Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အစာနဲ့ဘယ်လိုရောဂါကို ကုသနိုင်သလဲ

Unicode

အစာနဲ့ဘယ်လိုရောဂါကို ကုသနိုင်သလဲ


နှလုံးရောဂါအတွက်ဆို ဒါတွေမမေ့ပါနဲ့။  နှလုံး ရောဂါ အတွက် ငါးကြော်စားမယ်ဆို ခရမ်းချဉ်သီး၊ မန်ကျည်းမှည့်တို့နှင့် ပြန်ချက်စားပါ။ ပြန်မချက်နိုင်ခဲ့ရင် ချဉ်ရည်ဟင်းနဲ့ တွဲဖက်စား (ငါးကြော်ကို ချဉ်ရည်ဟင်းလောင်း ဓာတ်ပြောင်းပါ)။

 

ကြေခဲ၊ ကျက်ခဲတဲ့အစာ ကောက်ညှင်း အစာတွေကို ချင့်ချိန်ပြီးစားပါ။

 

သတိထားရမှာက ကောက်ညှင်းစားပြီး ရေနွေးသောက်က ဝမ်းချုပ်စေတဲ့အတွက် ဝမ်းမချုပ်စေချင်လျင် ရေအေးသောက်ကာကွယ်ပါ။

 

နှလုံးရောဂါ မဖြစ်အောင် အဆီ၊ အဆိမ့်၊ အစေး အစာတွေရှောင်ရပါမယ်။ မနက်စာ အုန်းနို့ခေါက်ဆွဲနဲ့ နေ့လည်စာ ဒန်ပေါက်၊ ညနေစာ ငါးသလောက်ပေါင်းတို့ကို တစ်ရက်တည်း စားသုံးတာမျိုး ကိုရှောင်သင့်ပါတယ်။

 


မိုးလင်းရင်တော့ အီကြာကွေး၊ စမူဆာ။  နေ့လည် ငါးကြော်နဲ့ ထမင်း။ ညစာ ကိုရီးယားအကင်၊ ကြက်ဥကြော် အကြော်စုံတို့နဲ့ စားတာမျိုးကို ရှောင်ရပါမယ်။

 

Read More >>>>>    သေဘၤာသီးကို ေဆးဖက္၀င္ေအာင္ ဘယ္လို စားမလဲ


ဘာစားစား စားသင့်တာထက် ပိုမစားပါနဲ့။ စားရမည့် ဓာတ်စာများ ချဉ်ချို အရသာ ၃ ရက်၊ အေးခါး အရသာ ၃ ရက်၊ ချိုအေး ငန်အေး အရသာ ၆ ရက် စားပါ။

 

ဥပမာ မန်ကျည်းဖျော်ရည် ထန်းလျက်ဖြင့်ဖျော် ၃ ရက်၊ ထန်းလျက် ကော်ဖီ ၃ ရက်၊ ကန်စွန်းရိုးနီပြုတ်ရည် ၆ ရက် သောက်ပါ။

 


credit: မြန်မာ့တိုင်းရင်းဆေးဆရာကြီး ( ဩ / သု ) ဦးရန်အောင် ဆေးမြီးတို ဆေးနည်း

 

 

 

အစာနဲ႕ဘယ္လိုေရာဂါကို ကုသႏိုင္သလဲ

 

ႏွလံုးေရာဂါအတြက္ဆို ဒါေတြမေမ့ပါနဲ႕။  ႏွလုံး ေရာဂါ အတြက္ ငါးေၾကာ္စားမယ္ဆို ခရမ္းခ်ဥ္သီး၊ မန္က်ည္းမွည့္တို႕ႏွင့္ ျပန္ခ်က္စားပါ။ ျပန္မခ်က္နိုင္ခဲ့ရင္ ခ်ဥ္ရည္ဟင္းနဲ႔ တြဲဖက္စား (ငါးေၾကာ္ကို ခ်ဥ္ရည္ဟင္းေလာင္း ဓာတ္ေျပာင္းပါ)။

 

ေၾကခဲ၊ က်က္ခဲတဲ့အစာ ေကာက္ညႇင္း အစာေတြကို ခ်င့္ခ်ိန္ၿပီးစားပါ။

 

 

သတိထားရမွာက ေကာက္ညႇင္းစားၿပီး ေရေႏြးေသာက္က ဝမ္းခ်ဳပ္ေစတဲ့အတြက္ ဝမ္းမခ်ဳပ္ေစခ်င္လ်င္ ေရေအးေသာက္ကာကြယ္ပါ။

 

 

ႏွလုံးေရာဂါ မျဖစ္ေအာင္ အဆီ၊ အဆိမ့္၊ အေစး အစာေတြေရွာင္ရပါမယ္။ မနက္စာ အုန္းနို့ေခါက္ဆြဲနဲ႕ ေန႔လည္စာ ဒန္ေပါက္၊ ညေနစာ ငါးသေလာက္ေပါင္းတို႕ကို တစ္ရက္တည္း စားသုံးတာမ်ိဳး ကိုေရွာင္သင့္ပါတယ္။

 


မိုးလင္းရင္ေတာ့ အီၾကာေကြး၊ စမူဆာ။  ေန႔လည္ ငါးေၾကာ္နဲ႔ ထမင္း။ ညစာ ကိုရီးယားအကင္၊ ၾကက္ဥေၾကာ္ အေၾကာ္စုံတို႕နဲ႔ စားတာမ်ိဳးကို ေရွာင္ရပါမယ္။

 

Read More >>>>>    သေဘၤာသီးကို ေဆးဖက္၀င္ေအာင္ ဘယ္လို စားမလဲ

 


ဘာစားစား စားသင့္တာထက္ ပိုမစားပါနဲ႔။ စားရမည့္ ဓာတ္စာမ်ား ခ်ဥ္ခ်ိဳ အရသာ ၃ ရက္၊ ေအးခါး အရသာ ၃ ရက္၊ ခ်ိဳေအး ငန္ေအး အရသာ ၆ ရက္ စားပါ။

 

 

ဥပမာ မန္က်ည္းေဖ်ာ္ရည္ ထန္းလ်က္ျဖင့္ေဖ်ာ္ ၃ ရက္၊ ထန္းလ်က္ ေကာ္ဖီ ၃ ရက္၊ ကန္စြန္းရိုးနီျပဳတ္ရည္ ၆ ရက္ ေသာက္ပါ။

 


credit: ျမန္မာ့တိုင္းရင္းေဆးဆရာႀကီး ( ဩ / သု ) ဦးရန္ေအာင္ ေဆးၿမီးတို ေဆးနည္း

Read times Last modified on Tuesday, 04 February 2020 13:09
Rate this item
(10 votes)