Food & Health
×
Warning
JUser: :_load: Unable to load user with ID: 540
သင်္ဘောသီးကို ဆေးဖက်ဝင်အောင် ဘယ်လို စားမလဲ
Unicode
သင်္ဘောသီးကို ဆေးဖက်ဝင်အောင် ဘယ်လို စားမလဲ
သင်္ဘောသီးဟာ ရာသီမရွေးရနိုင်တဲ့ အသီးဖြစ်ပြီး လူအများ ကြိုက်နှစ်သက်တဲ့ အသီးဖြစ်ပါတယ်။ အသီးအနှံတွေကို ဆေးဝါးဖြစ်အောင် စားသုံးရာမှာ ဘယ်လိုမျိုး စားသုံးရမလဲဆိုတာ မျှဝေလိုက်ပါတယ်။
သင်္ဘောသီးဟာ အစာကို ကြေလွယ်အောင် ကူညီပေးနိုင်ပါတယ်။ အင်ဆီအောက်ဆီးဒင့်ပါဝင်ပြီး ဗီ်တာမင် စီ၊ ဗီ်တာမင်အီး၊ နှင့် Beta-Carotene ပါဝင်ပါတယ်။
သင်္ဘောသီးထဲမှာပါဝင်တဲ့ Folate ၊ ဗီတာမင်စီ ၊ ဗီတာမင်အီး၊ Beta-Carotene တို့ဟာ အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ မအီမသာဖြစ်ခြင်း၊ ပျို့ချင်၊ အန်ချင်ခြင်း မူးမော်တတ်သူများအတွက်လည်း သင်္ဘောသီး ကိုစားသုံးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။ အိမ်ထောင်သည် များအတွက်လည်း အထူးကောင်းမွန်ပါတယ်။
နံနက် ၈ နာရီ စားသုံးလျှင် – အစာအိမ်နှင့် အူလမ်းကြောင်း အတွက် ကောင်းမွန် ပါတယ်။
Read More >>>>>  ဖရဲသီးကောင်းကောင်းလေးရဖို့ ဘယ်လိုရွေးဝယ်ကြမလဲ
နံနက် ၉ နာရီ စားသုံးလျှင် – သွေးအဆိပ်ဖြစ်ခြင်းကို ကောင်းမွန်သည်။ သွေးသားကို သန့်စင် စေပါတယ်။
နံနက် ၁၀ နာရီ စားသုံးလျှင် – အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာ စေပါတယ်။
နံနက် ၁၁ နာရီ စားသုံးလျှင် – အာသီးနာခြင်း၊ အာခြောက်ခြင်းတို့ကို ကောင်းမွန်စေပါတယ်။
မွန်းလွဲ ၁ နာရီ စားသုံးလျှင် – နွယ်ချိုမှုန့်နှင့် တို့၍စားလျှင် အစာကြေစေပါတယ်။
မွန်းလွဲ ၂ နာရီ စားသုံးလျှင် – ပါးစပ်ပုပ်၍ ပါးစပ်နံခြင်းကို ကောင်းမွန်စေပါတယ်။
မွန်းလွဲ ၃ နာရီ စားသုံးလျှင် – အူမကြီးပူ၍ ဝမ်းမကောင်းလျှင် စားသုံးနိုင်ပါတယ်။
ညနေ ၄ နာရီ စားသုံးလျှင် – ပျားရည်နှင့်တို့စားပါက သွေးတိုးခြင်းကို သက်သာစေပါတယ်။ (ကလေးမစားရ)
Source:Myfoodmyanmar
Read More >>>>>  ဖရဲသီးကောင်းကောင်းလေးရဖို့ ဘယ်လိုရွေးဝယ်ကြမလဲ
Source:Myfoodmyanmar
Read times Last modified on Tuesday, 04 February 2020 13:38
Rate this item
(0 votes)