ ရလဒ်ရလိုလျှင် သင်္ဘောရွက်ဖျော်ရည်ကို 25mi စီ တစ်နေ့ နှစ်ကြိမ် တစ်ပတ်ကြာ သောက်ပေးဖို့ပါပဲ။


- သင်္ဘောရွက်မှာ ပါဝင်တဲ့ အင်ဇိုင်းတွေဟာ သားအိမ်ခေါင်း ကင်ဆာ၊ ရင်သား ကင်ဆာ၊ အသည်း ကင်ဆာ၊ အဆုတ် ကင်ဆာ၊ ပန်ကရိယ ကင်ဆာတို့ရဲ့ ကင်ဆာ အကျိတ်တွေ ကို ခန္ဓာကိုယ်ကို ဘေးထွက်ဆိုးကျိုး မဖြစ်စေပဲ တိုက်ဖျက် ပေးနိုင်ပါတယ်။


- သင်္ဘောရွက်တွေက အစာအိမ် ပြဿနာ ဖြစ်စေတဲ့ မကောင်းတဲ့ ဘတ်တီးရီးယားတွေကို ဖယ်ရှား ပေးနိုင်စွမ်း ရှိပါတယ်။


- လတ်လတ် ဆတ်ဆတ် သင်္ဘောရွက်တွေကို လိမ္မော်ကွင်းတွေနဲ့ ရောပြုတ်ပြီး သောက်ရင် အဆီတွေကို ကျစေပါတယ်။


- သင်္ဘောရွက် ဖျော်ရည်က ဓမ္မတာလာတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ နာကျင်မှုတွေကို သက်သာစေပါ တယ်။ နည်းလမ်းကတော့ သင်္ဘောရွက် တစ်ရွက်၊ မန်ကျည်းသီး အနည်းငယ်နဲ့ ဆားတို့ကို ရေထဲထည့်ပြုတ်ပါ။ အအေးခံ ပြီးနောက် သောက်သုံးနိုင်ပါတယ်။


- သင်္ဘောရွက်က အသားအရေ အတွက်လည်း များစွာ အသုံးဝင်ပါတယ်။ သင်္ဘောရွက် ဖျော်ရည်က အသားအရေကို အဆိပ်အတောက် ကင်းစင်စေပြီး ဝက်ခြံ၊ မှဲ့ခြောက်၊ တင်းတိပ် စတာတွေကို ပျောက်ကင်းစေပါတယ်။


- နှင်းခူနာ ဖြစ်နေလျှင်လည်း နှင်းခူပေါ်ကို သင်္ဘောရွက် အရည် လိမ်းပေးရင် သက်သာ ပျောက်ကင်းစေပါတယ်။ ရောင်ရမ်းအနာ၊ ဒဏ်ရာများကိုလည်း ထိုနည်းတူ ပျောက်ကင်း စေပါတယ်။

Tea Centre & Cafes လက္ဖက္ရည္ႏွင့္ေကာ္ဖီဆိုုင္ေပါင္း ၄၇၈၆ ခုကိုရွာရန္ႏွိပ္ပါ။


သတိပြုရန်

ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေနဲ့ သင်္ဘောရွက် ဖျော်ရည်ကို မသောက်သင့်ပါ။ ကိုယ်ဝန်ပျက်ကျ နိုင်ချေ ရာခိုင်နှုန်းကို မြှင့်တင်ပေး သောကြောင့် ဖြစ်ပါတယ်။


(Messenger News Journal)

 

 

 

 

သေဘၤာ႐ြက္ေဖ်ာ္ရည္၏ အက်ိဳးေက်းဇူးမ်ား

 

လူအေတာ္မ်ားမ်ားက သေဘၤာသီး စားသံုးျခင္းရဲ့ အကိ်ဳးေက်းဇူးေတြကို ကြ်မ္းဝင္ၿပီး ျဖစ္ပါတယ္။ ဒါေပမဲ့ လတ္တေလာမွာ သေဘၤာအရြက္နဲ႔ ပတ္သက္တဲ့ ေဆးပညာပိုင္းဆိုင္ရာ အကိ်ဳးေက်းဇူးေတြေၾကာင့္ သေဘၤာရြက္ဟာ ေရပန္းစားလာပါတယ္။


ဘာေၾကာင့္လဲ ဆိုေတာ့ သေဘၤာရြက္က ေသြးလြန္ တုပ္ေကြးနဲ႔ ကင္ဆာေရာဂါေတြလို ေရာဂါၾကီးေတြကိုေတာင္ သက္သာေစနိုင္လို႔ပဲ ျဖစ္ပါတယ္။

 

Read More >>>>>    ဆားကို လုိတာထပ္ပိုစားသံုးမိရင္ ျဖစ္ေပၚလာႏုိင္တဲ့ ေရာဂါလကၡဏာမ်ား

 

သေဘၤာရြက္ေဖ်ာ္ရည္ ျပဳလုပ္နည္း ကေတာ့ -


-  ေရွးဦးစြာ ေရေဆးထားေသာ သေဘၤာရြက္မ်ားကိုယူပါ။ လီွးျဖတ္ၿပီးေနာက္ ေရ (၂) လီတာခန္႔ ထည့္ထားေသာ ဇလံုထဲသို႔ ထည့္လိုက္ပါ။


-  ေရတစ္၀က္ ခန္းသြားသည့္ တိုင္ေအာင္ အဖံုးမအုပ္ပဲ ျပဳတ္ပါ။


-  ထို႔ေနာက္ အရည္ကိုစစ္ၿပီး ဖန္ခြက္ထဲ ထည့္ထားပါ။ (၃) ရက္မွ (၄) ရက္ အထိ ေရခဲေသတၱာထဲ ထည့္ထားနိုင္ပါတယ္။ ဒါေပမဲ့ လတ္လတ္ ဆတ္ဆတ္ ျဖစ္ေလ ပိုေကာင္းေလပါပဲ။


- ေသြးလြန္တုပ္ေကြးက အလြန္ ျပင္းထန္တဲ့ ေရာဂါတစ္ခု ျဖစ္တယ္ဆိုတာ သိၾကမွာပါ။ ဒါေပမဲ့ ဒီေရာဂါကို သက္သာေစနိုင္တဲ့ တစ္ခုတည္းေသာ တိုင္းရင္းေဆးနည္းက သေဘၤာရြက္ပါပဲ။ ပညာရွင္ေတြကလည္း သေဘၤာရြက္မွာပါ၀င္တဲ့ ဓာတ္ေတြက ေသြးလြန္တုပ္ေကြးကို ကုသနိုင္တယ္လို႔ အတည္ျပဳ ထားၾကရံုသာမက တခိ်ဳ႕ေဆး၀ါးေတြမွာပါ သေဘၤာရြက္ကို အသံုးျပဳလာၾက တာကို ေတြ႔ရပါတယ္။ ဆရာ၀န္ေတြရဲ့ အႀကံျပဳခ်က္ကေတာ့ ထိေရာက္တဲ့ ရလဒ္ရလိုလွ်င္ သေဘၤာရြက္ေဖ်ာ္ရည္ကို 25mi စီ တစ္ေန႔ နွစ္ၾကိမ္ တစ္ပတ္ၾကာ ေသာက္ေပးဖို႔ပါပဲ။


- သေဘၤာရြက္မွာ ပါ၀င္တဲ့ အင္ဇိုင္းေတြဟာ သားအိမ္ေခါင္း ကင္ဆာ၊ ရင္သား ကင္ဆာ၊ အသည္း ကင္ဆာ၊ အဆုတ္ ကင္ဆာ၊ ပန္ကရိယ ကင္ဆာတို႔ရဲ့ ကင္ဆာ အကိ်တ္ေတြ ကို ခႏၶာကိုယ္ကို ေဘးထြက္ဆိုးကိ်ဳး မျဖစ္ေစပဲ တိုက္ဖ်က္ ေပးနိုင္ပါတယ္။


- သေဘၤာရြက္ေတြက အစာအိမ္ ျပႆနာ ျဖစ္ေစတဲ့ မေကာင္းတဲ့ ဘတ္တီးရီးယားေတြကို ဖယ္ရွား ေပးနိုင္စြမ္း ရိွပါတယ္။


- လတ္လတ္ ဆတ္ဆတ္ သေဘၤာရြက္ေတြကို လိေမၼာ္ကြင္းေတြနဲ႔ ေရာျပဳတ္ၿပီး ေသာက္ရင္ အဆီေတြကို က်ေစပါတယ္။


- သေဘၤာရြက္ ေဖ်ာ္ရည္က ဓမၼတာလာတဲ့အခါ ျဖစ္ေပၚတတ္တဲ့ နာက်င္မႈေတြကို သက္သာေစပါ တယ္။ နည္းလမ္းကေတာ့ သေဘၤာရြက္ တစ္ရြက္၊ မန္က်ည္းသီး အနည္းငယ္နဲ႔ ဆားတို႔ကို ေရထဲထည့္ျပဳတ္ပါ။ အေအးခံ ျပီးေနာက္ ေသာက္သံုးနိုင္ပါတယ္။


- သေဘၤာရြက္က အသားအေရ အတြက္လည္း မ်ားစြာ အသံုး၀င္ပါတယ္။ သေဘၤာရြက္ ေဖ်ာ္ရည္က အသားအေရကို အဆိပ္အေတာက္ ကင္းစင္ေစျပီး ၀က္ျခံ၊ မဲွ႔ေျခာက္၊ တင္းတိပ္ စတာေတြကို ေပ်ာက္ကင္းေစပါတယ္။


- နွင္းခူနာ ျဖစ္ေနလွ်င္လည္း နွင္းခူေပၚကို သေဘၤာရြက္ အရည္ လိမ္းေပးရင္ သက္သာ ေပ်ာက္ကင္းေစပါတယ္။ ေရာင္ရမ္းအနာ၊ ဒဏ္ရာမ်ားကိုလည္း ထိုနည္းတူ ေပ်ာက္ကင္း ေစပါတယ္။

 

Tea Centre & Cafes လက္ဖက္ရည္ႏွင့္ေကာ္ဖီဆိုုင္ေပါင္း ၄၇၈၆ ခုကိုရွာရန္ႏွိပ္ပါ။


သတိျပဳရန္

ကိုယ္၀န္ေဆာင္ အမိ်ဳးသမီးမ်ား အေနနဲ႔ သေဘၤာရြက္ ေဖ်ာ္ရည္ကို မေသာက္သင့္ပါ။ ကိုယ္ဝန္ပ်က္က် နိုင္ေခ် ရာခိုင္နႈန္းကို ျမွင့္တင္ေပး ေသာေၾကာင့္ ျဖစ္ပါတယ္။


(Messenger News Journal)

 

Read times Last modified on Thursday, 13 February 2020 09:24
Rate this item
(0 votes)