Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အန္တရာယ်ရှိ စားသောက်ကုန်ပစ္စည်းအတုများ

Unicode

အန္တရာယ်ရှိ စားသောက်ကုန်ပစ္စည်းအတုများ

အစားအသောက်ဆိုတာ လူတွေအာဟာရဖြစ်ဖို့ စားသောက်ရပေမယ့် အန္တရာယ်ရှိတဲ့ ဓာတုဗေဒပစ္စည်းတွေနဲ့ အစားအသောက်တွေကို စားသုံးခြင်းက လူတွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

 

ဒါ့ကြောင့် ပြည်တွင်းစျေးကွက်မှာပျံ့နှံ့နေတဲ့ အန္တရာယ်ရှိစားသောက်ကုန်ပစ္စည်းအတုတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

ကလေးနို့မှုန့်

ကလေးနို့မှုန့်ကတော့ အများဆုံးတုပပြီးပြုလုပ်နေတဲ့ စားသောက်ကုန်ပစ္စည်းတွေပဲဖြစ်ပါတယ်။ နို့မှုန့်ထဲက ပရိုတင်းဓာတ်ကို မြှင့်တင်ဖို့အတွက် မယ်လမင်ဓာတ်တွေကိုအဆမတန် ထည့်လေ့ရှိပါတယ်။ ဒီလိုနို့မှုန့်ကို သောက်သုံးပြီး တရုတ်ပြည်မှ ကလေးပေါင်း (၅၃,၀၀၀) လောက် နေထိုင်မကောင်းဖြစ်ပြီး တချို့ကလေးတွေမှာ ကျောက်ကပ်မှ ကျောက်များဖြစ်ပေါ်ကာ သေဆုံးသွားတာတွေ ရှိခဲ့ပါတယ်။

 

Read More >>>>>  ခရီးသြားတဲ့အခါ ေရွာင္သင့္တဲ့ အစားအေသာက္မ်ား

 

 ခေါက်ဆွဲ၊ ကြာဇံ

ခေါက်ဆွဲတို့ ကြာဇံတို့ဆိုတာ ဂျုံနဲ့လုပ်တာဖြစ်ပြီး သုံးတဲ့ဂျုံတွေဟာ တိရစ္ဆာန်အစာကျွေးလို့ မရလောက်တဲ့အထိ မှိုတက်ပြီး ပုတ်သိုးနေတဲ့ ဂျုံတွေပါ။ နောက်ပြီး ကင်ဆာဖြစ်စေမယ့် ဓာတုဗေဒပစ္စည်းတွေဖြစ်တဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်တွေနဲ့ပါ ရောပြီးပြုလုပ်ထားပါတယ်။

တရုတ်နိုင်ငံက မြို့နယ်တစ်နယ်ထဲမှာပဲ ခေါက်ဆွဲနဲ့ကြာဇံ အတုလုပ်တဲ့ စက်ရုံပေါင်း (၅၀) ကျော်လောက်ရှိပြီး တစ်နေ့ကို (၁.၁) မီလီယံ ပေါင် ပျမ်းမျှထုတ်လုပ်လေ့ရှိပါတယ်။

 

ပုစွန်
ပုစွန်တွေကို အကောင်ပိုကြီးသယောင် ထင်ရအောင်လို့ အခွံတွေထဲကို gelatin ထိုးသွင်းလေ့ရှိပါတယ်။ ဒါကြောင့်လည်း ရှိရင်းစွဲအလေးချိန်ထက် (၂၀) သို့မဟုတ် (၃၀) ရာခိုင်နှုန်းလောက် ပိုလေးသွားလေ့ရှိပါတယ်။

 

ဘဲသွေး
တကယ့်ဘဲသွေးအစစ်က ဈေးမြင့်တာကြောင့် ပိုဈေးသက်သာတဲ့ ကြက်သွေးတို့ ဝက်သွေးတို့ကို ဆိုးဆေးတွေရောပြီး ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ formaldehyde နဲ့ရောကာ ဘဲသွေးဆိုပြီး ရောင်းလေ့ရှိပါတယ်။

 

 သောက်ရေ
သောက်ရေကတော့ ရေမှာအန္တရာယ်ရှိတာ မဟုတ်ဘဲ ရေထည့်တဲ့ဗူးက အန္တရာယ်ရှိနေတာပါ။ ဗူးမှာ E.coil လို့ ခေါ်တဲ့ ဘတ်တီးရီးယားတစ်မျိုးနဲ့ အန္တရာယ်ရှိတဲ့ မှိုတွေ စွဲကပ်လျက်ရှိပါတယ်။ ဒီလို ဗူးခွံတွေကို မသန့်ရှင်းဘဲ ပြန်သုံးတာဟာ သန့်ရှင်းရေးလုပ်ရမယ့် လုပ်ငန်းအတွက် ငွေအကုန်အကျ သက်သာစေတဲ့အတွက်ပဲ ဖြစ်ပါတယ်။ တစ်နှစ်ကို အခုလို အန္တရာယ်ရှိတဲ့ ရေဗူးတွေဟာ ဗူးပေါင်း (၁၀၀) မီလီယံလောက် ရောင်းချရလေ့ရှိပါတယ်။

 

ဝိုင်အဖြူ
ပုလင်းတွေ ကြည့်လိုက်ရင်တော အကောင်းစားလို့ ထင်ရပေမယ့် ဝိုင်ဖျော်စပ်တဲ့အခါ အသုံးပြုထားတဲ့ အရက်နဲ့ပါဝင်ပစ္စည်းတွေကိုတော့ လုံးဝအပေါစားတွေ သုံးထားတာပါ။ ဟိုတယ်တွေ၊ စားသောက်ဆိုင်ကြီးတွေက ပစ်ထားတဲ့ပုလင်းတွေကို ယူသုုံးပြီး ထုတ်လုပ်လေ့ရှိပါတယ်။

 

သစ်ချသီး
သစ်ကြားသီးအခွံတွေထဲကို ကွန်ကရစ်နဲ့စက္ကူတွေနဲ့ရောထည့်ပြီး အခွံကို ကော်နဲ့ကပ်ပိတ်ကာ ဈေးကွက်မှာတင်ရောင်းခဲ့ဖူးတဲ့ မှတ်တမ်းတွေရှိပါတယ်။

 

Condensed Milk ႏို႔ဆီ/ ႏို႔စိမ္းလုပ္ငန္းေပါင္း ၁၂၉ ခုကိုရွာရန္ႏွိပ္ပါ။

 

ဆန်
အာလူးနဲ့ ပလတ်စတစ်တွေကိုရောပြီး ဈေးကွက်မှာတင်ရောင်းလေ့ရှိပါတယ်။ သာမန်ထရုတ်ထမင်းစားတဲ့ ပန်းကန်လုံးလေးနဲ့ သုံးလုံးကုန်အောင် စားမယ်ဆိုရင် ပလတ်စတစ်အိတ် တစ်အိတ်ကို စားမိတာနဲ့ တူသောအကျိုးဖြစ်စေပါတယ်။ မချက်ခင်တော့ အတုအစစ်ခွဲရမှာ ခက်ပေမယ့် ချက်ပြီးတဲ့အခါ သာမန်ထက်ပိုပြီး သိသိသာသာ မာနေဦးမယ်ဆိုရင်တော့ သင့်ဆန်ဟာ အတုုဖြစ်ဖို့ ရာခိုင်နှုန်းများနေပါပြီ။

 

ထမင်းဝါးလိုက်တဲ့အခါ မာနေလို့ ကြည့်လိုက်တော့ ဆန်ဟာအတုဖြစ်နေပါတယ်တဲ့။ ဆန်အတုဆိုပေမယ့် ဒီဆန်ကတော့ စက္ကူလေးတွေကို ပုံပါအတိုင်းလိပ်ပြီး ပြုလုပ်ထားတာပါ။

 

အသားပေါက်စီ
အသားပေါက်စီထဲမှာပါတဲ့ အသားတွေဟာ အညိုရောင်ကတ်ထူ စက္ကူတွေကို ဓာတုဆေးတွေနဲ့ ပျော့အောင်လုပ်၊ နုတ်နုတ်စင်းကာ ဝက်အဆီတွေနဲ့ရောပြွန်းပြီး ပေါက်စီထဲအစာသွတ်ထားတတ်ပါတယ်။

ဈေးကအသားတွေရဲ့ အများစုဟာ ကြွက်သားတွေဖြစ်ကြက်သာ၊ ဘဲသား အထူးသဖြင့် အမဲသားတို့အစား ကြွက်သားတွေကို အသုံးပြုပြီး ရောင်းလေ့ရှိပါတယ်။ အလေးချိန်ပိုစီးနေအောင်ကိုလည်း ဓာတုဆေးတွေနဲ့ ထိုးထားလေ့ရှိပါတယ်။

 

ကြက်ဥ
အစေးရည်၊ ကော်ဖြူမှုန့်၊ ခဲနဲ့ အရောင်ဆိုးဆေးတွေကို အသုံးပြုပြီး ကြက်ဥ အကာကိုပြုလုပ်ပါတယ်။ ဒါ့အပြင် ဆိုဒီယမ် အယ်လ်ဂျီနိတ်၊ အညိုရောင်ရှိတဲ့ ရေညှိ၊ အကြွင်းအကျန်တွေကိုတော့ ပြစ်အောင်လုပ်ဖို့အတွက် သုံးပါတယ်။ ကြက်ဥအနှစ်ကိုလည်း မတူညီတဲ့အစေးရည်နဲ့ အရောင်တင်မှုန့်ကို အသုံးပြုပြီး ပြုလုပ်တာဖြစ်ပါတယ်။ ကြက်ဥအခွုံကိုတော့ ဖယောင်း၊ ဂျစ်ပ်ဆင်ပေါင်ဒါမှုန့်နဲ့ ကယ်လဆီယမ် ကာဗွန်နိတ်တို့ကို ရောကာ ပုံစံသွင်းထားကြပါတယ်။


Source : Youtube

 

 

 

 

 

အႏၱရာယ္ရွိ စားေသာက္ကုန္ပစၥည္းအတုမ်ား

 

အစားအေသာက္ဆိုတာ လူေတြအာဟာရျဖစ္ဖို႔ စားေသာက္ရေပမယ့္ အႏၱရာယ္ရွိတဲ့ ဓာတုေဗဒပစၥည္းေတြနဲ႔ အစားအေသာက္ေတြကို စားသံုးျခင္းက လူေတြကို အႏၱရာယ္ျဖစ္ေစနိုင္ပါတယ္။

 

ဒါ့ေၾကာင့္ ျပည္တြင္းေစ်းကြက္မွာပံ်႕ႏွံ႔ေနတဲ့ အႏၱရာယ္ရွိစားေသာက္ကုန္ပစၥည္းအတုေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

 

Condensed Milk ႏို႔ဆီ/ ႏို႔စိမ္းလုပ္ငန္းေပါင္း ၁၂၉ ခုကိုရွာရန္ႏွိပ္ပါ။

 

ကေလးႏို႔မႈန္႔

ကေလးႏို႔မႈန္႔ကေတာ့ အမ်ားဆံုးတုပၿပီးျပဳလုပ္ေနတဲ့ စားေသာက္ကုန္ပစၥည္းေတြပဲျဖစ္ပါတယ္။ ႏို႔မႈန္႔ထဲက ပရိုတင္းဓာတ္ကို ျမွင့္တင္ဖို႔အတြက္ မယ္လမင္ဓာတ္ေတြကိုအဆမတန္ ထည့္ေလ့ရွိပါတယ္။ ဒီလိုႏို႔မႈန္႔ကို ေသာက္သံုးၿပီး တရုတ္ျပည္မွ ကေလးေပါင္း (၅၃,၀၀၀) ေလာက္ ေနထိုင္မေကာင္းျဖစ္ၿပီး တခ်ိဳ႕ကေလးေတြမွာ ေက်ာက္ကပ္မွ ေက်ာက္မ်ားျဖစ္ေပၚကာ ေသဆံုးသြားတာေတြ ရွိခဲ့ပါတယ္။

 

 ေခါက္ဆြဲ၊ ၾကာဇံ

ေခါက္ဆြဲတို႔ ၾကာဇံတို႔ဆိုတာ ဂ်ံဳနဲ႔လုပ္တာျဖစ္ၿပီး သံုးတဲ့ဂံ်ဳေတြဟာ တိရစၦာန္အစာေကၽြးလို႔ မရေလာက္တဲ့အထိ မိႈတက္ၿပီး ပုတ္သိုးေနတဲ့ ဂံ်ဳေတြပါ။ ေနာက္ၿပီး ကင္ဆာျဖစ္ေစမယ့္ ဓာတုေဗဒပစၥည္းေတြျဖစ္တဲ့ ဆာလဖာဒိုင္ေအာက္ဆိုဒ္ေတြနဲ႔ပါ ေရာၿပီးျပဳလုပ္ထားပါတယ္။

တရုတ္ႏိုင္ငံက ၿမိဳ႔နယ္တစ္နယ္ထဲမွာပဲ ေခါက္ဆြဲနဲ႔ၾကာဇံ အတုလုပ္တဲ့ စက္ရံုေပါင္း (၅၀) ေက်ာ္ေလာက္ရွိၿပီး တစ္ေန႔ကို (၁.၁) မီလီယံ ေပါင္ ပ်မ္းမွ်ထုတ္လုပ္ေလ့ရွိပါတယ္။

 

ပုစြန္
ပုစြန္ေတြကို အေကာင္ပိုႀကီးသေယာင္ ထင္ရေအာင္လို႔ အခြံေတြထဲကို gelatin ထိုးသြင္းေလ့ရွိပါတယ္။ ဒါေၾကာင့္လည္း ရွိရင္းစြဲအေလးခ်ိန္ထက္ (၂၀) သို႔မဟုတ္ (၃၀) ရာခိုင္ႏႈန္းေလာက္ ပိုေလးသြားေလ့ရွိပါတယ္။

 

ဘဲေသြး
တကယ့္ဘဲေသြးအစစ္က ေဈးျမင့္တာေၾကာင့္ ပိုေဈးသက္သာတ့ဲ ၾကက္ေသြးတို႔ ဝက္ေသြးတို႔ကို ဆိုးေဆးေတြေရာၿပီး ဓာတုပစၥည္းတစ္မ်ိဳးျဖစ္တဲ့ formaldehyde နဲ႔ေရာကာ ဘဲေသြးဆိုၿပီး ေရာင္းေလ့ရွိပါတယ္။

 

Read More >>>>>  ခရီးသြားတဲ့အခါ ေရွာင္သင့္တဲ့ အစားအေသာက္မ်ား

 

 ေသာက္ေရ
ေသာက္ေရကေတာ့ ေရမွာအႏၱရာယ္ရွိတာ မဟုတ္ဘဲ ေရထည့္တဲ့ဗူးက အႏၱရာယ္ရွိေနတာပါ။ ဗူးမွာ E.coil လို႔ ေခၚတဲ့ ဘတ္တီးရီးယားတစ္မ်ိဳးနဲ႔ အႏၱရာယ္ရွိတဲ့ မႈိေတြ စြဲကပ္လ်က္ရွိပါတယ္။ ဒီလို ဗူးခြံေတြကို မသန္႔ရွင္းဘဲ ျပန္သံုးတာဟာ သန္႔ရွင္းေရးလုပ္ရမယ့္ လုပ္ငန္းအတြက္ ေငြအကုန္အက် သက္သာေစတဲ့အတြက္ပဲ ျဖစ္ပါတယ္။ တစ္ႏွစ္ကို အခုလို အႏၱရာယ္ရွိတဲ့ ေရဗူးေတြဟာ ဗူးေပါင္း (၁၀၀) မီလီယံေလာက္ ေရာင္းခ်ရေလ့ရွိပါတယ္။

 

ဝိုင္အျဖဴ
ပုလင္းေတြ ၾကည့္လိုက္ရင္ေတာ အေကာင္းစားလို႔ ထင္ရေပမယ့္ ဝိုင္ေဖ်ာ္စပ္တဲ့အခါ အသံုးျပဳထားတဲ့ အရက္နဲ႔ပါဝင္ပစၥည္းေတြကိုေတာ့ လံုးဝအေပါစားေတြ သံုးထားတာပါ။ ဟိုတယ္ေတြ၊ စားေသာက္ဆိုင္ႀကီးေတြက ပစ္ထားတဲ့ပုလင္းေတြကို ယူသံုုးၿပီး ထုတ္လုပ္ေလ့ရွိပါတယ္။

 

သစ္ခ်သီး
သစ္ၾကားသီးအခြံေတြထဲကို ကြန္ကရစ္နဲ႔စကၠဴေတြနဲ႔ေရာထည့္ၿပီး အခြံကို ေကာ္နဲ႔ကပ္ပိတ္ကာ ေဈးကြက္မွာတင္ေရာင္းခဲ့ဖူးတဲ့ မွတ္တမ္းေတြရွိပါတယ္။

 

ဆန္
အာလူးနဲ႔ ပလတ္စတစ္ေတြကိုေရာၿပီး ေဈးကြက္မွာတင္ေရာင္းေလ့ရွိပါတယ္။ သာမန္ထရုတ္ထမင္းစားတဲ့ ပန္းကန္လံုးေလးနဲ႔ သံုးလံုးကုန္ေအာင္ စားမယ္ဆိုရင္ ပလတ္စတစ္အိတ္ တစ္အိတ္ကို စားမိတာနဲ႔ တူေသာအက်ိဳးျဖစ္ေစပါတယ္။ မခ်က္ခင္ေတာ့ အတုအစစ္ခြဲရမွာ ခက္ေပမယ့္ ခ်က္ၿပီးတဲ့အခါ သာမန္ထက္ပိုၿပီး သိသိသာသာ မာေနဦးမယ္ဆိုရင္ေတာ့ သင့္ဆန္ဟာ အတုုျဖစ္ဖို႔ ရာခိုင္နႈန္းမ်ားေနပါၿပီ။

ထမင္းဝါးလိုက္တဲ့အခါ မာေနလို႔ ၾကည့္လိုက္ေတာ့ ဆန္ဟာအတုျဖစ္ေနပါတယ္တဲ့။ ဆန္အတုဆိုေပမယ့္ ဒီဆန္ကေတာ့ စကၠဴေလးေတြကို လိပ္ၿပီး ျပဳလုပ္ထားတာပါ။

 

အသားေပါက္စီ
အသားေပါက္စီထဲမွာပါတဲ့ အသားေတြဟာ အညိဳေရာင္ကတ္ထူ စကၠဴေတြကို ဓာတုေဆးေတြနဲ႔ ေပ်ာ့ေအာင္လုပ္၊ ႏုတ္ႏုတ္စင္းကာ ဝက္အဆီေတြနဲ႔ေရာျပြန္းၿပီး ေပါက္စီထဲအစာသြတ္ထားတတ္ပါတယ္။

ေဈးကအသားေတြရဲ႕ အမ်ားစုဟာ ၾကြက္သားေတြျဖစ္ၾကက္သာ၊ ဘဲသား အထူးသျဖင့္ အမဲသားတို႔အစား ၾကြက္သားေတြကို အသံုးျပဳၿပီး ေရာင္းေလ့ရွိပါတယ္။ အေလးခ်ိန္ပိုစီးေနေအာင္ကိုလည္း ဓာတုေဆးေတြနဲ႔ ထုိးထားေလ့ရွိပါတယ္။

 

ၾကက္ဥ
အေစးရည္၊ ေကာ္ျဖဴမႈန္႔၊ ခဲနဲ႔ အေရာင္ဆိုးေဆးေတြကို အသံုးျပဳၿပီး ၾကက္ဥ အကာကိုျပဳလုပ္ပါတယ္။ ဒါ့အျပင္ ဆိုဒီယမ္ အယ္လ္ဂ်ီနိတ္၊ အညိဳေရာင္ရွိတဲ့ ေရညွိ၊ အၾကြင္းအက်န္ေတြကိုေတာ့ ျပစ္ေအာင္လုပ္ဖို႔အတြက္ သံုးပါတယ္။ ၾကက္ဥအႏွစ္ကိုလည္း မတူညီတဲ့အေစးရည္နဲ႔ အေရာင္တင္မႈန္႔ကို အသံုးျပဳၿပီး ျပဳလုပ္တာျဖစ္ပါတယ္။ ၾကက္ဥအခြံုကိုေတာ့ ဖေယာင္း၊ ဂ်စ္ပ္ဆင္ေပါင္ဒါမႈန္႔နဲ႔ ကယ္လဆီယမ္ ကာဗြန္နိတ္တို႔ကို ေရာကာ ပံုစံသြင္းထားၾကပါတယ္။


Source : Youtube

 

Read times Last modified on Tuesday, 11 February 2020 13:25
Rate this item
(1 Vote)