Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ရေသောက်ခြင်း၏ အကျိုးကျေးဇူးများ

Unicode >>>>>

 

ရေသောက်ခြင်း၏ အကျိုးကျေးဇူးများ


ရေက သက်ရှိလူသားတိုင်းအတွက်သာမက သက်ရှိအပင်၊ တိရိစ္ဆာန်တွေအတွက်ပါ အရေးကြီးပါတယ်။ တစ်နေ့ကို ရေ (၈) ခွက်ကနေ (၁၀) ခွက်အထိသောက်ပေးရမယ်ဆိုတာ လူတိုင်း သိကြပါလိမ့်မယ်။ တစ်နေ့ကို ရေများများသောက်ပေးခြင်းကြောင့် ဘယ်လို ကောင်းကျိုးတွေ ရရှိနိုင်သလဲဆိုတာကိုအောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ရေများများသောက်ပေးခြင်းအားဖြင့်   -----


Ice Factories ရေခဲသိုလှောင်ခန်းများ (၇၇) ခုကိုရှာရန်နှိပ်ပါ။


ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း

ရေများများသောက်ပေးခြင်းဖြင့် ဦးနှောက်ဆဲလ်လေးတွေက လန်းဆန်းနေမှာဖြစ်ပြီး အောက်ဆီဂျင်သွေးလှည့်ပတ်မှုအားကောင်းလာမှာဖြစ်တယ်။ ရေပမာဏနည်းနည်းပဲ သောက်သုံးမယ်ဆိုရင်တော့ ဦးနှောက်ရဲ့အလုပ်လုပ်နိုင်စွမ်းကို (၂၀) ရာခိုင်နှုန်း ကနေ (၃၀) ရာခိုင်နှုန်းအထိ လျော့ကျသွားမှာဖြစ်ပါတယ်။ ရေများများသောက်သုံးပေးမှ ဦးနှောက်က အမြဲတမ်းလန်းဆန်းနေပြီး နိုးနိုးကြားကြားရှိနေမှာပါ။


ကြွက်သားတွေကို သန်မာစေခြင်း
ကြွက်သားတွေဆီသို့ လိုအပ်တဲ့အောက်ဆီဂျင်ကို ရေကသယ်ယူပို့ဆောင်ပေးပါတယ်။ ပူနွေးတဲ့ရာသီဥတုမှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်(၁၅) မိနစ်ခြားတစ်ခါ ရေသောက်ပေးရပါမယ်။ ပြီးတော့ တစ်နေ့တာလုံးမှာ ကြွက်သွားဆဲလ်လေးတွေ မမောမပန်းဘဲနဲ့ အချိန်ကြာမြင့်စွာ အလုပ်လုပ်နိုင်ဖို့ဆိုရင် ရေများများသောက်ပေးရပါမယ်။


ခန္ဓာကိုယ် အေးမြစေခြင်း
ရေသောက်ခြင်းက သင့်ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။ ပူအိုက်တဲ့ရာသီဥတု၊ ဒါမှမဟုတ် အားကစားလုပ်ပြီးတဲ့အချိန်မျိုးမှာ သာမန်ခန္ဓာကိုယ်အပူချိန်ရရှိအောင် ချွေးထွက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။ ချွေးထွက်ခြင်းဖြင့် ခန္ဓာကိုယ်ကို အေးမြနေစေပြီး၊ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပြီး လန်းဆန်းနေဖို့အတွက် ရေများများသောက်ပေးဖို့လိုအပ်ပါတယ်။


အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် ကောင်းခြင်း
ရေလုံလောက်စွာ မသောက်ခြင်းကြောင့် အစာချေစနစ်ကိုနှေးကွေးစေပြီး ဝမ်းချုပ်ခြင်းနဲ့ အခြားသောကျန်းမာရေးပြဿနာများ တွေ့ကြုံခံစားရနိုင်ပါတယ်။


Read More >>>>>  ဆန်တင်ပို့မှုများကို ထိန်းချုပ်နိုင်ရန် စာရင်းများ ကောက်ယူ


မျက်လုံးနဲ့ ပါးစပ်ကို ကာကွယ်ပေးခြင်း
ရေဓာတ်က သင့်မျက်လုံးနဲ့ ပါးစပ်ကို အမြဲတမ်းစိုစွတ်နေစေပြီး ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို မျက်လုံးကနေအဝေးဆုံးရောက်အောင် မောင်းထုတ်ပေးပါတယ်။ ဒါ့ကြောင့် ရေများများသောက်သုံးပေးသင့်ပါတယ်။


ခန္ဓာကိုယ်အဆစ်လေးတွေအတွက် အထောက်အကူပြုခြင်း
ရေသောက်ခြင်းက ခန္ဓာကိုယ်အရိုးကြောဆစ်လေးတွေကို ဆီသုတ်လိမ်းပေးသလိုပါပဲ။ အဆစ်လေးတွေကွေးရဆန့်ရတာ လွယ်ကူအောင်ပြုလုပ်ပေးပါတယ်။


#MFID

 

 

Home Page Food

 

Zawgyi >>>>>

 

ေရေသာက္ျခင္း၏ အက်ိဳးေက်းဇူးမ်ား

 

ေရက သက္႐ွိလူသားတိုင္းအတြက္သာမက သက္႐ွိအပင္၊ တိရိစာၧန္ေတြအတြက္ပါ အေရးႀကီးပါတယ္။ တစ္ေန႔ကို ေရ (၈) ခြက္ကေန (၁၀) ခြက္အထိေသာက္ေပးရမယ္ဆိုတာ လူတိုင္း သိၾကပါလိမ့္မယ္။ တစ္ေန႔ကို ေရမ်ားမ်ားေသာက္ေပးျခင္းေၾကာင့္ ဘယ္လို ေကာင္းက်ိဳးေတြ ရ႐ွိႏိုင္သလဲဆိုတာကိုေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

ေရမ်ားမ်ားေသာက္ေပးျခင္းအားျဖင့္   -----

 

Ice Factories ေရခဲသိုုေလွာင္ခန္းမ်ား (၇၇) ခုကိုရွာရန္ႏွိပ္ပါ။

 

ဦးေႏွာက္စြမ္းေဆာင္ရည္ကို ျမွင့္တင္ေပးျခင္း

ေရမ်ားမ်ားေသာက္ေပးျခင္းျဖင့္ ဦးေႏွာက္ဆဲလ္ေလးေတြက လန္းဆန္းေနမွာျဖစ္ၿပီး ေအာက္ဆီဂ်င္ေသြးလွည့္ပတ္မႈအားေကာင္းလာမွာျဖစ္တယ္။ ေရပမာဏနည္းနည္းပဲ ေသာက္သံုးမယ္ဆိုရင္ေတာ့ ဦးေႏွာက္ရဲ႕အလုပ္လုပ္ႏိုင္စြမ္းကို (၂၀) ရာခိုင္ႏႈန္း ကေန (၃၀) ရာခိုင္ႏႈန္းအထိ ေလ်ာ့က်သြားမွာျဖစ္ပါတယ္။ ေရမ်ားမ်ားေသာက္သံုးေပးမွ ဦးေႏွာက္က အၿမဲတမ္းလန္းဆန္းေနၿပီး ႏိုးႏိုးၾကားၾကား႐ွိေနမွာပါ။

 

ၾကြက္သားေတြကို သန္မာေစျခင္း
ၾကြက္သားေတြဆီသို႔ လိုအပ္တဲ့ေအာက္ဆီဂ်င္ကို ေရကသယ္ယူပို႔ေဆာင္ေပးပါတယ္။ ပူေႏြးတဲ့ရာသီဥတုမွာ ေလ့က်င့္ခန္းလုပ္မယ္ဆိုရင္(၁၅) မိနစ္ျခားတစ္ခါ ေရေသာက္ေပးရပါမယ္။ ၿပီးေတာ့ တစ္ေန႔တာလံုးမွာ ၾကြက္သြားဆဲလ္ေလးေတြ မေမာမပန္းဘဲနဲ႔ အခ်ိန္ၾကာျမင့္စြာ အလုပ္လုပ္ႏိုင္ဖို႔ဆိုရင္ ေရမ်ားမ်ားေသာက္ေပးရပါမယ္။

 

ခႏၶာကိုယ္ ေအးျမေစျခင္း
ေရေသာက္ျခင္းက သင့္ခႏၶာကိုယ္အပူခ်ိန္ကို ထိန္းညွိေပးပါတယ္။ ပူအိုက္တဲ့ရာသီဥတု၊ ဒါမွမဟုတ္ အားကစားလုပ္ၿပီးတဲ့အခ်ိန္မ်ိဳးမွာ သာမန္ခႏၶာကိုယ္အပူခ်ိန္ရ႐ွိေအာင္ ေခြ်းထြက္ေပးျခင္းျဖင့္ ခႏၶာကိုယ္အပူခ်ိန္ကို ထိန္းညွိေပးပါတယ္။ ေခြ်းထြက္ျခင္းျဖင့္ ခႏၶာကိုယ္ကို ေအးျမေနေစၿပီး၊ ကုန္ဆံုးသြားတဲ့ ေရဓာတ္ကိုျပန္လည္ျဖည့္တင္းၿပီး လန္းဆန္းေနဖို႔အတြက္ ေရမ်ားမ်ားေသာက္ေပးဖို႔လိုအပ္ပါတယ္။


အစာအိမ္နဲ႔ အူလမ္းေၾကာင္းအတြက္ ေကာင္းျခင္း
ေရလံုေလာက္စြာ မေသာက္ျခင္းေၾကာင့္ အစာေခ်စနစ္ကိုေႏွးေကြးေစၿပီး ဝမ္းခ်ဳပ္ျခင္းနဲ႔ အျခားေသာက်န္းမာေရးျပႆနာမ်ား ေတြ႔ၾကံဳခံစားရႏိုင္ပါတယ္။

 

Read More >>>>>  ဆန္တင္ပုိ့မႈမ်ားကုိ ထိန္းခ်ဳပ္ႏုိင္ရန္ စာရင္းမ်ား ေကာက္ယူ

 

မ်က္လံုးနဲ႔ ပါးစပ္ကို ကာကြယ္ေပးျခင္း
ေရဓာတ္က သင့္မ်က္လံုးနဲ႔ ပါးစပ္ကို အၿမဲတမ္းစိုစြတ္ေနေစၿပီး ဖုန္မႈန္႔နဲ႔ အညစ္အေၾကးေတြကို မ်က္လံုးကေနအေဝးဆံုးေရာက္ေအာင္ ေမာင္းထုတ္ေပးပါတယ္။ ဒါ့ေၾကာင့္ ေရမ်ားမ်ားေသာက္သံုးေပးသင့္ပါတယ္။

 

ခႏၶာကိုယ္အဆစ္ေလးေတြအတြက္ အေထာက္အကူျပဳျခင္း
ေရေသာက္ျခင္းက ခႏၶာကိုယ္အ႐ိုးေၾကာဆစ္ေလးေတြကို ဆီသုတ္လိမ္းေပးသလိုပါပဲ။ အဆစ္ေလးေတြေကြးရဆန္႔ရတာ လြယ္ကူေအာင္ျပဳလုပ္ေပးပါတယ္။

 

#MFID

Read times Last modified on Monday, 16 March 2020 10:46
Rate this item
(0 votes)