Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ဆားကို လိုတာထပ်ပိုစားသုံးမိရင် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါလက္ခဏာများ

Unicode ျဖင့္ဖတ္ရန္

ဆားကို လိုတာထပ်ပိုစားသုံးမိရင် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါလက္ခဏာများ


ဆားဟာ ဟင်းလျာတိုင်းလိုလိုမှာ ထည့်သွင်းချက်ပြုတ်လေ့ရှိကြတဲ့ မီးဖိုချောင်သုံးပစ္စည်း တစ်မျိုးလည်း ဖြစ်ပါတယ်။


ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေအတွက် ဆားဓာတ်ဟာ လိုအပ်တယ်ဆိုပေမယ့် ဆားစားသုံးမှုများခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်တော့ ဆိုးကျိုးတွေကိုသာ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဆားကို လိုအပ်တာထက်ပိုပြီး စားသုံးမိနေတယ်ဆိုရင် အခုဖော်ပြပေးမယ့် ကျန်းမာရေး လက္ခဏာတွေ ခံစားရနိုင်ပါတယ်။


ရေ မကြာခဏ ဆာမယ်

ခန္ဓာကိုယ်တွင်းမှာ ဆိုဒီယမ်ဓာတ်တွေ များပြားလွန်းတဲ့အခါ ခန္ဓာကိုယ်ဟာ ရေကိုအဆက်မပြတ် တောင်းဆိုတာကြောင့် ရေမကြာခဏ ဆာလာတတ်ပါတယ်။ ကိုယ်တွင်းက ပိုလျှံနေတဲ့ ဆားဓာတ်ကို ဖယ်ရှားဖို့ အတွက် ရေဓာတ်လိုအပ်တာကြောင့် ရေဆာတဲ့အကြိမ် ရေများလာခြင်းပဲ ဖြစ်ပါတယ်။


Read More   >>>>     ဆေးထိုးကြက်သားများရဲ့ အန္တရာယ်


မကြာမကြာ ခေါင်းကိုက်လာမယ်

မကြာခဏ ဆိုသလို ခေါင်းကိုက်ဝေဒနာကို ခံစားရလာတယ်ဆိုရင်တော့ သင့်ရဲ့ စားသောက်မှုပုံစံကို ပြန်လည် ဆန်းစစ်သင့်နေပါပြီ။ ဆားစားသုံးမှုများပြားခြင်းဟာ ကိုယ်တွင်းရေဓာတ်ကို ခမ်းခြောက်စေပြီး ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။


 သွေးပေါင်ချိန် မြင့်တက်လာမယ်

ဒါကတော့ လူတိုင်းသိပြီးသား အချက်တစ်ခုပါ။ ဆားမှာပါဝင်တဲ့ ဆိုဒီယမ်ဓာတ်ဟာ သွေးပေါင်ချိန်ကို မြင့်တက်စေတာကြောင့် သွေးတိုးရောဂါ ခံစားနေရသူတွေအဖို့ ဆင်ခြင်စားသုံးသင့်ပါတယ်။


အာရုံစူးစိုက်မှု အားနည်းလာမယ်

ဆားစားသုံးမှု များပြားခြင်းဟာ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို နှေးကွေးစေပြီး အာရုံစူးစိုက်မှု အားနည်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေရှည်မှာ မှတ်ဉာဏ်ချို့ယွင်းလာခြင်းနဲ့ ဦးနှောက်သွေးကြော ထုံးတာမျိုးတွေအထိပါ ဖြစ်စေနိုင်တာကြောင့် ဆင်ခြင်စားသုံးသင့်ပါတယ်။

 

ဘီစကစ္၊ ဘီစကစ္ပြၾကြပ္ႏွင့္ကြတ္ကီးလုပ္ငန္းမ်ား (၆၃) ခုကိုရွာရန္ႏွိပ္ပါ


ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရောင်ရမ်းလာမယ်

ဆားဓာတ်များတဲ့ အစားအစာတွေ စားသုံးခြင်းဟာ ခြေဆစ် လက်ဆစ်တွေ၊ ဒူးခေါင်း၊ ခြေသလုံးနဲ့ မျက်ခမ်းစတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရောင်ရမ်းနာကျင်တွေမှုကို ဖြစ်ပေါ်စေပါတယ်။


Source: burma.irriwaddy

 

 

 

 

ဆားကို လုိတာထပ္ပိုစားသံုးမိရင္ ျဖစ္ေပၚလာႏုိင္တဲ့ ေရာဂါလကၡဏာမ်ား

 

ဆားဟာ ဟင္းလ်ာတိုင္းလိုလိုမွာ ထည့္သြင္းခ်က္ျပဳတ္ေလ့ရွိၾကတဲ့ မီးဖိုေခ်ာင္သုံးပစၥည္း တစ္မ်ိဳးလည္း ျဖစ္ပါတယ္။

 

ခႏၶာကိုယ္ရဲ့ လုပ္ေဆာင္ခ်က္ေတြအတြက္ ဆားဓာတ္ဟာ လိုအပ္တယ္ဆိုေပမယ့္ ဆားစားသုံးမႈမ်ားျခင္းဟာ ခႏၶာကိုယ္က်န္းမာေရးအတြက္ေတာ့ ဆိုးက်ိဳးေတြကိုသာ ျဖစ္ေပၚေစနိုင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ဆားကို လိုအပ္တာထက္ပိုၿပီး စားသုံးမိေနတယ္ဆိုရင္ အခုေဖာ္ျပေပးမယ့္ က်န္းမာေရး လကၡဏာေတြ ခံစားရနိုင္ပါတယ္။

 

ေရ မၾကာခဏ ဆာမယ္

ခႏၶာကိုယ္တြင္းမွာ ဆိုဒီယမ္ဓာတ္ေတြ မ်ားျပားလြန္းတဲ့အခါ ခႏၶာကိုယ္ဟာ ေရကိုအဆက္မျပတ္ ေတာင္းဆိုတာေၾကာင့္ ေရမၾကာခဏ ဆာလာတတ္ပါတယ္။ ကိုယ္တြင္းက ပိုလၽွံေနတဲ့ ဆားဓာတ္ကို ဖယ္ရွားဖို႔ အတြက္ ေရဓာတ္လိုအပ္တာေၾကာင့္ ေရဆာတဲ့အႀကိမ္ ေရမ်ားလာျခင္းပဲ ျဖစ္ပါတယ္။

 

Read More   >>>>     ေဆးထိုးၾကက္သားမ်ားရဲ႕ အႏၱရာယ္

 

မၾကာမၾကာ ေခါင္းကိုက္လာမယ္

မၾကာခဏ ဆိုသလို ေခါင္းကိုက္ေဝဒနာကို ခံစားရလာတယ္ဆိုရင္ေတာ့ သင့္ရဲ့ စားေသာက္မႈပုံစံကို ျပန္လည္ ဆန္းစစ္သင့္ေနပါၿပီ။ ဆားစားသုံးမႈမ်ားျပားျခင္းဟာ ကိုယ္တြင္းေရဓာတ္ကို ခမ္းေျခာက္ေစၿပီး ေခါင္းကိုက္ျခင္းကို ျဖစ္ေပၚေစနိုင္ပါတယ္။


 ေသြးေပါင္ခ်ိန္ ျမင့္တက္လာမယ္

ဒါကေတာ့ လူတိုင္းသိၿပီးသား အခ်က္တစ္ခုပါ။ ဆားမွာပါဝင္တဲ့ ဆိုဒီယမ္ဓာတ္ဟာ ေသြးေပါင္ခ်ိန္ကို ျမင့္တက္ေစတာေၾကာင့္ ေသြးတိုးေရာဂါ ခံစားေနရသူေတြအဖို႔ ဆင္ျခင္စားသုံးသင့္ပါတယ္။

 

အာ႐ုံစူးစိုက္မႈ အားနည္းလာမယ္

ဆားစားသုံးမႈ မ်ားျပားျခင္းဟာ ဦးေႏွာက္ရဲ့ လုပ္ေဆာင္နိုင္စြမ္းေတြကို ေႏွးေကြးေစၿပီး အာ႐ုံစူးစိုက္မႈ အားနည္းျခင္းကို ျဖစ္ေပၚေစနိုင္ပါတယ္။ ေရရွည္မွာ မွတ္ဉာဏ္ခ်ိဳ႕ယြင္းလာျခင္းနဲ႔ ဦးေႏွာက္ေသြးေၾကာ ထုံးတာမ်ိဳးေတြအထိပါ ျဖစ္ေစနိုင္တာေၾကာင့္ ဆင္ျခင္စားသုံးသင့္ပါတယ္။

 

ဘီစကစ္၊ ဘီစကစ္ပြၾကြပ္ႏွင့္ကြတ္ကီးလုပ္ငန္းမ်ား (၆၃) ခုကိုရွာရန္ႏွိပ္ပါ


ခႏၶာကိုယ္ အစိတ္အပိုင္းေတြ ေရာင္ရမ္းလာမယ္

ဆားဓာတ္မ်ားတဲ့ အစားအစာေတြ စားသုံးျခင္းဟာ ေျခဆစ္ လက္ဆစ္ေတြ၊ ဒူးေခါင္း၊ ေျခသလုံးနဲ႔ မ်က္ခမ္းစတဲ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြ ေရာင္ရမ္းနာက်င္ေတြမႈကို ျဖစ္ေပၚေစပါတယ္။


Source: burma.irriwaddy

 

 

 

Read times Last modified on Thursday, 13 February 2020 09:31
Rate this item
(0 votes)