Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


တမာရွက်၏ အကျိုးကျေးဇူးများ

Unicode >>>>>

တမာရွက်၏ အကျိုးကျေးဇူးများ

တမာရွက်ဟာ အခါးအာနိသင်ရှိတဲ့ ဆေးဖက်ဝင်အရွက်တစ်မျိုးပါ။ အရသာကခါးသက်သက်ရှိပေမဲ့ မြန်မာလူမျိုးအချို့ကတော့ အရည်သောက်ဟင်းအဖြစ် စားသုံးတတ်ကြပါတယ်။

 

သူဟာ ကျန်းမာရေးအတွက်အလွန်အထောက်အကူပြုတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး အိန္ဒိယနိုင်ငံမှာတော့ ဆေးကောင်းတစ်ခုအဖြစ် အဓိကထား အသုံးပြုကြပါတယ်။ ဒါကြောင့် ဆေးဖက်ဝင်တမာရွက်ရဲ့ အရေပြားအပေါ် ဘယ်လိုအထောက်အကူပေးလဲဆိုတာတွေကို မျှဝေလိုက်ပါတယ်။


Baking Powders မုန့်ဖုတ်ဆော်ဒါလုပ်ငန်းများ (၂၅) ခုကိုရှာရန်နှိပ်ပါ။


အရေးအကြောင်းတွေကို ကာကွယ်ပေးခြင်း

တမာရွက်မှာ ပါဝင်တဲ့ ဗီတာမင်စီနဲ့ Antioxidant ဓာတ်တို့ဟာ အရေးအကြောင်းတွေကို လျော့ကျစေပြီး အသားအရေကို တင်းရင်းစေတဲ့ Collagen ဓာတ်ထုတ်လွှတ်မှုကို မြင့်တက်စေတာကြောင့် အရေးအကြောင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။


အသားအရေကို စိုပြည်ကြည်လင်စေခြင်း

တမာရွက်မှာ ပါဝင်တဲ့ ဗီတာမင်အီးနဲ့ Fatty Acid တို့ဟာ အသားအရေကို ရေဓာတ် ဖြည့်တင်းပေးပြီး စိုပြည် ကြည်လင်စေနိုင်ပါတယ်။


အရေပြား ယားယံခြင်းကို သက်သာစေခြင်း

တမာရွက်မှာ ပါဝင်တဲ့ Nibidin နဲ့ Nimbin ဓာတ်တို့ဟာ အရေပြား နီမြန်းယားယံခြင်းကို သက်သာစေနိုင်ပြီး အရေပြားယားယံခြင်းကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။

 


ဝက်ခြံတွေကို ပျောက်ကင်းစေခြင်း

တမာရွက်ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ Antibacterial အစွမ်းရှိတာကြောင့် ဝက်ခြံတွေပေါ် တမာရွက် သတ္တုရည်ကို လိမ်းကျံပေးပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ရေနဲ့ ပြန်လည် ဆေးကြောပေးခြင်းအားဖြင့် ဝက်ခြံတွေကို သက်သာ ပျောက်ကင်းစေနိုင်ပြီး ထပ်မဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။


Read More >>>>>   အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ အီကြာကွေးအဆာသွတ်အကြွပ်ကြော်


မျက်ကွင်းညိုခြင်းကို သက်သာစေခြင်း

တမာရွက်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ မျက်ကွင်းညိုခြင်းကို သက်သာစေနိုင်တဲ့အပြင် မျက်လုံးအောက်က အရေးအကြောင်းတွေနဲ့ မျက်အိတ်ဖောင်းခြင်းကိုပါ သက်သာစေနိုင်ပါတယ်။

#MFID

Home Page Food

 

COVID 19

 

 

Zawgyi  >>>>>

 

တမာရြက္၏ အက်ဳိးေက်းဇူးမ်ား

တမာရြက္ဟာ အခါးအာနိသင္ရွိတဲ့ ေဆးဖက္ဝင္အရြက္တစ္မ်ိဳးပါ။ အရသာကခါးသက္သက္ရွိေပမဲ့ ျမန္မာလူမ်ိဳးအခ်ိဳ႕ကေတာ့ အရည္ေသာက္ဟင္းအျဖစ္ စားသုံးတတ္ၾကပါတယ္။

သူဟာ က်န္းမာေရးအတြက္အလြန္အေထာက္အကူျပဳတဲ့ ေဆးဖက္၀င္အပင္တစ္မ်ိဳးျဖစ္ၿပီး အိႏိၵယႏုိင္ငံမွာေတာ့ ေဆးေကာင္းတစ္ခုအျဖစ္ အဓိကထား အသုံးျပဳၾကပါတယ္။ ဒါေၾကာင့္ ေဆးဖက္ဝင္တမာရြက္ရဲ႕ အေရျပားအေပၚ ဘယ္လုိအေထာက္အကူေပးလဲဆိုတာေတြကုိ မွ်ေဝလိုက္ပါတယ္။

 

Baking Powders မုန္႔ဖုတ္ေဆာ္ဒါလုပ္ငန္းမ်ား (၂၅) ခုကိုရွာရန္ႏွိပ္ပါ။

 

အေရးအေၾကာင္းေတြကို ကာကြယ္ေပးျခင္း

တမာ႐ြက္မွာ ပါဝင္တဲ့ ဗီတာမင္စီနဲ႔ Antioxidant ဓာတ္တို႔ဟာ အေရးအေၾကာင္းေတြကို ေလ်ာ့က်ေစၿပီး အသားအေရကို တင္းရင္းေစတဲ့ Collagen ဓာတ္ထုတ္လႊတ္မႈကို ျမင့္တက္ေစတာေၾကာင့္ အေရးအေၾကာင္းေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

 

အသားအေရကို စိုျပည္ၾကည္လင္ေစျခင္း

တမာ႐ြက္မွာ ပါဝင္တဲ့ ဗီတာမင္အီးနဲ႔ Fatty Acid တို႔ဟာ အသားအေရကို ေရဓာတ္ ျဖည့္တင္းေပးၿပီး စိုျပည္ ၾကည္လင္ေစႏိုင္ပါတယ္။

 

အေရျပား ယားယံျခင္းကို သက္သာေစျခင္း

တမာ႐ြက္မွာ ပါဝင္တဲ့ Nibidin နဲ႔ Nimbin ဓာတ္တို႔ဟာ အေရျပား နီျမန္းယားယံျခင္းကို သက္သာေစႏိုင္ၿပီး အေရျပားယားယံျခင္းကို ျဖစ္ေပၚေစတဲ့ ဘက္တီးရီးယားေတြကို ေသေစႏိုင္ပါတယ္။

 

ဝက္ၿခံေတြကို ေပ်ာက္ကင္းေစျခင္း

တမာ႐ြက္ဟာ ဘက္တီးရီးယားေတြကို ေသေစႏိုင္တဲ့ Antibacterial အစြမ္းရွိတာေၾကာင့္ ဝက္ၿခံေတြေပၚ တမာ႐ြက္ သတၱဳရည္ကို လိမ္းက်ံေပးၿပီး မိနစ္အနည္းငယ္ၾကာတဲ့အခါ ေရနဲ႔ ျပန္လည္ ေဆးေၾကာေပးျခင္းအားျဖင့္ ဝက္ၿခံေတြကို သက္သာ ေပ်ာက္ကင္းေစႏိုင္ၿပီး ထပ္မျဖစ္ေအာင္လည္းကာကြယ္ေပးပါတယ္။

 

Read More >>>>>   အိမ္တြင္ လြယ္လင့္တကူ ျပဳလုပ္ႏိုင္တဲ့ အီၾကာေကြးအဆာသြတ္အၾကြပ္ေၾကာ္

 

မ်က္ကြင္းညိဳျခင္းကို သက္သာေစျခင္း

တမာ႐ြက္မွာ ပါဝင္တဲ့ အာဟာရဓာတ္ေတြဟာ မ်က္ကြင္းညိဳျခင္းကို သက္သာေစႏိုင္တဲ့အျပင္ မ်က္လုံးေအာက္က အေရးအေၾကာင္းေတြနဲ႔ မ်က္အိတ္ေဖာင္းျခင္းကိုပါ သက္သာေစႏိုင္ပါတယ္။

 


#MFID

Read times
Rate this item
(0 votes)