Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အခြေခံ စားသောက်ကုန်များ ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်နိုင်ဖွယ်မရှိ

Unicode   >>>>>

 

အခြေခံ စားသောက်ကုန်များ ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်နိုင်ဖွယ်မရှိ


သင်္ကြန်ကာလတွင် ရန်ကုန်အခြေခံ စားသောက်ကုန် ဈေးကွက်အတွင်း ဈေးနှုန်း မြင့်တက်နိုင်ဖွယ် မရှိကြောင်း ရန်ကုန်မြို့ရှိ အခြေခံစားသောက်ကုန်များ လက်လီလက်ကား ရောင်းချတဲ့
ညောင်ပင်လေးဈေးမှ သိရပါတယ်။


Ice Cream & Ice Lolly ရေခဲမုန့်နှင့်ရေခဲချောင်းလုပ်ငန်းများ (၃၇၄) ခုကိုရှာရန်နှိပ်ပါ။


ယခင်နှစ်များက သင်္ကြန်ကာလတွင် အခြေခံ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်မှုရှိခဲ့သော်လည်း ယခုနှစ်တွင် မြင့်တက်နိုင်ဖွယ် မရှိပေ။ လက်ရှိကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်ကြောင့်  သင်္ကြန်ပွဲတော် ကျင်းပမယ့် မဏ္ဍပ်ကြီးများ ရပ်ဆိုင်းခဲ့ကာ    အလှူအတန်းများကလည်း  နည်းသွားသည့်အတွက်   ပုံမှန်ဈေးနှုန်းအတိုင်းသာ ရှိနေမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိတွင် ဈေးကွက်အတွင်းသို့ အခြေခံစားသောက်ကုန်များလည်း ပုံမှန်ဝင်ရောက်မှုရှိကြောင်း သိရပါတယ်။


လက်ရှိတွင် ကိုရိုနာဗိုင်းရပ် အခြေအနေကြောင့် ပွဲတော်များ ကျင်းပမှုနည်းသွားပြီး ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များ  ပုံမှန်ဝင်ရောက်နေသော်လည်း ဈေးနှုန်းမြင့်တက်သွားခြင်း မရှိကြောင်း၊ ဘုရင့်နောင် ကုန်စည်ဒိုင်တွင်လည်း ပုံမှန်အတိုင်းသာ အရောင်းအဝယ် ရှိနေကြောင်း သိရပါတယ်။


Read More >>>>>     ဆန်တင်ပို့မှုများကို ထိန်းချုပ်နိုင်ရန် စာရင်းများ ကောက်ယူ


ညောင်ပင်လေးဈေးနှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့သို့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများနှင့် အလယ်ပိုင်းဒေသများမှ အခြေခံစားသောက်ကုန်များ ဝင်ရောက်မှုက ယခင်နှစ်များထက် လျော့နည်းမှုမရှိသော်လည်း ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ ယခင်နှစ်များက သင်္ကြန်ကာလနီးပါကအခြေခံစားသောက်ကုန်များ အရောင်းအဝယ် ပိုဖြစ်လေ့ရှိကြောင်း သိရပါတယ်။


#MFID

 

 

Home Page Food

 

Zawgyi >>>>>


အေျခခံ စားေသာက္ကုန္မ်ား ေစ်းကြက္အတြင္း ေစ်းႏႈန္းျမင့္တက္ႏိုင္ဖြယ္မရွိ

 

သႀကၤန္ကာလတြင္ ရန္ကုန္အေျခခံ စားေသာက္ကုန္ ေစ်းကြက္အတြင္း ေစ်းႏႈန္း ျမင့္တက္ႏိုင္ဖြယ္ မရွိေၾကာင္း ရန္ကုန္ၿမိဳ႕ရွိ အေျခခံစားေသာက္ကုန္မ်ား လက္လီလက္ကား ေရာင္းခ်တဲ့
ေညာင္ပင္ေလးေစ်းမွ သိရပါတယ္။

 

Ice Cream & Ice Lolly ေရခဲမုန္႔ႏွင့္ေရခဲေခ်ာင္းလုပ္ငန္းမ်ား (၃၇၄) ခုကိုရွာရန္ႏွိပ္ပါ။

 

ယခင္ႏွစ္မ်ားက သႀကၤန္ကာလတြင္ အေျခခံ စားေသာက္ကုန္ေစ်းႏႈန္းမ်ား ျမင့္တက္မႈရွိခဲ့ေသာ္လည္း ယခုႏွစ္တြင္ ျမင့္တက္ႏိုင္ဖြယ္ မရွိေပ။ လက္ရွိကမၻာ့ႏိုင္ငံမ်ားတြင္ ျဖစ္ပြားေနေသာ ကို႐ိုနာဗိုင္းရပ္ေၾကာင့္  သႀကၤန္ပြဲေတာ္ က်င္းပမယ့္ မ႑ပ္ႀကီးမ်ား ရပ္ဆိုင္းခဲ့ကာ    အလွဴအတန္းမ်ားကလည္း  နည္းသြားသည့္အတြက္   ပုံမွန္ေစ်းႏႈန္းအတိုင္းသာ ရွိေနမည္ျဖစ္ေၾကာင္း သိရပါတယ္။ လက္ရွိတြင္ ေစ်းကြက္အတြင္းသို႔ အေျခခံစားေသာက္ကုန္မ်ားလည္း ပုံမွန္ဝင္ေရာက္မႈရွိေၾကာင္း သိရပါတယ္။

 

လက္ရွိတြင္ ကို႐ိုနာဗိုင္းရပ္ အေျခအေနေၾကာင့္ ပြဲေတာ္မ်ား က်င္းပမႈနည္းသြားၿပီး ေစ်းကြက္အတြင္း အေျခခံစားေသာက္ကုန္မ်ား  ပုံမွန္ဝင္ေရာက္ေနေသာ္လည္း ေစ်းႏႈန္းျမင့္တက္သြားျခင္း မရွိေၾကာင္း၊ ဘုရင့္ေနာင္ ကုန္စည္ဒိုင္တြင္လည္း ပုံမွန္အတိုင္းသာ အေရာင္းအဝယ္ ရွိေနေၾကာင္း သိရပါတယ္။

 

Read More >>>>>     ဆန္တင္ပုိ့မႈမ်ားကုိ ထိန္းခ်ဳပ္ႏုိင္ရန္ စာရင္းမ်ား ေကာက္ယူ

 

ေညာင္ပင္ေလးေစ်းႏွင့္ ဘုရင့္ေနာင္ကုန္စည္ဒိုင္တို႔သို႔ ျမန္မာႏိုင္ငံ ေအာက္ပိုင္းေဒသမ်ားႏွင့္ အလယ္ပိုင္းေဒသမ်ားမွ အေျခခံစားေသာက္ကုန္မ်ား ဝင္ေရာက္မႈက ယခင္ႏွစ္မ်ားထက္ ေလ်ာ့နည္းမႈမရွိေသာ္လည္း ေစ်းႏႈန္းေျပာင္းလဲမႈမရွိေၾကာင္း၊ ယခင္ႏွစ္မ်ားက သႀကၤန္ကာလနီးပါကအေျခခံစားေသာက္ကုန္မ်ား အေရာင္းအဝယ္ ပိုျဖစ္ေလ့ရွိေၾကာင္း သိရပါတယ္။

 

#MFID

Read times Last modified on Tuesday, 17 March 2020 14:40
Rate this item
(1 Vote)