Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အင်းဆက် ၁၆ မျိုး စားသောက်ကုန်အဖြစ် တင်သွင်းရန် စင်ကာပူ စီစဉ်

အင်းဆက် ၁၆ မျိုး စားသောက်ကုန်အဖြစ် တင်သွင်းရန် စင်ကာပူ စီစဉ်

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

 

စင်ကာပူနိုင်ငံသားများသည် မကြာမီ အင်းဆက်များနှင့် အင်းဆက်အစားအစာ စားသောက်ကုန်များကို ပြည်တွင်း၌ စားသုံးနိုင်တော့မည်ဖြစ်သည်။

စင်ကာပူ စားသောက်ကုန် အေဂျင်စီ  Singapore Food Agency (SFA) သည် လူအများ စားသုံးရန် အင်းဆက်ပိုးမွှားများနှင့် အင်းဆက်ထုတ်ကုန်များအတွက် ပြဋ္ဌာန်းရမည့် စည်းမျဉ်းစည်းကမ်များကို  ပြန်လည်သုံးသပ်မှု မကြာသေးမီက အပြီးသတ်ခဲ့သည်။

လက်ရှိတွင် စင်ကာပူမှာ  လူအများ စားသုံးရန် အစားအစာအဖြစ် တင်သွင်းခြင်းနှင့် ရောင်းချခြင်းကို တားမြစ်ထားသည့် အင်းဆက်များကို လေ့လာသုံးသပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အင်းဆက်များကို လူအများ စားသုံးရန် ခွင့်ပြုပေးမည်ဖြစ်ပြီး ပြည်ပမှ တင်သွင်းခြင်း၊ ပြည်တွင်းမှာ ရောင်းချခြင်း၊ မွေးမြူခြင်း၊ စားသောက်ကုန်အဖြစ် ပြုပြင်မွမ်းမံ ထုတ်လုပ်ခြင်း တို့ကို ခွင့်ပြုပေးမည် ဖြစ်သည်။ 

 

SFA မှ ခွင့်ပြုပေးမည့် အိမ်ပုရစ်၊ နှံကောင်၊ ပိုးကောင်၊ ပိုးကောင်၊ ဥရောပပျားရည်ပျားနှင့် ကြံ့ပိုး‌တောင့်မာကြီးတို့ အပါအဝင် အင်းစက် ၁၆ မျိုးစာရင်း အပြည့်အစုံကို ဖော်ပြအပ်ပါသည်။

-insects-human_56789.jpg

 

 

ယခုလို ခွင့်ပြုပေးသည့်အတွက် စားသုံးသူများသည် စနစ်တကျ စီမံထုတ်လုပ်ထားသော အင်းဆက်များနှင့် အင်းဆက်စားသောက်ကုန်များကို ဘေးဥပဒ်ကင်းကင်းဖြင့် စားသုံးနိုင်ကြမည်ဟု SFA က ပြောကြားသည်။

ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ထိုင်းနှင့် ဥရောပသမဂ္ဂတို့မှ အင်းဆက် စားသုံးမှုများကို SFA က လေ့လာစူးစမ်းခဲ့သည်ဟု ဆိုသည်။ 

 

စင်ကာပူ အင်းဆက်စားသောက်ကုန် လုပ်ငန်းကဏ္ဍတွင် ပါဝင်လုပ်ကိုင်ရန် စိတ်ဝင်စားသည့် ကုမ္ပဏီ ၁၀ ခုကျော် စာရင်းပေးထားကြောင်း SFA က ပြောကြားပါသည်။ 

 

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)က စားသုံးနိုင်သော အင်းဆက်များတွင် လူသားများအတွက် အရည်အသွေးမြင့် ပရိုတင်း၊ ဗီတာမင်နှင့် အမိုင်နိုအက်ဆစ်များ ပါဝင်ကြောင်း တင်ပြခဲ့ဖူးပါသည်။ 

Source mothership

Read times
Rate this item
(0 votes)